Scholarships & News

ထိုင်းနိုင်ငံပညာရေးကို စိတ်ဝင်စားပြီး (၂ဝ၂ဝ-၂ဝ၂၁)ခုနှစ်အတွင်း ဘန်ကောက်မြို့မှာ ကျောင်းသွားတက်ချင်တယ်၊ ပညာရေးထူးချွန်မှုအလိုက် 100%, 50% ပညာသင်ဆုတွေကိုလည်း လျှောက်ထားကြည့်ချင်တယ် ဆိုတဲ့ ကျောင်းသား/သူ၊မိဘ/အုပ်ထိန်းသူတွေအတွက် Bangkok University (BU)ရဲ့ 100%, 50% Global Bright Scholarships တွေကို ရွေးချယ်ပေးအပ်သွားတော့မှာဖြစ်ပါတယ်။

Global Bright Scholarships လျှောက်ထားနိုင်တဲ့ ပရိုဂရမ်တွေကတော့ –
Bachelor of Business Administration in Marketing,
Bachelor of Arts in Digital Media and Design,
Bachelor of Communication Arts in Innovative Media Production,
Bachelor of Arts in International Tourism and Hospitality Management တို့ပဲဖြစ်ပါတယ်။

Bangkok University ရဲ့ အဆိုပါ “Global Bright Scholarship” လျှောက်ထားလိုသူများအနေဖြင့် –
၁။ ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ (အမှတ်စာရင်း၊ အောင်လက်မှတ်)၊
၂။ အင်္ဂလိပ်စာအရည်အချင်း အထောက်အထား (IELTS Individual BandScore – 5.5 သို့မဟုတ် IELTS မရှိထားသူများအနေဖြင့် Bangkok University Placement Test ဖြေဆိုလျှောက်ထားနိုင်ပါသည်)၊
၃။ Passport မူရင်း၊
၄။ မိမိ သက်ဆိုင်ရာကျောင်းမှ Principal ၏ Recommendation Letter၊
၅။ Bangkok University Application Form ကို ကိုယ်တိုင်လာရောက်ဖြည့်သွင်းရမည်၊
၆။ မိမိကိုယ်တိုင်ဖန်တီးထားသည့် Portfolio (သို့) Personal Statement တို့ဖြင့် စက်တင်ဘာလ (၁၈)ရက်နေ့မှ အောက်တိုဘာလ (၃၁)ရက်နေ့နောက်ဆုံးထားပြီး CROWN Education Yangon & Mandalay Office များသို့ လူကိုယ်တိုင် အမြန်ဆုံးလာရောက်လျှောက်ထားနိုင်ပြီပဲဖြစ်ပါတယ်။

Bangkok University (BU) မှာ တက်ရောက်သင်ကြားနိုင်တဲ့ Bachelor, Master ပရိုဂရမ်တွေရဲ့ ကျောင်းလခကလည်း စာသင်နှစ်တစ်နှစ်လုံးကိုမှ USD 3500 ကနေ USD 4000 ဝန်းကျင်အထိပဲ ရှိတာဆိုတော့ ကိုယ့်အနေနဲ့ Global Bright Scholarship လျှောက်ထားပြီး အကြောင်းကြောင်းကြောင့် မရရှိခဲ့ရင်လည်း စိတ်မပူဖို့ပြောပါရစေ။ Bangkok University ရဲ့ Bachelor, Master ပရိုဂရမ်တွေကတော့ ကုန်ကျစရိတ်အသက်သာဆုံးနဲ့ နိုင်ငံတကာအသိအမှတ်ပြုဘွဲ့ ရချင်တဲ့ မြန်မာကျောင်းသား/သူတွေအတွက် လုံးဝကို လက်လွတ်မခံသင့်တဲ့ အခွင့်အရေးတစ်ခုပါပဲ။

Bangkok University (BU) မှာ လျှောက်ထားနိုင်တဲ့ Bachelor, Master Program တွေအကြောင်း၊ Global Bright Scholarships နဲ့ ကျောင်းဝင်ခွင့်ဆိုင်ရာအသေးစိတ်အချက်အလက်တွေကို ထပ်မံသိရှိလိုပါက – CROWN Education၏ ရုံးဖုန်းနံပါတ်များဖြစ်သည့် +95(9) 250 023 288, 450 200 060, 450 200 080 သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းစကားပါးလိုက်ပါတယ်။

Book Appointment >