Scholarships & News

နှစ်စဉ်ပေးအပ်နေကြဖြစ်တဲ့ James Cook University Singapore 100% Scholarships တွေကို အရင်လို Scholarship Test နဲ့ စစ်ဆေးတာ မလုပ်တော့ဘဲ မြန်မာဆယ်တန်း/iGCSE ကျောင်းသား၊ကျောင်းသူတွေရဲ့ အမှတ်စာရင်းတွေကိုကြည့်ပြီး 2020 November Intake တစ်နှစ်စာ (ဘာသာရပ် ၈ခုစာ)အတွက် 100%, 50%, 25% ပညာသင်ဆုတွေကို ရွေးချယ်ပေးအပ်သွားတော့မှာဖြစ်ပါတယ်။

အဆိုပါ James Cook University Singapore 100%, 50%, 25% Scholarshipလျှောက်ထားလိုသူများအနေဖြင့် –
၁။ ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ (အမှတ်စာရင်း၊ အောင်လက်မှတ်)
၂။ JCUS Application Formကို ကိုယ်တိုင်လာရောက်ဖြည့်သွင်းပြီး Application Fee ဖြစ်သည့် $ 250 ပေးသွင်းရမည်
၃။ မှတ်ပုံတင်မူရင်းတို့ဖြင့် သြဂုတ်လ(၂၇)ရက်နေ့မှ အောက်တိုဘာလ (၅)ရက်နေ့နောက်ဆုံးထားပြီး CROWN Education Yangon & Mandalay Officeများသို့ လူကိုယ်တိုင် အမြန်ဆုံးလာရောက်လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။

JCUS Scholarshipတွေနဲ့ ကျောင်းဝင်ခွင့်ဆိုင်ရာအသေးစိတ်အချက်အလက်တွေကို ထပ်မံသိရှိလိုပါက – CROWN Education၏ ရုံးဖုန်းနံပါတ်များဖြစ်သည့် +95(9)250 023 288, 450 200 060သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းစကားပါးလိုက်ပါတယ်။

Book Appointment >