Scholarships & News

❑ ညီမလေးအနေနဲ့ iGCSE အပြီး ရှေ့ဆက်ရမယ့်ပညာရေးအတွက် ဘယ်လိုပြင်ဆင်မှုတွေလုပ်ခဲ့လဲ –

iGCSEပြီးတော့ ပြည်ပသင်ကြားရေးကို ဘယ်တော့လောက် စပြင်ဆင်မယ်ဆိုပြီး ညီမမိဘတွေနဲ့ တိုင်ပင်ခဲ့တယ်.. ပြည်ပပညာရေး နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မတူညီတဲ့ ပညာရေး ဆွေးနွေးပွဲတွေကတစ်ဆင့် လေ့လာခဲ့ပါတယ်။ ဒီလိုနဲ့ နိုင်ငံတစ်ခုချင်း စီရဲ့ ပညာရေး ဆိုင်ရာကွဲပြားခြားနားချက်တွေနဲ့ ကိုယ်နဲ့ကိုက်ညီမယ့် နိုင်ငံကိုကွဲကွဲပြားပြားသိရှိလာပြီး IELTSကို စက်တင်ဘာလထဲမှာ ဖြေဆိုခဲ့ပါတယ်။

❑ ဘယ်လိုအချက်တွေကြောင့် ယူကေပညာရေးကိုရွေးချယ်ခဲ့တာလဲ –

ညီမအဓိကလေ့လာချင်တဲ့ဘာသာရပ်ရှိနေတာရယ်… ပြီးတော့ ယူကေပညာရေးက အခြားနိုင်ငံတွေထက် စာသင်နှစ်နည်းတာရယ်… လေ့လာသင်ယူရမယ့်ပတ်ဝန်းကျင်ကို သဘောကျတာတွေကြောင့် ယူကေမှာ Foundation Programတက်ဖို့ ရွေးချယ်ခဲ့တာပါ…
.
❑ ရွေးချယ်စရာ Pathway Programတွေအများကြီးထဲကမှ Bellerbys Collegeကို ရွေးချယ်ဖြစ်ခဲ့တာက –

ညီမအနေနဲ့ တက္ကသိုလ်ကိုအလောတကြီး မရွေးချင်သေးတာရယ် UCASကတစ်ဆင့် တက္ကသိုလ် ရွေးချယ်ဖို့နဲ့ ယူကေတက္ကသိုလ် သင်ကြားရေးနဲ့ပိုပြီးကျွမ်းဝင်အောင် Bellerbys College ကိုရွေးချယ်ခဲ့တာပါ။

❑ နှစ်စဉ် နိုင်ငံတကာ ကျောင်းသား ၃ယောက်ကိုပဲပေးလေ့ရှိတဲ့ Bellerbys Collegeရဲ့ South East Asia Scholarshipရဖို့ ဘယ်အချက်တွေကအဓိကကျခဲ့လဲ –

ညီမအနေနဲ့ iGCSEဖြေဆိုရာမှာ ၉ ဘာသာယူခဲ့ပြီး 8A*နဲ့ A Gradeရအောင်ကြိုးစားခဲ့တာရယ် ပြီးတော့ IELTS ရမှတ်အနေနဲ့ လည်း (7.0)ရရှိခဲ့တာတွေကြောင့် Bellerbys Collegeရဲ့ Scholarship အနေနဲ့ စတာလင်ပေါင် ၁သောင်း ရခဲ့တယ်လို့ ထင်ပါတယ်ရှင့်။

❑ ကျောင်းရဲ့သင်ကြားစနစ်နဲ့ အံဝင်ဂွင်ကျရှိအောင် ဘာတွေပြင်ဆင် သွားဖြစ်လဲ –

ပြည်ပသင်ကြားရေးမသွားခင် ညီမရတဲ့အချိန်တွေမှာ ကလေးဆေးရုံ တွေသွားပြီး Volunteerအဖြစ် ကူညီပေးဖြစ်သလို ယူကေမှာ သင်ကြားရမယ့် Moduleတွေနဲ့ဆက်စပ်တဲ့ Biologyနဲ့ Chemistry ဘာသာရပ်အကြောင်းတွေကိုလည်း ပိုပြီးလေ့လာ ဖြစ်ပါတယ်။

❑ Bellerbysမှာ သင်ကြားရေးအပြီး လျှောက်ထားဖို့စီစဉ်ထားတဲ့ တက္ကသိုလ်က –

Bellerbys Collegeမှာ Foundation Programပြီးရင် တော့ University of Bath နဲ့ University of Nottinghamက Pharmacy Courseကို ရွေးချယ်ဖြစ်ဖို့ များပါတယ်။ အဲ့ဒီ
တက္ကသိုလ် ၂ခုထဲကမှ ညီမနဲ့ကိုက်ညီမယ့် သင်ကြားမှုပုံစံကိုရွေးချယ်သွားဖို့စဉ်းစားထားပါတယ်။

❑ UKမှာ Foundation Programလာတက်မယ့်သူတွေ အတွက် အကြံပြုစကား –

ယူကေမှာ Foundation Programတွေတက်မယ့်သူတွေ အနေနဲ့ တက္ကသိုလ်ကိုချက်ခြင်း ရွေးချယ်ဖို့မလိုသလို… ဘယ်ဘာသာရပ်ကတော့ဖြင့် ကိုယ်နဲ့အဆင်ပြေဆုံးဖြစ်မယ်ဆိုတာ ကိုပါ တက်နေတဲ့အချိန်အတွင်း သိရှိနိုင်တာကြောင့် ညီမတို့လို နိုင်ငံတကာကျောင်းသား၊ကျောင်းသူ တွေအတွက် သင့်တော်တဲ့ Programလို့ အကြံပေးချင်ပါတယ်ရှင့်

CROWN Education အနေဖြင့် ယူကေ၊သြစတြေးလျ၊ကနေဒါ၊ ဆွစ်ဇာလန်၊ဂျပန်၊ကိုရီးယား၊ စင်္ကာပူ ထိုင်းနိုင်ငံရှိတက္ကသိုလ် များအပြင် အမေရိကန်တက္ကသိုလ်များနှင့်ကောလိပ်များတွင် သွားရောက် သင်ကြားလိုသူကျောင်းသား၊ ကျောင်းသူများအတွက် ဘာသာရပ်ဆိုင်ရာရွေးချယ်ခြင်း၊ တက္ကသိုလ်ရွေးချယ်ခြင်းနှင့် တက္ကသိုလ်လျှောက်ထားခြင်းဆိုင်ရာ ကိစ္စရပ်အ၀၀အတွက် အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သတင်းကောင်းပါး လိုက်ပါရစေ…

Book Appointment >