Scholarships & News

ကျွန်တော် သင်ထူးဟန်ပါ။ ကယ်လီဖိုးနီးယားမှာရှိတဲ့ Skyline College ကနေ Computer Science ဘာသာရပ်အတွက် ၁၀၀% စကော်လာရှစ်ရခဲ့ပါတယ်။ ကျွန်တော် ဆယ်တန်းတုန်းက ဂုဏ်ထူးငါးဘာသာရရှိခဲ့ပြီး University of Information Technology, ယခင် ကွန်ပျူတာက္ကသိုလ် (ဗဟန်း) မှာ တက်ခဲ့ပါတယ်။ တစ်ဖက်မှာလဲ အမေရိကန်ပညာရေးကို စိတ်ဝင်စားတဲ့အတွက် Crown Education မှာ အသေးစိတ်စုံစမ်းခဲ့ပါတယ်။

ကျောင်းလျှောက်ထားဖို့အတွက် TOEFL ဖြေဆိုခဲ့ပြီး Crown Education ရဲ့ အကူအညီနဲ့ဘဲ ကျွန်တော် Skyline College ကို လျှောက်ဖြစ်ခဲ့ပါတယ်။ Community College တွေက full-Scholarship ပေးတာ အရမ်းရှားပေမယ့် ကျွန်တော် ရရှိခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ ပညာသင်ယူချင်တဲ့ ညီငယ်ညီမငယ်များအတွက် အကြံပြုချင်တာကတော့ ကိုယ့်အတွက် အခွင့်အလမ်းဆိုတာ အများကြီးရှိပါတယ် အမှတ်ကောင်းအောင် ကြိုးစားကြပါ Community College ကနေတစ်ဆင့် ဆက်လက်တက်ရောက်နိုင်တဲ့ နာမည်ကြီး University ကြီးတွေဆိုတာ လက်တစ်ကမ်းမှာပါ။

Book Appointment >