Scholarships & News

ယခု (၂ဝ၂၁)ခုနှစ်ကစတင်ပြီး မြန်မာကျောင်းသူ၊သားတွေ၊ မိဘတွေအတွက် မြန်မာနိုင်ငံရဲ့ ပထမဆုံး Oversea Education Loan Programကို CROWN Educationကနေ လျှောက်ထားနိုင်တော့မှာဖြစ်ပါတယ်။

CROWN Educationရဲ့ Oversea Education Loan Programဆိုတာဘာလဲ။ ဘယ်သူတွေလျှောက်ထားနိုင်မလဲ။
Oversea Education Loan Programဟာဆိုရင် နိုင်ငံတကာက တက္ကသိုလ်တွေ၊ကျောင်းတွေမှာ ပညာဆက်လက်သင်ကြားလိုသူတွေအတွက် ပညာသင်စရိတ်ချေးငွေ အစီအစဉ်တစ်ခုဖြစ်ပါတယ်။

– မြန်မာအစိုးရပညာရေး ဆယ်တန်းအောင်မြင်ထားသူများ၊
– HND Level 4, Level 5 တက်ရောက်ပြီးစီးထားသူများ၊
– iGCSE O’level (သို့) နိုင်ငံတကာ ၁၂တန်းနှင့်ညီမျှသည့် ပညာရေးလက်မှတ်တစ်ခုခုကိုင်ဆောင်ထားသူများ၊
– အသိအမှတ်ပြုတက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိထားသူများ၊
– ဘွဲ့လွန်ဒီပလိုမာတစ်ခုခုရရှိထားသူများအနေဖြင့် အဆိုပါ ပညာသင်စရိတ်ချေးငွေကို လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

Oversea Education Loan Programကို ဘယ်နိုင်ငံတွေအတွက် လျှောက်ထားလို့ရလဲ။ ဘယ်လို ပရိုဂရမ်တွေ လျှောက်ထားနိုင်မလဲ။
Oversea Education Loan Programကို ယူကေ-အမေရိကန်-စင်္ကာပူ-ထိုင်းနိုင်ငံရှိ တက္ကသိုလ်များ၊ကျောင်းများအတွက် စတင်လျှောက်ထားနိုင်မှာဖြစ်ပြီး
-ယူကေပညာရေးစိတ်ဝင်စားသူတွေအနေနဲ့ – အချိန်(၁)နှစ်သာကြာမြင့်တဲ့ HND Bachelor Degree (Top-Up), MBA, MSc ပရိုဂရမ်များ၊
-󠁧󠁢󠁥󠁮󠁧󠁿အချိန် (၂)နှစ်သာ ကြာမြင့်တဲ့ အမေရိကန်ပြည်ထောင်စုမှ Associate Degree ပရိုဂရမ်များ၊
-စင်္ကာပူနိုင်ငံအတွက် – Diplomaပရိုဂရမ်များ၊ Postgraduate Diplomaပရိုဂရမ်များနှင့် Master Degreeပရိုဂရမ်များနှင့်
-ထိုင်းနိုင်ငံရှိ Master Degreeပရိုဂရမ်များကို လျှောက်ထားနိုင်ပါတယ်။ ဒါတင်မကသေးဘဲ စာသင်ကြားချိန်ပိုမိုကြာမြင့်သော ၃နှစ် (သို့) ၄နှစ် ဘွဲ့ဒီဂရီများအတွက်လဲ ဆက်လက်စဉ်းစားပေးသွားမှာဖြစ်ပါတယ်။

ယူကေ-အမေရိကန်-စင်္ကာပူ-ထိုင်းနိုင်ငံက ဘယ်တက္ကသိုလ်တွေကို လျှောက်ထားလို့ရလဲ။
CROWN Educationနဲ့ ချိတ်ဆက်ထားတဲ့ ယူကေ-အမေရိကန်-စင်္ကာပူ-ထိုင်းနိုင်ငံမှ တက္ကသိုလ်ပေါင်း (၁၅ဝ)ကျော်ကိုလျှောက်ထားနိုင်တာဖြစ်ပြီး https://crown-education.org/universitymap/ မှာလည်း နိုင်ငံအလိုက် တက္ကသိုလ်စာရင်းတွေကို ဝင်ရောက်လေ့လာနိုင်ပါတယ်။

CROWN Education’s Oversea Education Loan Programကို ဘယ်လိုလျှောက်ထားရမလဲ။
ပညာသင်စရိတ်ချေးငွေ လျှောက်ထားလိုသူများအနေဖြင့် http://bit.ly/crowneduloan_2021 မှတဆင့် online application formကို ပြည့်စုံစွာဖြည့်သွင်းပြီး လျှောက်ထားနိုင်ပါတယ်။

Book Appointment >