Scholarships & News

စင်္ကာပူနိုင်ငံမှာ စီးပွားရေး၊စီမံခန့်ခွဲမှု၊ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ ဘွဲ့ကြို၊ဘွဲ့လွန်ဒီပလိုမာတွေကို သင်ကြားပေးနေတဲ့ ကျောင်းများစွာရှိတဲ့အထဲကမှ အကောင်းဆုံးပုဂ္ဂလိကစီးပွားရေးဘာသာရပ်တွေကို သင်ကြားပေးနေတဲ့ Singapore Institute of Management (SIMGE) မှာ –

  • Business နှင့် ဆက်စပ်ဘာသာရပ်များ
  • Accounting and Financial Management,
  • Banking and Finance,
  • Management and Digital Innovation,
  • Tourism and Hospitality,
  • Economics နှင့် ဆက်စပ်ဘာသာရပ်များ
  • International Trade,
  • Supply Chain and Logistics Management,
  • Psychology နှင့် International Relations အပြင်
  • Computer Science, Network, Cyber Security ဘာသာရပ်တွေကိုပါ စိတ်ကြိုက်ရွေးချယ်တက်ရောက်နိုင်မှာဖြစ်ပါတယ်။

SIMGE မှာ ရွေးချယ်သင်ယူနိုင်တဲ့ တက္ကသိုလ်တွေကတော့ – ယူအက်စ်ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ University at Buffalo, The State University of New York,  ယူကေထိပ်တန်းတက္ကသိုလ်တွေဖြစ်တဲ့ University of Warwick, University of Birmingham, University of London နဲ့  သြစတြေးလျထိပ်တန်းတက္ကသိုလ်တွေဖြစ်တဲ့ RMIT Australia, University of Wollongong ရဲ့ ဘွဲ့ကြို၊ ဘွဲ့လွန်ပရိုဂရမ်တွေကို (၁ဝဝ%)ပညာသင်ဆုနဲ့ လျှောက်ထားသင်ကြားနိုင်မယ့်အခွင့်အရေးတွေရှိပါတယ်။

“SIMGE Singapore တွင် လျှောက်ထားနိုင်မည့် ပညာသင်ဆုများ”

SIMGE Diploma Scholarship
မြန်မာငွေကျပ် (၁၃၂)သိန်းနဲ့ညီမျှတဲ့ SIMGE Diploma Scholarship ကို Diploma in Accounting, Diploma in Banking and Finance, Diploma in International Business, Diploma in Management Studies, Diploma in Information Technology ဘာသာရပ်တွေအတွက် လျှောက်ထားခွင့်ရရှိမှာဖြစ်ပါတယ်။ နှစ်စဉ် Aprilနဲ့October Intakeတွေမှာ ရွေးချယ်ပေးအပ်လျက်ရှိပြီး “SIMGE Diploma Scholarship” ရရှိသူတွေအနေနဲ့ စာသင်စရိတ် (၁ဝဝ%)ကင်းလွတ်ခွင့်ရရှိမှာဖြစ်ပါတယ်။

SIMGE Bachelor Degree Scholarship –
SIMGEရဲ့ Bachelor Degree Scholarshipကို အခုလက်ရှိ SIMGEမှာတက်ရောက်လျက်ရှိတဲ့ ကျောင်းသား၊ကျောင်းသူတွေသာမက အခုမှစတင်တက်ရောက်မယ့် ကျောင်းသား၊ကျောင်းသူတွေပါ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

Bachelor Degree Scholarshipကို ကျောင်းစာထူးချွန်ထက်မြက်မှုအပိုင်းသာမက Sports and Arts အပိုင်းတွေကိုပါ ထည့်သွင်းစဉ်းစားရွေးချယ်လေ့ရှိပါတယ်။ နှစ်စဉ် March Intake (သို့) October Intake တွေအတွက် ရွေးချယ်ပေးအပ်လျက်ရှိပြီး Bachelor Degree Scholarship ရရှိသူတွေအနေနဲ့ စာသင်စရိတ်သာမက စာမေးပွဲကြေးနဲ့ အခြားသောသင်ထောက်ကူပစ္စည်းတွေအတွက်ပါ အလုံးစုံကင်းလွတ်ခွင့် ရရှိမှာဖြစ်ပါတယ်။

SIMGE့ရဲ ကျောင်းဝင်ခွင့်အလိုက် လျှောက်ထားနိုင်မယ့် ဘာသာရပ်တွေနဲ့ ပညာသင်ဆုဆိုင်ရာအချက်အလက်တွေကို အသေးစိတ်ထပ်မံသိရှိလိုပါက – CROWN Education ၏ ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 250 023 288, 09 450 200 060 သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းစကားပါးလိုက်ပါတယ်။

Book Appointment >