Scholarships & News

၂၀၂၁ ခုနှစ်အတွင်း သြစတြေးလျနိုင်ငံက အဆင့်မြင့်တက္ကသိုလ်တစ်ခုခုမှာ ပညာသင်ကြားချင်တယ်၊ နေထိုင်ကုန်ကျစရိတ်လည်း သင့်တင့်ပြီး ပညာသင်ဆုလည်း လျှောက်ထားကြည့်ချင်တယ်ဆိုတဲ့ မြန်မာကျောင်းသူ/သားတွေနဲ့ မိဘတွေအတွက် AUD 10000နဲ့ညီမျှတဲ့ ပညာသင်ဆုတွေကို The University of Western Australia (UWA)က ပေးအပ်သွားတော့မှာဖြစ်ပါတယ်။

The University of Western Australia (UWA)ဆိုတာက –
Group of Eightအဖွဲ့ဝင် တက္ကသိုလ်တစ်ခုဖြစ်တဲ့ The University of Western Australia (UWA)ဟာဆိုရင် သြစတြေးလျနိုင်ငံအနောက်ပိုင်းမှာရှိပြီး Public Research Universityတစ်ခုဖြစ်သလို
# 1st IN WA FOR GRADUATE EMPLOYABILITY (QS GRADUATE EMPLOYABILITY RANKING 2020),
# 1st in the subject of Biological Sciences and Marine/Ocean Engineering,
# 1st in Australia and 17th in the world for Agricultural Sciences,
# 1st in Australia and 21st in the world for Environmental Science and Engineering,
# 22nd in the world for Oceanography (ARWU 2020)
# 85th RANKED IN THE WORLD (ARWU 2020)အစရှိတဲ့ မှတ်တမ်းကောင်းတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။

UWA တည်ရှိရာ Perthမြို့ဟာဆိုရင်လည်း သြစတြေးလျနိုင်ငံရဲ့ (၄)ခုမြောက်အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ QS GRADUATE EMPLOYABILITY RANKING 2020အရ – Syndey, Melbourne, Brisbaneမြို့အသီးသီးက ကျောင်းပြီးဘွဲ့ရရှိတဲ့ နိုင်ငံတကာကျောင်းသူ/သားတွေထက် အလုပ်အကိုင်ကောင်းရရှိမှုနှုန်းထားမှာလည်း Perthမြို့က နံပါတ်(၁)နေရာကနေ ရပ်တည်လျက်ရှိပါတယ်။

The University of Western Australia (UWA) ကျောင်းဝင်ခွင့်ရဖို့ ဘာတွေလိုအပ်လဲ။
မြန်မာဆယ်တန်း၊GCE O’ levelပြီးထားတဲ့ကျောင်းသူ၊သားတွေအနေနဲ့ UWA Foundation Program (UWAFP)ကို တိုက်ရိုက်တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် CROWN Education & Royal Academic Instituteကနေ American Grade 12 Program (GAC) သို့မဟုတ် Canada Grade 12 Program (OSSD) ပြီးထားတဲ့ ကျောင်းသူ၊သားတွေဆိုရင်တော့ UWAရဲ့ Diploma Programတွေကနေ တက်ရောက်သင်ကြားခွင့်ရရှိမှာဖြစ်ပါတယ်။

AUD 10000နဲ့ညီမျှတဲ့ The University of Western Australia (UWA) ပညာသင်ဆုတွေကို ဘယ်ပရိုဂရမ်တွေအတွက် လျှောက်ထားနိုင်မလဲ။
AUD 10000နဲ့ညီမျှတဲ့ (မြန်မာငွေကျပ်သိန်း(၁ဝဝ)ကျော်) UWA ပညာသင်ဆုတွေကိုတော့ UWA Foundation Program (UWAFP), Diploma of Commerce, Diploma of Science ပရိုဂရမ်တွေအတွက် ပေးအပ်သွားမှာဖြစ်ပါတယ်။

(၂ဝ၂၁)ခုနှစ်အတွက် UWA Scholarships နဲ့ ကျောင်းဝင်ခွင့်ဆိုင်ရာအချက်အလက်တွေကို အသေးစိတ်ထပ်မံသိရှိလိုပါက – CROWN Education၏ ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 4455 66 701~2, 09 977 977 200 သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းလျှောက်ထားနိုင်ကြောင်း သတင်းစကားပါးလိုက်ပါတယ်။

Book Appointment >