Scholarships & News

သြစတြေးလျတက္ကသိုလ်တွေရဲ့ စာသင်စရိတ်မြင့်မားမှု၊ နေထိုင်စားသောက်စရိတ် ကြီးမြင့်မှုတွေကြောင့် သြစတြေးလျမှာ ကျောင်းတက်ချင်ပေမယ့် ဆုံးဖြတ်ချက်ချဖို့ ဒွိဟဖြစ်နေတဲ့ ကျောင်းသား/သူတွေ ရှိခဲ့မယ်ဆိုရင် အခုပြောပြပေးမယ့် “ မြန်မာနိုင်ငံမှာ (၁)နှစ် ၊ စင်္ကာပူ (၁)နှစ်၊ သြစတြေးလျမှာ (၁)နှစ်ခွဲ” တက်ရောက်နိုင်မယ့် ပညာရေးလမ်းကြောင်းက အထောက်အကူတစ်ခုဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။

Rankingမြင့် Public University တစ်ခုဖြစ်သလို The Times Higher Education (THE) World University Rankings အရ Top 2%စာရင်းဝင် James Cook University ဟာဆိုရင် သုတေသနပိုင်း နဲ့ စာသင်ကြားပို့ချမှုပိုင်းမှာ နာမည်ကောင်း ရရှိထားတဲ့ တက္ကသိုလ်တစ်ခုလည်းဖြစ်ပါတယ်။

James Cook University သြစတြေးလျဘွဲ့ကို အသက်သာဆုံးနဲ့ ရချင်ပေမယ့် ဘယ်လိုဘာသာရပ်တွေ သင်ယူသင့်တယ်ဆိုတာ မဆုံးဖြတ်နိုင်သေးသူတွေ၊ နိုင်ငံတကာ ပညာရေးကို သင်ယူတဲ့အခါ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို လုပ်ချင်တဲ့ ကျောင်းသား/သူတွေအနေနဲ့ – မြန်မာနိုင်ငံ CROWN Education မှာ Foundation Program (၁)နှစ် တက်ရောက်နိုင်မှာဖြစ်ပါတယ်။ အဆိုပါ ကျောင်းသား/သူတွေအနေနဲ့ CROWN Education ရဲ့ Foundation Programမှာ ရရှိလာတဲ့ GPA ရမှတ်အလိုက် James Cook University တက္ကသိုလ်ဒုတိယနှစ်ကို ပညာသင်ဆုလျှောက်ထားပြီး ဆက်လက်သင်ယူနိုင်မှာဖြစ်ပါတယ်။

အဆိုပါ ကျောင်းသား/သူတွေအနေနဲ့ စင်ကာပူနိုင်ငံက James Cook University မှာ Bachelor Program တွေကို (၁)နှစ်တက်ရောက်ပြီး Intercampus Mobility အစီအစဉ်အရ ကျန် (၁)နှစ်ခွဲကို စင်္ကာပူ Campusမှာ ပေးရတဲ့ ကျောင်းလခအတိုင်း သြစတြေးလျ Campus မှာပါ သွားရောက်သင်ကြားနိုင်တာကြောင့် JCU ကျောင်းသား/သူတွေပဲ ရနိုင်တဲ့ အထူးအခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ နောက်ထပ် အားသာချက်တစ်ခုကတော့ သြစတြေးလျ Campus မသွားဘဲ စင်္ကာပူနိုင်ငံမှာ Bachelor Program ပြီးတဲ့အထိ သင်ယူလိုသူတွေအတွက်လည်း အဆင်ပြေပြေ သင်ယူနိုင်ဖို့ စီစဉ်ပေးထားတာ ဖြစ်ပါတယ်။

James Cook University Singapore(JCUS)မှာ ဘယ်လိုဘာသာရပ်တွေ တက်လို့ရမလဲ… ပညာသင်ဆုတွေရော လျှောက်ထားနိုင်လား…
မြန်မာဆယ်တန်း/ iGCSE ဖြေဆိုအောင်မြင်ထားသူတွေ၊ HND လက်မှတ်ကိုင်ဆောင်ထားသူတွေ အတွက် Banking & Finance, Financial Management, International Business, Business Intelligence and Information Systems, Marketing, Sports & Events Management စတဲ့ စီးပွားရေးဘာသာရပ်တွေထဲက မိမိစိတ်ဝင်စားရာ ဘာသာရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ် သင်ယူနိုင်သလို IT,Hospitality & Tourism Management, Psychologyဘာသာရပ်တွေကိုလည်း လျှောက်ထားနိုင်ပါတယ်။

JCUS ရဲ့ ပညာသင်ဆုအနေနဲ့ ၂၀၁၇ ခုနှစ်ကစပြီး ပညာထူးချွန်တဲ့ကျောင်းသား/သူတွေအတွက် 25%, 50%, 100% ပညာသင်ဆုတွေကို စာသင်နှစ်တစ်နှစ်စာ (၈ ဘာသာစာ)အတွက် Scholarship Test စစ်ဆေးပြီး ရွေးချယ်ပေးအပ်လေ့ရှိပါတယ်။ ဒီနှစ်မှာတော့ အရင်လို Scholarship Testနဲ့ စစ်ဆေးတာမျိုး မလုပ်တော့ဘဲ 2020 November Intake လျှောက်ထားကြမယ့် ကျောင်းသား/သူတွေထဲကနေ 25%, 50%, 100% ပညာသင်ဆုတွေ ရွေးချယ်ပေးသွားမှာဖြစ်လို့ အရင်နှစ်တွေထက်စာရင် ပညာသင်ဆုရဖို့ အခွင့်အရေးပိုများလာပါတယ်။

“ မြန်မာနိုင်ငံမှာ (၁)နှစ် ၊ စင်္ကာပူ (၁)နှစ်၊ သြစတြေးလျမှာ (၁)နှစ်ခွဲ” တက်ရောက်ပြီး သြစတြေးလျဘွဲ့ ရယူချင်တဲ့ ကျောင်းသား/သူ၊ မိဘတွေအနေနဲ့ အသေးစိတ် အချက်အလက်တွေကို ထပ်မံသိရှိလိုပါက – CROWN Education ၏ ရုံးဖုန်းနံပါတ်များဖြစ်သည့် +95(9)250 023 288, 977 977 200 သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းစကားပါးလိုက်ပါတယ်။

Book Appointment >