Scholarships & News

စာသင်စရိတ်၊ နေထိုင်ကုန်ကျစရိတ်မြင့်မားလေ့ရှိတဲ့ ယူကေမှာ ကိုယ့်ရဲ့ အိမ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ …ဘွဲ့ကြို (Top-Up Degree Program)၊ ဘွဲ့လွန် မာစတာ ပရိုဂရမ်တွေကို ကုန်ကျစရိတ် သက်သက်သာသာနဲ့ သင်ကြားခွင့်ရနိုင်ဖို့ … UWE Bristol မှာ ဘွဲ့လွန်ပရိုဂရမ် (၃၅)ခုနဲ့ ဘွဲ့ကြို ပရိုဂရမ်(၇)ခုအတွက် (၅၀%) ပညာသင်ဆုတွေလျှောက်ထားနိုင်မှာဖြစ်ပြီး ပညာသင်ဆုတွေကိုတော့ ၂ဝ၂၁ခုနှစ် ဇန်နဝါရီလကျောင်းဝင်ခွင့်အတွက် ရွေးချယ်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

UWE Bristolတည်ရှိတဲ့ Bristolမြို့ဟာဆိုရင် သင်္ဘောဆိပ်ကမ်းမြို့တစ်ခုဖြစ်သလို နှစ်စဉ် နိုင်ငံတကာ ကျောင်းသား/သူပေါင်း (၃ဝ,ဝဝဝ)ကျော် လုံခြုံစိတ်ချစွာစာသင်နေထိုင်လျက်ရှိတဲ့ မြို့ဖြစ်ပါတယ်။ Research University တစ်ခုဖြစ်တာနဲ့အညီ UWE Bristolတက္ကသိုလ်အနေနဲ့ ယူကေမှာ “Teaching Excellence Framework Gold Award”ရရှိထားတဲ့ တက္ကသိုလ်ကောင်းတစ်ခုဖြစ်သလို မြန်မာကျောင်းသား၊ ကျောင်းသူတွေအတွက် (၅ဝ%)ပညာသင်ဆုတွေ အများဆုံးပေးအပ်ချီးမြှင့်လျက်ရှိတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။

(၂ဝ၁၉)ခုနှစ် CROWN Educationမှ UWE Bristolရဲ့ (၅ဝ)% ပညာသင်ဆုရ ကျောင်းသူတွေရဲ့ အတွေ့အကြုံတွေကိုလည်း အခု လင့်ခ်ကနေ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။
မအိအိန္ဒြာဆွေ https://crown-education.org/scholarshipstestimonials/uwe-50-scholar-ees/
မအေးငြိမ်းစု https://crown-education.org/scholarshipstestimonials/uwe-50-scholar-anh/

The Complete University Guide 2020သတ်မှတ်ချက်များအရ UWE Bristolရှိ Architecture ဘာသာရပ်ဟာဆိုရင် ယူကေရဲ့ အဆင့်(၁၈)နေရာမှာရှိသလို Finance, Strategy, Marketing, Leadership, Innovation, and Design Thinking, Health, Science, Business, Law, Environment and Technology ဘာသာရပ်သင်ကြားပို့ချမှုတွေမှာလည်း နိုင်ငံတကာကျောင်းသား/သူတွေ အကြား နာမည်ကျော်ပါတယ်။

UWE Bristolရဲ့ Main Campusဖြစ်တဲ့ Frenchay Campusအပြင် Glenside Campus, Bower Ashton Campus နှင့် St Matthias Campus စုစုပေါင်း Campus(၄)ခုဖြင့် ဘာသာရပ်ပေါင်း (၆ဝဝ)ကျော် သင်ကြားပို့ချပေးနေတာကြောင့် မိမိတို့နှစ်သက်ရာCampusအလိုက် ဘွဲ့ကြို၊ဘွဲ့လွန်ပရိုဂရမ်တွေ ရွေးချယ်သင်ကြားနိုင်မှာဖြစ်သလို မိမိတို့ရရှိထားတဲ့ ပညာရေးဆိုင်ရာ ရမှတ်တွေအလိုက် UWE Bristolရဲ့ တက္ကသိုလ်ဒုတိယနှစ် (သို့)နောက်ဆုံးနှစ်သို့ တိုက်ရိုက်တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။

UWE Bristol ရဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ကျောင်းဝင်ခွင့်၊လျှောက်ထားနိုင်တဲ့ ဘာသာရပ်တွေနဲ့ ပညာသင်ဆုဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို တိတိကျကျစုံစမ်း ပြင်ဆင်ထားချင်တယ်ဆိုရင်တော့ CROWN Education Office အမှတ် ၂၇၅ ၊ ၃ လွှာ ၊ ကမ္ဘောဇတာဝါ ၊ မြေနီကုန်း ကုန်းကျော်တံတားအနီး ၊ စမ်းချောင်းမြို့နယ် သို့လူကိုယ်တိုင်ဖြစ်စေ ✆ ဝ၉ ၄၄၃ ၂၇၃ ၂၇၇၊ ဝ၉ ၉၇၇ ၉၇၇ ၂ဝဝ သို့လည်းစုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းစကားပါးလိုက်ပါတယ်။

Book Appointment >