Scholarships & News

❑ ညီမနာမည် နန်းခင်ယမုံဦးပါ…ညီမ ဆယ်တန်းပြီးတော့ ပြည်တွင်းမှာ အင်ဂျင်နီယာဘာသာရပ် သင်ယူဖို့ လျှောက်ထားခဲ့ပါတယ်… တက်ချင်တဲ့ဘာသာရပ်မရခဲ့လို့ UMG Collegeမှာ HND Engineering ကို၂နှစ်ခွဲတက်ရောက်သင်ကြားခဲ့ပါတယ်…
HND Diploma (Engineering) ပြီးပြီးချင်း ယူကေမှာ Top-Up Program ဆက်လက်သင်ကြားဖို့ CROWN Educationမှတစ်ဆင့် လျှောက်ထားခဲ့ရာမှာ ၅၀%ပညာသင်ဆု ရရှိခဲ့သူ မနန်းခင်ယမုံဦးရဲ့ အတွေ့အကြုံတွေကို အများသိရှိနိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်နော်…

❑ University of Huddersfieldမှာ Top-Up Programတက်ရောက်ဖို့ ဘယ်အချက်တွေကို အဓိကထားရွေးချယ်ခဲ့လဲ?

ကျောင်းတက်ဖို့ ရွေးချယ်တဲ့အခါ အရင်ဆုံးWebsiteတွေ ကနေတစ်ဆင့် လေ့လာခဲ့ပါတယ်… Huddersfield တက္ကသိုလ်ရဲ့ Ranking ကလည်းအဆင်ပြေတယ်… အခြားမြို့တွေ ထက် Living Costsလည်း အဆင်ပြေတယ်… Senior အစ်ကိုတွေ၊ အစ်မတွေလည်း ရှိတာရယ် ညီမမြန်မာပြည်မှာ တက်ခဲ့ကျောင်းနဲ့လည်း Partner ဖြစ်တဲ့အတွက် Electronic & Communicationဘာသာရပ်ကို (Top Up Program)သွားတက်ဖို့ ရွေးချယ်ခဲ့တာပါ….

❑ ပြည်ပသင်ကြားမှုအပိုင်းအတွက် ပြင်ဆင်ထားမှုအပိုင်းကရော –

HND Diploma (Engineering)ပြီးတော့ မိဘတွေက အလုပ်ဝင်မလား… ကျောင်းဆက်တက် မလားရွေးခိုင်းတယ်…ညီမအနေနဲ့ကျောင်းတက်ချင်သေးတာပဲသိတယ်…ဘယ်ကစပြင်ဆင်ရမယ်မသိဘူး…ရန်ကုန်မှာ Agentတွေအများကြီးရှိပေမယ့် နောက်ဆုံးမှာ CROWN Educationကိုပဲ ရောက်လာခဲ့ပါတယ်။ ညီမအနေနဲ့ University of Huddersfieldမှာ First Yearကနေစတက်တာ မဟုတ်ဘဲ Top-Up Program သွားတက်မှာဆိုတော့ ပြင်ဆင်မှုတော်တော်လေးလုပ်ခဲ့ရပါတယ်။ အဓိကကတော့ အင်္ဂလိပ်စာပိုင်းကို သေချာပြင်ဆင်ခဲ့ရပါတယ်။ မိဘတွေကတော့ ယူကေမှာကျောင်းသွားတက်မယ် ဆိုရင် ဖြစ်ဖြစ်မြောက်မြောက် လုပ်ခဲ့ဖို့အားပေးပါတယ်။

❑ ကျောင်းလျှောက်ထားချိန် တွေ့ကြုံခဲ့ရတာတွေက –

ကျောင်းလျှောက်ထားမှုအပိုင်းအနေနဲ့ဆိုရင် CROWN Education မှာကျောင်းလျှောက်ထားတဲ့အခါ “အမတွေက 50%ပညာသင်ဆုရှိတယ် ညီမလေးဆိုပြီး ပညာသင်ဆုလျှောက်ဖို့အတွက် အားပေးတယ် … ပြီးတော့ဘာတွေပြင်ဆင်ရမယ်… ဘာတွေလုပ်ရမယ်ဆိုတာလည်းအသေးစိတ် လမ်းညွှန်ပေး ပါတယ်…” ပြောပြပေးတဲ့အတိုင်းပြင်ဆင်မှုတွေလုပ်ခဲ့တဲ့အတွက် ၅၀%ရာခိုင်နှုန်း ပညာသင်ဆုကိုပါ ရရှိခဲ့ပါတယ်။
.
❑ Engineeringဘာသာရပ်ကို စိတ်ဝင်စားတဲ့လူငယ်တွေအတွက် အကြံပြုစကားလေးက –

“Enginerringဘာသာရပ်ကိုအမှန်တကယ် သင်ယူဖို့ဆုံးဖြတ်ထားတယ်ဆိုရင် အကြောင်းကြောင်း ကြောင့် အမှတ်မမီခဲ့လည်း အားငယ်စရာ မလိုပါဘူး … ရွေးချယ်လို့ရတဲ့ Private Educationတွေ ရှိပါတယ်…” ကျောင်းပြီးလို့ ပြည်ပကျောင်းတွေ လျှောက်ထားမယ်ဆိုရင်လည်း အခမဲ့တိတိကျကျ လမ်းညွှန် ဆောင်ရွက်ပေးတဲ့ CROWN Educationလို Education Agency တွေမှာလျှောက်ထားဖို့ လည်း အကြံပြုချင်ပါတယ်ရှင်..

❑ University of Huddersfield ရဲ့ Januaryနဲ့ September intakeတွေမှာ Engineering, Business, Computer Science (Top-Up Program) များသာမက MBA, MSc Programတွေကို ရွေးချယ်လျှောက်ထားနိုင်မယ့်အပြင် ၅၀%ပညာသင်ဆု အကြောင်းအရာများကို CROWN Education Office အမှတ် ၂၇၅ ၊ ၃ လွှာ ၊ ကမ္ဘောဇတာဝါ ၊ မြေနီကုန်း ကုန်းကျော်တံတားအနီး ၊ စမ်းချောင်းမြို့နယ် ✆ ဝ၁ ၅၂၇ ၈၃၈ ၊ ဝ၉ ၄၄ ၅၅ ၆၆ ၇ဝ၁၊ ဝ၉ ၄၄ ၅၅ ၆၆ ၇ဝ၂ သို့ရုံးချိန်အတွင်းလေး ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်။

Book Appointment >