Scholarships & News

သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံ ပညာရေးကို စိတ်ဝင်စားပြီး (၂ဝ၂၁)ခုနှစ်ထဲမှာ ကျောင်းသွားတက်ချင်တယ်… ပညာရေးထူးချွန်မှုအလိုက် ပညာသင်ဆုတွေကိုလည်း လျှောက်ထားကြည့်ချင်တယ်…ဆိုတဲ့ ကျောင်းသူ/သားတွေနဲ့ မိဘ၊အုပ်ထိန်းသူတွေအတွက် (7,500-25,000) AUD$, (5,000-7500) NZD$ နဲ့ ညီမျှတဲ့ “STUDENT EXCELLENCE SCHOLARSHIP” တွေကို ပေးအပ်သွားဖို့ရှိပါတယ်။

“STUDENT EXCELLENCE SCHOLARSHIP” လျှောက်ထားလိုသူများအနေဖြင့် –
University of Western Australia (Perth),
Flinders University (Adelaide),
The University of Sydney (Sydney),
The University of Auckland (Auckland),
The University of Waikato (Hamilton)
တက္ကသိုလ်တွေမှာ မြန်မာဆယ်တန်းအောင် ကျောင်းသူ/သားတွေ၊ GCE ‘O’ Level ၊ IGCSE အောင်မြင်ထားသူတွေအနေနဲ့ Engineering-IT-Business အပြင် Health Science (Foundation) ပရိုဂရမ်တွေကို လျှောက်ထားနိုင်မှာဖြစ်ပြီး Grade 12 ပညာရေးပြီးထားသူတွေအနေနဲ့ Diploma ပရိုဂရမ်တွေကို လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

အဆိုပါ “STUDENT EXCELLENCE SCHOLARSHIP” လျှောက်ထားဖို့အတွက် –
၁။ ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ (အမှတ်စာရင်း၊ အောင်လက်မှတ်)၊
၂။ Passport မူရင်း၊
၃။ မိမိလျှောက်ထားလိုသည့် University Application Form ဖြည့်သွင်းရမည်၊
၄။ Personal Statement တို့ဖြင့် အောက်တိုဘာလ (၁၅)ရက်နေ့မှ ဒီဇင်ဘာလ(၁ဝ)ရက်နေ့ နောက်ဆုံးထားပြီး CROWN Education Yangon, Mandalay Facebook Page နှင့် CROWN Education Instagramတို့မှ တဆင့် အမြန်ဆုံးလျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။အရေးအကြီးဆုံးအချက်ကတော့ – ပညာသင်ဆုအရေအတွက် ကန့်သတ်ထားတာဖြစ်လို့ အမြန်ဆုံးလျှောက်ထားဖို့ လိုပါတယ်။

“STUDENT EXCELLENCE SCHOLARSHIP”နှင့် တက္ကသိုလ်အလိုက် ကျောင်းဝင်ခွင့်ဆိုင်ရာအသေးစိတ်အချက်အလက်တွေကို ထပ်မံသိရှိလိုပါက – CROWN Education၏ ရုံးဖုန်းနံပါတ်များဖြစ်သည့် +95(9) 960 808 912, 977 977 200 (ရန်ကုန်)နှင့် 975 700 800 (မန္တလေး) သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းစကားပါးလိုက်ပါတယ်။

Book Appointment >