Scholarships & News

ညီမနာမည်က မေမြတ်သိင်္ဂ ီပါ…ညီမဆယ်တန်းအောင်ပြီးပြီးချင်း LCCI Level 1,2,3 ပြင်ခဲ့တယ်… ပြီးတော့ YUFLမှာ ကိုရီးယားမေဂျာနဲ့ဘွဲ့ရခဲ့ပြီး ABE Level 5နဲ့6ကို လည်းအောင်မြင်ခဲ့တဲ့အပြင် ကျောင်းပိတ်ရက်တွေမှာလည်း Business Lawလို Diplomaတွေကို တက်ခဲ့ပြီး ပညာရေးမှာGAP Year မရှိအောင်ပြင်ဆင်ခဲ့ပါတယ်။ အလုပ်အတွေ့အကြုံအနေနဲ့လည်း ပြည်တွင်းမှာ၂နှစ်လောက် အတွေ့အကြုံယူခဲ့ပြီးမှ ပြည်ပမှာ ပညာဆက်သင်ဖို့ စီစဉ်ခဲ့ပါတယ်။

❑ ပညာရေးအပေါ်သူမရဲ့အမြင်နဲ့ University of Huddersfieldကိုရွေးချယ်ခဲ့ပုံက….

ပြည်တွင်းမှာ သူများထက်ပိုပြီးထူးခွန်တဲ့သူဖြစ်ဖို့ဆိုတာနဲ့ ပြည်ပမှာသင်ကြားခြင်းကသာ အရည်အသွေးပြည့်ဝတဲ့ပညာရေးကိုရမယ်လို့ယုံကြည်တဲ့အတွက် ယူကေမှာသင်ဖို့ဆုံးဖြတ်ခဲ့တာပါ… စုံစမ်းခဲ့တဲ့ တက္ကသိုလ်တွေအများကြီးထဲကနေမှ တက္ကသိုလ်အသီးသီးမှာ သက်ဆိုင်ရာဘာသာရပ်နဲ့ တက္ကသိုလ်Ranking တွေကအရေးပါတယ်ဆိုတာသိလာရတဲ့အပြင် Myanmar Societyရှိတဲ့အတွက် Home Sick နည်းနိုင်သမျှနည်းအောင် University of Huddersfieldမှာပဲ MBA Programတက်ဖို့ ရွေးချယ်ခဲ့ပါတယ်။

❑ နိုင်ငံခြားမှာပညာသင်လိုသူတွေအတွက်အကြံပြုစကားနဲ့ ကျောင်းလျှောက်ထားစဉ်တွေ့ကြုံခဲ့တဲ့ အမှတ်တရတွေက…

ညီမကိုယ်တိုင်နိုင်ငံခြားမှာပညာသင်ဖို့ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် Education Fairတွေနဲ့ ဆွေးနွေးပွဲတွေ လိုက်တက်တယ်….IELTSအချိန်တစ်ခုထားဖြေဆိုခဲ့တယ်… နောက်ဆုံးမှာ CROWN Education ကိုရောက်ခဲ့ပြီး အဲ့ထဲကမှကိုယ်နဲ့ကိုက်ညီတာကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်… ကျောင်းလျှောက်တဲ့ အချိန်မှာလည်း အခက်အခဲတစ်စုံတစ်ရာမရှိအောင် CROWN Educationက အမတွေက ကိုယ့်မိသားစုဝင်တစ်ယောက်လိုသဘောထားပြီးအသေးစိတ်ကူညီပေးတဲ့အပြင် University of Huddersfield ရဲ့ MBA Programမှာရော UWE Bristol
ရဲ့ M.Sc (Human Resource Management) မှာပါ ၅၀ရာခိုင်နှုန်းပညာသင်ဆုအသီးသီးရရှိအောင်ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါတင်မကသေးဘဲ Offerရလို့ ဗီဇာလျှောက်တဲ့အချိန်မှာတောင် ဘယ်လိုစာရွက် စာတမ်းတွေပါအောင် ယူသွားရမယ်ဆိုတာအထိကို သတိပေးကူညီပေးခဲ့တဲ့ မရီချိုနဲ့တကွ CROWN Education မိသားစုကို ကျေးဇူးအများကြီးတင်ကြောင်းပြောချင်ပါတယ်ရှင့်….

Book Appointment >