ACT - GAC Program

မြန်မာနိုင်ငံမှာ GAC Grade 12 Foundation Program ကိုတက်ရောက်သင်ယူခဲ့ပြီး စင်ကာပူနိုင်ငံရှိ James Cook University တွင် ပညာသင်ဆု ၅၀% ဖြင့် စာသင်နှစ်(၁)နှစ်စာ ကင်းလွတ်ကာ ဆက်လက်တက်ရောက်ခွင့်ရရှိခဲ့သော မောင်ဉာဏ်ဝဏ္ဏ (GAC Batch-18) အတွက် CROWN Education and Royal Academic Institute မိသားစုမှ အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်။

Pandemic ကာလအတွင်း အချို့သော မြန်မာကျောင်းသူ/သားများအနေဖြင့် ပညာရေးအဆက်မပြတ်သွားရအောင် စင်္ကာပူနိုင်ငံ James Cook University ရှိ ဘွဲ့ကြို၊ဘွဲ့လွန်ဘာသာရပ်များကို မိမိတို့နေအိမ်မှတဆင့် လုံခြုံစိတ်ချစွာ သင်ယူလျက်ရှိပါတယ်။ယခုကဲ့သို့ Online ကနေ သင်ယူခွင့်ရရှိတာကြောင့် စင်္ကာပူနိုင်ငံမှာ လစဉ်ကုန်ကျရလေ့ရှိတဲ့ နေထိုင်စရိတ်အတွက် သက်သာသွားတဲ့အပြင် Covid-19 အပြီး စင်္ကာပူ Visa  ပြန်လည်ရရှိတဲ့အခါ ပုံမှန် Face-to-Face အတန်းတွေကို ဆက်လက်သင်ယူခွင့်ရရှိမှာလည်းဖြစ်ပါတယ်။James Cook University  သြစတြေးလျဘွဲ့ကို ကုန်ကျစရိတ်အသက်သာဆုံးနဲ့ ရချင်ပေမယ့် ဘယ်လိုဘာသာရပ်တွေ သင်ယူသင့်တယ်ဆိုတာ မဆုံးဖြတ်နိုင်သေးသူတွေ၊ နိုင်ငံတကာပညာရေးကို သင်ယူတဲ့အခါ လိုအပ်တဲ့ပြင်ဆင်မှုတွေကို လုပ်ချင်တဲ့ ကျောင်းသူ/သားတွေနဲ့ မိဘတွေအနေနဲ့ American Grade 12 Program – GAC (၁)နှစ်တက်ရောက်ပြင်ဆင်ပြီး James Cook University မှာ ပညာသင်ဆုတွေနဲ့ ဆက်လက်သင်ယူနိုင်မှာဖြစ်ပါတယ်။ မြန်မာဆယ်တန်း (သို့မဟုတ်) GCE ‘O’ Level ရမှတ်များဖြင့် လျှောက်ထားလိုသူများအနေနဲ့ စင်္ကာပူနိုင်ငံ James Cook University မှာ Foundation Program ကစပြီး သင်ကြားကြရမှာဖြစ်ပါတယ်။ American Grade 12 Program – GAC (၁)နှစ် တက်ရောက်ထားပြီး GPAရမှတ်ကောင်းတဲ့ ကျောင်းသူ/သားတွေအနေနဲ့ကတော့ James Cook University မှာ Foundation Year ကင်းလွတ်ခွင့်နဲ့ တက်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။ 

ACT-GAC Grade 12 Program တက်ရောက်ပြင်ဆင်ခြင်းဖြင့် –

ဆယ်တန်း(သို့မဟုတ်)iGCSEဖြေဆိုအောင်မြင်ထားသည့် ကျောင်းသား/သူများအနေဖြင့် ကနေဒါ-ယူကေ-သြစတြေးလျ-စင်ကာပူ နိုင်ငံရှိတက္ကသိုလ်များတွင် Foundation ပြန်တက်ရန် မလိုအပ်ဘဲ တက္ကသိုလ်ပထမနှစ်မှစတင်တက်ရောက်နိုင်ခြင်း၊

အမေရိကန် ပြည်ထောင်စုရှိ တက္ကသိုလ်ကြီးများတွင် ဘာသာရပ်ကင်းလွတ်ခွင့်များ နှင့်အတူ ပညာသင်ဆုများလျှောက်ထားနိုင်ခြင်းတို့ကြောင့် အချိန်နှင့်ငွေကြေးကုန်ကျမှုသက်သာစေခြင်း၊

Global Assessment Certificate (ACT-GAC Grade 12 Program) ကို ပြည်တွင်းတွင် (၁)နှစ်တက်ရောက်ပြင်ဆင်ခြင်း ဖြင့် နိုင်ငံတကာရှိ Rankingမြင့်တက္ကသိုလ်များသို့ ပညာသင်ဆု အခွင့်အလမ်းများဖြင့် လျှောက်ထားနိုင်ခြင်း၊

ACTနှင့် IELTS ရမှတ်ကောင်းများရရှိအောင် သင်ကြားပေးနေပြီး ဆယ့်နှစ်တန်းနှင့်ညီမျှသည့်အတွက် တက္ကသိုလ်ရွေးချယ်ရာတွင် အကန့်အသတ်မရှိဘဲ စိတ်ကြိုက်လျှောက်ထားနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကိုရရှိနိုင်မှာဖြစ်ပါတယ်။

GAC Program၏ အသေးစိတ်အချက်အလက်များနှင့် တက်ရောက်ပြီးစီးသည့်အခါ ဆက်လက်သင်ယူနိုင်သည့် နိုင်ငံတကာ တက္ကသိုလ်များ၊ လျှောက်ထားနိုင်သည့် ပညာသင်ဆုများအကြောင်းကို https://crown.edu.mm/gac/ လင့်ခ်မှတဆင့်လည်း ဝင်ရောက်လေ့လာနိုင်ပါသည်။

GACနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုသည်များကို CROWN Education and Royal Academic Institute ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 977 977 200 နှင့် 09 4455 66 701~2သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်သလို Zoom Video Conferenceဖြင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Book Appointment >