Scholarships & News

SOLDBRIDGE INTERNATIONAL SCHOOL OF BUSINESS နှင့် CROWN Education တို့ပူးပေါင်းကာ ကျင်းပ ပြုလုပ်ခဲ့သည့် ပညာရေးဆွေးနွေးပွဲတွင် ဆွေးနွေးပွဲတက်ရောက်လာသူများထဲမှ (၃)ဦး အားရွေးချယ်ပြီး ရဝ% ၊ ၆ဝ% နှင့် ၅ဝ% ပညာသင်ဆုများကို ချီးမြှင့်ပေးခဲ့သည်။

ဆွေးနွေးပွဲအပြီး ကျင်းပခဲ့သည့် Business Plan Competition ၏ ရလာဒ်များ ၊ ဝင်ရောက်ယှဉ်ပြိုင်သူများ၏ Presentation Skills နှင့် အင်္ဂလိပ်စာအရည်အချင်းပေါ်မူတည်ကာ ၄င်းပညာသင်ဆု များကို ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ရွေးချယ်ခံရသူများ အနေဖြင့် SOLBRIDGE တွင် မိမိတက်ရောက်လိုသော Program ၏ ဝင်ခွင့် ပြည့်မီသည့် အချိန်တွင် ရရှိထားသည့် ပညာသင်ဆု ပမာဏ ဖြင့် စတင်တက်ရောက်နိုင်မည်ဖြစ်သည်။

ဆွေးနွေးပွဲ မတက်ရောက်ဖြစ်လိုက်ဘူးလား?
ဆွေးနွေးပွဲ မတက်ရောက်ဖြစ်လိုက်ပေမယ့် ၄ဝ% မှ ၁ဝဝ% အထိ ပညာသင်ဆုများရရှိမည့် အခွင့်အလမ်း သင့်မှာ ရှိပါသေးတယ်။
မြန်မာဆယ်တန်း ၊ iGCSE “O” Level ၊ HND ၊ NCC နှင့် abe စီးပွားရေး ဒီပလိုရရှိထားသူများ နှင့် တက္ကသိုလ်တစ်ခုခု တက်ရောက်နေဆဲ ကျောင်းသား ကျောင်းသူများ အတွက် SOLBRIDGE ၏
– International Management
– International Finance
– International Marketing
– Entrepreneurship စသည့် Bachelor of Business Administration (BBA) program များ
မြန်မာပြည်မှ ဘွဲ့တစ်ခုခုရရှိထားပြီး Master of Business Administration (MBA) တက်ရောက်လိုသူများအနေဖြင့် Management, Finance နှင့် Marketing ဘာသာရပ်များ အထူးပြု program များ ကို သတ်မှတ်ထားသည့်
– အင်္ဂလိပ်စာ အရည်အချင်း ရမှတ် (IELTS or TOFEL) နှင့်
– ပညာရေးဆိုင်ရာ အထောက်အထားများဖြင့် ပညာသင်ဆုများ လျှောက်ထားနိုင်ပါပြီ။ မြန်မာကျောင်းသား ကျောင်းသူများအတွက် သီးသန့်ခံစားခွင့်များလည်း ရှိသည်။

SOLBRIDGE ကို ဘာကြောင့်ရွေးချယ်သင့်သလဲ?
သင်ဟာ နိုင်ငံတကာ စီးပွားရေးဘွဲ့ကို အာရှရဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံမှာ ကုန်ကျစရိတ်သက်သာစွာနဲ့ တက်ရောက်လိုသူတစ်ယောက်ဖြစ်တယ်ဆိုရင် SOLBRIDGE ဟာ သင့်အတွက်ပါ။
ကမ္ဘာပေါ်ရှိ နာမည်ကြီး စီးပွားရေးလုုပ်ငန်းစုများ ဖြစ်သော Samsung, Hyundai, KIA, LG, Posco, S-Oil, Lotte စတဲ့ လုပ်ငန်းစုကြီးများမှ တစ်ဆင့် နောက်ဆုံးပေါ်ခေတ်မီနည်းပညာများ၊ စီးပွားရေးဆိုင်ရာ အတွေးအခေါ်ကောင်းများ စတာတွေကို ရရှိခြင်းကြောင့် သင်ကြားရေးပြီးတဲ့အခါ အလုပ်အကိုင် အခွင့်အလမ်းစတာ တွေအတွက်ပါအထောက်အကူပေးနိုင်ပါတယ်။

ကျောင်းဝင်ခွင့်နှင့် ပညာသင်ဆုဆိုင်ရာအသေးစိတ်အချက်အလက်များကို-
CROWN Education (Yangon)
CROWN Education & ROYAL ACADEMIC INSTITUTE
No. 275, 3rd Floor, KBZ TOWER, (ဒဂုန်စင်တာ (၂) အရှေ့) Pyay Road, Sanchaung, Yangon
၀၁ ၅၂၇ ၈၃၈ ၊ ၀၉ ၉၆၅ ၀၈၅ ၁၈၅၊ ၀၉ ၄၄ ၅၅ ၆၆ ရ၀၁

CROWN Education (Mandalay)
အခန်း၊ (၁၁၉) ၊ Hotel Mandalay၊
အမှတ် ၆၅၂၊၇၈ လမ်း၊ ၃၇ လမ်းနှင့် ၃၈ လမ်းကြား၊
၀၉-၄၅၀-၂၀၀-၀၈၀၊
ဝ၂-၇၂၆၃၆ ၊ လိုင်းခွဲ ၁၁၉ သို့တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါပြီ။

Book Appointment >