Scholarships & News

University of West of England (UWE), Bristol သည် ၁၅၉၅ ခုနှစ်တွင်တည်ထောင်ခဲ့ပြီးကျောင်းပရဝဏ်လေးခုရှိကာ အနောက်တောင်အင်္ဂလန်၏ အကြီးဆုံးမြို့တော် Bristol တွင် တည်ရှိပြီး လန်ဒန်မှ မိနစ် (၉၀) ခန့် ကား(သို့မဟုတ်)ရထားဖြင့် ခရီးသွားအကွာဝေးတွင် တည်ရှိပါသည်။ နှစ်စဉ်နိုင်ငံပေါင်း ၁၄၀ ကျော်မှ ကျောင်းသားကျောင်းသူ ၃၀၀၀၀ ကျော်လာရောက် ပညာ ဆည်းပူးလျက်ရှိပါသည်၊၊

ထူးချွန်ထက်မြတ်သည့် မြန်မာလူငယ်များအတွက် ယူကေတက္ကသိုလ်တစ်ခု ဖြစ်သော University of West of England မှ (စက်တင်ဘာ ၂ဝ၁၈ နှင့် ဇန်နဝါရီ ၂ဝ၁၉) စာသင်ကာလ နှစ်ခုအတွက် ရာနှုန်းပြည့် ပညာသင်ဆု နှင့် ၅ဝ% ပညာသင်ဆု များကို အောက်ပါအတိုင်း ပေးအပ်သွားမည်ဖြစ်သည်။

MSc Human Resource Management – ၁ဝဝ% ပညာသင်ဆု – ၁ ဆု
MSc International Management – ၅ဝ% ပညာသင်ဆု – ၂ ဆု
Master of Business Administration – ၅ဝ% ပညာသင်ဆု – ၂ ဆု နှင့်
MSc Biomedical Science, MSc Health Psychology, MSc Public Health စသည့် ဘာသာရပ်များ အတွက် – ၁ဝဝ% နှင့် ၅ဝ% ပညာသင်ဆုများကို ပေးအပ်သွားမည်ဖြစ်ပါသည်။

UWE သည် Business Partner ၊ Industry Partner များနှင့်ချိတ် ဆက် ထားခြင်းကြောင့်ကျောင်းသားကျောင်းသူများအတွက် အလုပ်အကိုင်အတွက် များစွားအထောက်အကူပြုပြီး၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးမူ့တွင် အင်္ဂလန်တက္ကသိုလ်များ အဆင့်(၁၁) တွင်ရပ်တည်နေသည်။

UWE တွင် တက်ရောက်သော ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားပေါင်း(၄၀၀၀)ကျော်သည် Rolls Royce, BBC, HP, Motorola, AirBus, British Aerospace, Virgin, BMW Williams Formula One, PriceWaterCoopers, Jaquar Cars အစရှိသော industrial partner များတွင် အလုပ်သင်အဖြစ် လုပ်ကိုင်နိုုင်မည့်အခွင့်အရေးများရရှိမည်ဖြစ်ပါသည်၊၊

သင့်တင့်သည့် ကျောင်းလခ ၊ နိုင်ငံတကာ ကျောင်းသား ကျောင်းသူများအတွက် ပံ့ပိုးမှုများ ၊ တည်နေရာ အကျယ်အဝန်း နှင့် ကျောင်းဝင်ခွင့် သတ်မှတ်ချက်များကြောင့် မြန်မာကျောင်းသား ကျောင်းသူများကြား ယနေ့ထက်တိုင် နာမည်ရနေဆဲ ယူကေတက္ကသိုလ်ကြီးဖြစ်သည့် University of West of England တွင် ပညာသင်ဆုများနှင့် တက်ရောက်နိုင်မည့် အခွင့်အရေးကို လက်မလွတ်စေဖို့ CROWN Education Office အမှတ် ၂၇၅ ၊ ၃ လွှာ ၊ ကမ္ဘောဇတာဝါ ၊ မြေနီကုန်း ကုန်းကျော်တံတားအနီး ၊ စမ်းချောင်းမြို့နယ်။✆ ဝ၁ ၅၂၇ ၈၃၈ ၊ ဝ၉ ၉၇၇ ၉၇၇ ၂ဝဝ၊ ဝ၉ ၄၄ ၅၅ ၆၆ ရဝ၁တို့တွင် အသေးစိတ်စုံစမ်း လျှောက်ထားနိုင်ပါပြီ။

Book Appointment >