Scholarships & News

ကျွန်တော့်အနေနဲ့ Bellerbys Collegeကို အရောက်သွားပြီး Face-to-Face အတန်းတွေသွားတက်ချင်ပေမယ့် အခုလို Covidကာလမှာ နိုင်ငံခြားကို ခရီးသွားဖို့က အန္တရယ်ကြီးလွန်းတာ တစ်ကြောင်း၊ ကျွန်တော့်အတွက် စိတ်ချရပြီး အဆင်လည်းပြေမယ့် Online Class ကိုပဲ ရွေးချယ်ပြီး တက်ရောက်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Onlineကနေ အတန်းတွေတက်ရတဲ့အခါ Video Conferencing တွေ အသုံးပြုသင်ကြားရတဲ့အတွက် တော်တော်လေးအဆင်ပြေပါတယ်။ အခုလို Online Learning တွေဖြစ်လာကြတော့ ကိုယ့်ရဲ့အချိန်တွေကို အရင်ကထက်ပိုပြီး အကျိုးရှိအောင် စီမံခန့်ခွဲလာနိုင်တယ်လို့လည်း မြင်ပါတယ်။ ကျွန်တော့်အနေနဲ့ နောက်ထပ်တိုးတက်လာတာတွေကတော့ ကိုယ်ပိုင်စာလေ့လာချိန်နဲ့ စာတွေကို မကြာမကြာပြန်ပြီး Revisionလုပ်နိုင်လာပါတယ်။ နောက်ပြီး ကျွန်တော့်အတွက် Collegeကနေ သင်ထောက်ကူတွေပေးထားတဲ့အတွက် ကျောင်းစာနဲ့ပတ်သက်တဲ့ စာတွေကိုပါ အချိန်အပိုပေးပြီး ဖတ်လာနိုင်တာကြောင့် နောက်နေ့ ဆရာစာသင်တဲ့အခါ အခက်အခဲမရှိ သင်နိုင်လာပါတယ်။

နိုင်ငံခြားမှာကျောင်းသွားတက်ရရင်လည်း ကျွန်တော့်အတွက် အနည်းနဲ့အများဆိုသလို အခက်အခဲတွေရှိသလို Computer ရှေ့မှာပဲထိုင်ပြီး Online ကနေ သင်ရတဲ့အခါကျွန်တော့်အတွက် အခက်အခဲလေးတွေရှိလာပါတယ်။ အခက်အခဲတွေကတော့ စက်နဲ့ဆိုင်တဲ့ Error တွေတက်တာ၊ အင်တာနက်လိုင်းကျတာတွေ၊ Connection Stable မဖြစ်တဲ့အတွက် စာသင်နေရင်း ရပ်သွားတာမျိုးတွေ ကြုံရတဲ့အခါကျရင် အတန်းချိန်တွေကို နှောင့်နှေးစေတာကြောင့် နည်းနည်းစိတ်ညစ်ဖို့တော့ကောင်းပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ Study Environment Productive တစ်ခုဖြစ်ဖို့ အရေးကြီးပါတယ်။ ဘေးက ဆူညံနေပြီး စာထဲမှာ အာရုံမစိုက်နိုင်တဲ့အခါ ကိုယ့်ရဲ့ စာသင်ချင်စိတ်တွေပျောက်သွားပြီး အချိန်းဖြုန်းချင်လာပါလိမ့်မယ်။

ကျွန်တော့်အနေနဲ့ ကျောင်းစာသီးသန့်လေ့လာရတာမျိုးမဟုတ်ဘဲ နိုင်ငံတကာက မတူညီကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုတွေကို ပိုပြီးလေ့လာချင်တာကြောင့် နောက် Semester ရောက်ရင် Covid 19 Pandemic အခြေအနေတွေလည်း သိသိသာသာပြန်လျော့ကျသွားပြီး Face-to-Face အတန်းတွေကို Bellerbys College မှာ တက်ရောက်ခွင့်ရဖို့ မျှော်လင့်ထားပါတယ်။

Bellerbys Collegeရဲ့ ၂ဝ၂၁ခုနှစ်အတွက် ကျောင်းဝင်ခွင့်တွေ၊ ပညာသင်ဆုဆိုင်ရာအချက်အလက်တွေနဲ့ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိလိုပါက – CROWN Education ၏ ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 977 977 200, 09450056300 (ရန်ကုန်) နှင့် 09 975 800 800, 09 450 200 080 (မန္တလေး)သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Book Appointment >