Scholarships & News

တစ်ချိန်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ချင်လို့ပဲဖြစ်ဖြစ်၊ စီးပွားရေးပညာ ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ်၊ စီးပွားရေးဘာသာရပ်တွေကို ကိုယ်တိုင် ပြန်လည်သင်ကြား ပို့ချပေးချင်တာပဲဖြစ်ဖြစ်၊ Professional အသက်မွေးဝမ်းကျောင်းအတွက် လေးလေးနက်နက် စဉ်းစားတော့မယ်ဆိုရင် Marketing နဲ့ Business Management ဘာသာရပ်တွေကို ချန်ထားခဲ့ဖို့ မဖြစ်ပါဘူး။

ဒီနေ့ခေတ်မှာတော့ စီးပွားရေးလုပ်ငန်းအသီးသီးမှာ ဦးဆောင်နေသူတွေအနေနဲ့ Marketing, PR, Business Campaign တွေ ပြုလုပ်တဲ့အခါ အရင်လို သမားရိုးကျ Traditional Marketing Strategy တွေနဲ့တင် မလုံလောက်တော့ဘဲ Digital Marketing Strategy တွေကိုပါ မဖြစ်မနေ ထည့်သွင်းစဉ်းစားလာကြရပါတယ်။

အခုဆိုရင် Digital Marketing နဲ့ ဆက်စပ်တဲ့ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုများလာသလို Digital Marketing ဘွဲ့ရစ လူငယ်တစ်ယောက်ရဲ့ လစာအနေနဲ့ဆိုရင်လည်း ပုံမှန်ထက် မြင့်မားတဲ့ ဝင်ငွေတွေရရှိနေကြပါတယ်။ ကိုယ့်အနေနဲ့ လက်ရှိလုပ်နေတဲ့ Career ကနေ နောက်ထပ် Career တစ်ခုကို ပြောင်းချင်တာပဲဖြစ်ဖြစ်၊ Professional Digital Marketer တစ်ယောက်ဖြစ်ချင်လို့ပဲဖြစ်ဖြစ် နိုင်ငံတကာ အသိအမှတ်ပြု Digital Marketing Diploma ကို စာသင်စရိတ်(၂၅%)သက်သာခွင့်နဲ့ သင်ယူနိုင်မယ့် စင်္ကာပူနိုင်ငံက PSB Academy အကြောင်း ပြောပြပေးချင်ပါတယ်။

PSB Academy Singaporeမှာ သင်ကြားပေးနေတဲ့ Digital Marketing Diploma မှာဆိုရင် Marketer တစ်ဦးအနေနဲ့ မဖြစ်မနေ သိထားရမယ့် Paid Search Advertising, Display advertising, Email Marketing, Search Engine Optimization (SEO), Web Analytics, Web Design အပိုင်းတွေအပြင် Facebook, Instagram, YouTube နဲ့ LinkedInတွေမှာ မတူညီတဲ့ Social Media Marketing ဘယ်လိုလုပ်ရတယ်ဆိုတာတွေကိုပါ စာတွေ့+လက်တွေ့ သင်ကြားခွင့်ရမှာဖြစ်ပါတယ်။

အဆိုပါ Diploma ပြီးသွားသူတစ်ယောက်အနေနဲ့ Google Analytics Individual Qualification (GAIQ)ကိုပါ ရရှိမှာဖြစ်သလို Digital Marketingကို Bachelor Degree အထိ ဆက်လက်သင်ယူလိုသူတွေအတွက်လည်း ပညာရေးလမ်းကြောင်းတွေ ရှိပါသေးတယ်။ ကျောင်းပြီးတဲ့အခါမှာလည်း Digital Marketing Consultant, Social Media Executive, Content Executive, Content Manager, Key Account Manager, Community Manager, SEO Manager, SEO Analyst စတဲ့ Careerတွေထဲက ကိုယ်ဝါသနာပါတာ (သို့) ဘယ် Sectorနဲ့ ကိုက်ညီမှုရှိတယ်ဆိုတာတွေကိုပါ သိရှိရွေးချယ်နိုင်မှာဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံ PSB Academy မှာ 2020 October Intake ပညာသင်ကြားဖို့စီစဉ်ထားတဲ့ ကျောင်းသား၊ကျောင်းသူတွေအတွက် စာသင်စရိတ်(၂၅%)သက်သာခွင့်ပေးမယ့် အသေးစိတ်အချက်အလက်တွေ၊ (၁)နှစ်တက်ရောက်ပြီး Digital Marketing Diploma ရယူချင်တဲ့ ကျောင်းသား/သူ၊ မိဘတွေအနေနဲ့ အသေးစိတ် အချက်အလက်တွေကို ထပ်မံသိရှိလိုပါက – CROWN Education ၏ ရုံးဖုန်းနံပါတ်များဖြစ်သည့် +95(9) 250 023 288, 977 977 200 သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းစကားပါးလိုက်ပါတယ်။

Book Appointment >