Scholarships & News

သြစတြေးလျနိုင်ငံ ထိပ်တန်းစာရင်းဝင် တက္ကသိုလ်တစ်ခုဖြစ်တဲ့ La Trobe University မှာ မြန်မာအစိုးရပညာရေး ဆယ်တန်းအောင်ကျောင်းသား/သူတွေ၊ GCE ‘O’ Level ၊ IGCSE အောင်မြင်ထားသူတွေအနေနဲ့ Foundation levelက စပြီး တက်ရောက်သင်ကြားနိုင်သလို ဆယ့်နှစ်တန်းပညာရေးပြီးထားသူတွေအနေနဲ့ Diploma ပရိုဂရမ်တွေကနေ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ယခုအခါ October 2020 နဲ့ March 2021 intake တွေမှာ Foundation (သို့) Diploma program တွေတက်ရောက်ဖို့ စီစဉ်ထားတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ မြန်မာငွေကျပ် သိန်း (၂၀) ကနေ (၄၈) သိန်း ပမာဏရှိ ပညာသင်ဆုများဖြင့် Melbourne မြို့ရှိ La Trobe College နဲ့ Sydney မြို့ရှိ La Trobe University Sydney Campus တွေမှာ တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။

အဆိုပါ Foundation နဲ့ Diploma Program တက်ရောက်ပြီးသူတွေအနေနဲ့ Arts, Social Science & Commerce (ASSC) & Science, Health & Engineering (SHE) မှ Business, Law, Education, IT, Health, Science & Psychologyအပြင် တခြားBachelor Programတွေကို La Trobe University မှာ ဆက်ပြီး သင်ယူနိုင်မှာဖြစ်ပါတယ်။

La Trobe University အနေနဲ့လည်း Academic Excellence Scholarship Award ပညာသင်ဆုတွေကို နိုင်ငံတကာက ထူးချွန်ကျောင်းသား၊သူတွေအတွက် ချီးမြှင့်ပေးတာကြောင့် Bachelor Degreeသင်ယူတဲ့အခါ စာသင်စရိတ်သက်သာခွင့်တွေကိုပါ ထပ်ရရှိနိုင်မှာဖြစ်ပါတယ်။

2020 Octoberနဲ့ 2021 March Intake တွေမှာ ပညာသင်ကြားဖို့စီစဉ်ထားတဲ့ ကျောင်းသား၊ကျောင်းသူတွေအတွက် ကျောင်းဝင်ခွင့်နဲ့ပတ်သက်ပြီး တိတိကျကျသိရှိနိုင်ဖို့၊ ပညာသင်ဆုများဖြင့် သင်ယူနိုင်ခွင့် စတဲ့ အသေးစိတ်အချက်အလက်တွေကို 09 977 977 200 သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Book Appointment >