Scholarships & News

သြစတြေးလျတက္ကသိုလ်များမှ ချီးမြှင့်သည့် Bachelor ဘွဲ့များရရှိရန် အချိန်ကာလအားဖြင့် ပျမ်းမျှ
၄ နှစ် မှ ၅ နှစ် (မိမိရွေးချယ်သည့် ဘာသာရပ်ပေါ်မူတည် ၍) ကြာမြင့်ပါသည်။

iGCSE ၊ မြန်မာဆယ်တန်း အောင် ကျောင်းသား ကျောင်းသူများအနေဖြင့် သြစတြေးလျ တက္ကသိုလ်ကြီးများ၏ Foundation Year မှ စတင်တက်ရောက်ရပြီး တက္ကသိုလ်များ၏ Ranking ပေါ်မူတည်ကာ တိုက်ရိုက်ဝင်ခွင့် ရှိ/မရှိ ကွာခြားနိုင်ပါသည်။

ကုန်ကျစရိတ်အားဖြင့် ပျမ်းမျှ ၁ နှစ်လျှင် ကျောင်းစရိတ် – သြစတြေးလျ ဒေါ်လာ ၂၈ဝဝဝ မှ ၃၅ဝဝဝ အတွင်း နှင့် နေ/စား စရိတ် – သြစတြေးလျ ဒေါ်လာ ၁၈ဝဝဝ မှ ၂ဝဝဝဝ အတွင်း ကျသင့်သည်။

သြစတြေးလျတက္ကသိုလ်ကြီးများ – ဥပမာ
■ University of Sydney
■ University of Technology Sydney
■ University of Newcastle
■ Western Sydney University
■ University of Western Australia
■ Griffith University
■ Curtin University စသည်တို့ကို မြန်မာကျောင်းသား အများစု ရွေးချယ်လျှောက်ထားကြသည်။

ကျောင်းလျှောက်ထားမှုများ
ကျောင်းသူ ကျောင်းသားများ အနေဖြင့် သြစတြေးလျ တက္ကသိုလ်များ၏ Foundation Year ကို မိမိတို့၏ iGCSE ၊ ဆယ်တန်း ရမှတ်များဖြင့် စတင်လျှောက်ထားနိုင်သလို ၄င်း Foundation Year နှင့် ညီမျှသည့် ပြင်ဆင်မှုကို ပြည်တွင်း၌လည်း ပြုလုပ်နိုင်ပါသည်။

ပြည်တွင်း Foundation ကို >မိမိတို့အမှန်တကယ်ဝါသနာပါသည့် ဘာသာရပ်ကို သေချာစဉ်းစားရွေးချယ်ချင်သေးသူများ >တက္ကသိုလ်ပညာရေးအတွက် လုံလောက်သည့် ပြင်ဆင်မှုများရယူချင်သေးသူများ >ပြည်ပတွင် တိုက်ရိုက်တက်ရောက်ရန် အဆင်သင့်မဖြစ်သေးသူများ >အသက်အရွယ်ငယ်ရွယ်သေးသူများ ရွေးချယ်တက်ရောက်ကြသည်။
သင်တန်းကာလ (၁ နှစ်) တက်ရောက်ရမည့် ၄င်း Foundation Program သည် သြစတြေးလျတက္ကသိုလ်ကြီးများ အသိအမှတ်ပြု Global Assessment Certificate (ACT-GAC) ကို ချီးမြှင့်ပေးသည့်အတွက် မြန်မာပြည်တွင် စာသင်/နေထိုင် စရိတ်သက်သာစွာဖြင့် တက်ရောက်နိုင်ပြီး သြစတြေးလျတက္ကသိုလ်ကြီးများ၏ “ပထမနှစ်” သို့ တိုက်ရိုက်ဝင်ခွင့်ရရှိသည့် အပြင် ကျောင်းသား ကျောင်းသူများ၏ GPA ရမှတ်ပေါ်မူတည်ကာ တက္ကသိုလ်ကြီးများမှ “ပညာသင်ဆုများ” ကိုလည်း ထပ်မံချီးမြှင့်ပေးကြသည်။

Global Assessment Certificate Program – Batch 14 ကို Royal Academic Institute တွင် ၂ဝ၁၈ မတ်လ တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ဝင်ခွင့်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သတင်းပေးအပ်ပါသည်။

သြစတြေးလျတက္ကသိုလ်ကြီးများ တိုက်ရိုက်လျှောက်ထားမှု နှင့် Global Assessment Certificate Program အကြောင်း အသေးစိတ်စုံစမ်းရန်

CROWN Education & Royal Academic Institute
KANBAWZA TOWER, No 275, 3rd Floor, Pyay Road, Sanchaung Tsp, Yangon.
01 527 838, 09 44 55 66 701, 09 44 55 66 702, 09 4500 56 300

Book Appointment >