Scholarships & News

သြစတြေးလျနိုင်ငံသက်တမ်းရင့်တက္ကသိုလ်တွေထဲက လေးခုမြောက်တက္ကသိုလ်ဖြစ်တဲ့ University of Tasmania (UTAS)အနေနဲ့ (၂ဝ၂၁)ခုနှစ် ဇူလိုင်လကျောင်းဝင်ခွင့်အတွက် “ASEAN Science & Technology Undergraduate 50% Merit Scholarship”ကို တက္ကသိုလ်(၁)နှစ်စာ စတင်ပေးအပ်သွားတော့မှာဖြစ်ပါတယ်။UTASမှာ “ASEAN Science & Technology Undergraduate 50% Merit Scholarship”နဲ့ လျှောက်ထားသင်ယူနိုင်တဲ့ ပရိုဂရမ်တွေကတော့ –Bachelor of Agricultural Science with Honours,Bachelor of Environmental Sciences with Honours,Bachelor of Architecture and Built Environments,Bachelor of Engineering with Honours (Civil, Electronics & Communications, Electrical & Electronics, Electrical Power, and Mechanical),Bachelor of Maritime Engineering (Specialization) with Honours,Marine and Offshore Engineering, Naval Architecture, Ocean Engineering,Bachelor of Global Logistics and Maritime Management,Bachelor of Information and Communication Technology,Bachelor of Marine and Antarctic Science,Bachelor of Science,Bachelor of Surveying and Spatial Sciences တို့ပဲဖြစ်ပါတယ်။University of Tasmania (UTAS)ရဲ့ အဆိုပါ “ASEAN Science & Technology Undergraduate 50% Merit Scholarship” လျှောက်ထားလိုသူများအနေနဲ့ –၁။ ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ (အမှတ်စာရင်း၊ အောင်လက်မှတ်)၊၂။ အင်္ဂလိပ်စာအရည်အချင်း အထောက်အထား (IELTS Individual BandScore – 5.5 သို့မဟုတ် IELTS မရှိထားသူများအနေဖြင့် English Placement Test ဖြေဆိုလျှောက်ထားနိုင်ပါသည်)၊၃။ Passport မူရင်း၊၄။ မိမိ သက်ဆိုင်ရာကျောင်းမှ Principal ၏ Recommendation Letter၊၅။ ကိုယ်တိုင်ဖြည့်သွင်းထားသည့် University of Tasmania (UTAS) Application Form၊၆။ Personal Statement တို့ဖြင့် ၂ဝ၂၁ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့မှ မတ်လ (၃ဝ)ရက်နေ့ နောက်ဆုံးထားပြီး အမြန်ဆုံး လျှောက်ထားနိုင်ပါတယ်။University of Tasmania (UTAS) မှာ လျှောက်ထားနိုင်တဲ့ Bachelor Programတွေအကြောင်း၊ 50% Merit Scholarships နဲ့ ကျောင်းဝင်ခွင့်ဆိုင်ရာအသေးစိတ်အချက်အလက်တွေကို ထပ်မံသိရှိလိုပါက – CROWN Education၏ ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 977 977 200, 09 965 085 185 သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းစကားပါးလိုက်ပါတယ်။

Book Appointment >