Scholarships & News

ဒီဘက်ခေတ်လုပ်ငန်းခွင်တော်တော်များများမှာ အရည်အချင်း ပြည့်မီစွာ ဦးဆောင်နိုင်သူများစွာ လိုအပ်လျက်ရှိတာကြောင့် မြန်မာနိုင်ငံက လူငယ်လူရွယ် ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ နိုင်ငံရပ်ခြားမှာ သွားရောက်ပညာသင်ယူခြင်းဟာ အထူးအဆန်း မဟုတ်တော့ပါဘူး။ လုပ်ငန်းတစ်ခုကို အောင်မြင်စွာ ဦးဆောင်နိုင်ဖို့ ဆိုတာ လုံလောက်တဲ့အလုပ်အတွေ့အကြုံတွေအပြင် တစ်ဖက်မှာ လည်း နိုင်ငံတကာ အသိအမှတ်ပြု အဆင့်မြင့်ပညာရပ်တွေ တတ်မြောက်ထားဖို့လည်း လိုအပ်လာနေပါတယ်။

မြန်မာကျောင်းသား၊ကျောင်းသူတွေအနေနဲ့ ပြည်ပတက္ကသိုလ်တွေ မှာ Bachelor Program, Master Programနဲ့ MBA Program တွေ တက်ရောက်ဖို့ ပိုမိုအားထုတ်လာကြတာ တွေ့ရ ပါတယ်။ ယူကေ၊ ယူအက်စ်၊ သြစတြေးလျနဲ့ ကနေဒါနိုင်ငံတွေရဲ့ MBA Programတွေက သင်ကြားမှုပုံစံ ကောင်းတဲ့အတိုင်း အာရှနိုင်ငံတွေထက်စာရင် စာသင်စရိတ်နဲ့ နေထိုင်စရိတ်အတိုင်းအတာ တစ်ခုအထိ မြင့်မားနေလေ့ရှိပါတယ်။

ကမ္ဘာ့အသိအမှတ်ပြု MBA Programကို (၁)နှစ်တက်ရောက် သင်ကြားပြီး ကုန်ကျစရိတ်သက်သက်သာသာနဲ့ ရချင်တယ်၊ ပညာသင်ဆုအခွင့်အလမ်းတွေနဲ့သင်ယူလိုတယ်ဆိုသူတွေအတွက် Samsung, Hyundai, KIA, LG, Posco, S-Oil, Lotteစတဲ့ နာမည်ကျော်လုပ်ငန်းစုတွေမွေးဖွားရာ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့အနီးက SolBridge International School Of Businessနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ…

SolBridge International School of Business ဆိုတာက –

အမေရိကန်ပြည်ထောင်စုရှိ AACSB၊ တောင်ကိုရီးယားနိုင်ငံ၏ ပညာရေးဝန်ကြီးဌာနနှင့် ၊ IEQAS အစရှိသည့် အဖွဲ့အစည်းကြီးများ၏ အသိအမှတ်ပြုခြင်းခံထားရပြီး Sol Bridge International School of Businessဆိုတဲ့နာမည်အတိုင်း Bachelor of Business Administration, Master of Business Administration, Master of Marketing Analytics စတဲ့ စီးပွားရေးပညာရပ်တွေကို နိုင်ငံတကာမှ သက်ဆိုင်ရာ အတွေ့အကြုံရင့် ပါမောက္ခများမှ အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားပေးလျက် ရှိပါတယ်။၊

BBA, MBA Programများကို နိုင်ငံတကာစီးပွားရေး သင်ကြားမှု ပုံစံများ အတိုင်း စာတွေ့ လက်တွေ့ သင်ကြားပေးခြင်းတို့ကြောင့် လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်သည့်အတွက် မြန်မာကျောင်းသား၊ကျောင်းသူများများနဲ့အထူးသင့်လျော်ပါတယ်။

SolBridge International School of Business ကချီးမြှင့်သွားမယ့် ပညာသင်ဆုတွေက –

➩ ၃နှစ်ခွဲတက်ရောက်သင်ကြားရမည့် Bachelor of Business Administration Programအတွက် ၃၀ရာခိုင်နှုန်းမှ ၁၀၀%ပညာသင်ဆုများ၊

➩ ၁နှစ်တက်ရောက်သင်ကြားရမည့် Master of Business Administration Programအတွက် ၅၀ရာခိုင်နှုန်းမှ ၁၀၀% ပညာသင်ဆုများ၊

➩ ၁နှစ်တက်ရောက်သင်ကြားရမည့် Master of Marketing Analytics Programအတွက် ၇၀%မှ ၁၀၀%အထိ ပညာသင်ဆုများကို ၂၀၁၉ ခုနှစ်ကျောင်းဝင်ခွင့်အတွက် ရွေးချယ်စီစစ် ပေးသွားမှာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်အတွက် SolBridge International School of Businessမှ ပေးအပ်သွားမယ့် ပညာသင်ဆုများကို လျှောက်ထားလိုသူ မြန်မာကျောင်းသား၊ကျောင်းသူများအနေဖြင့် IELTS သို့မဟုတ် TOEFL ရမှတ်များ ပြင်ဆင်ထားဖို့လည်း လိုပါတယ်။

SolBridge International School of Business ကျောင်းဝင်ခွင့်ဆိုင်ရာအသေးစိတ် အချက်အလက်များကို CROWN Education Office အမှတ် ၂၇၅ ၊ ၃ လွှာ ၊ ကမ္ဘောဇတာဝါ ၊ မြေနီကုန်း ကုန်းကျော်တံတားအနီး ၊ စမ်းချောင်းမြို့နယ် ✆ ဝ၁ ၅၂၇ ၈၃၈ ၊ ဝ၉ ၄၄ ၅၅ ၆၆ ၇ဝ၁၊ ဝ၉ ၄၄ ၅၅ ၆၆ ၇ဝ၂ သို့ရုံးချိန်အတွင်း လေး ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

Book Appointment >