Scholarships & News

အရင်ဆုံး USMLEရဲ့ သတ်မှတ်ချက်နှင့် ၀င်ခွင့်စာမေးပွဲအကြောင်းပြောပြပေးပါခင်ဗျ…
USMLEစာမေးပွဲအောင်မြင်ပြီး USမှာ Residencyရဖို့အတွက် အဆင့်၃ဆင့်ရှိပါတယ်။ အခုကတော့ USMLEရဲ့ Step 1ဖြေဆိုဖို့အတွက် Kaplan Medical ရဲ့ Preparation Course တက်ရောက်တာ ဖြစ်ပြီး နောက်၂ဆင့်ကိုလည်း အမေရိကမှာ ဖြေဆိုရမှာဖြစ်ပါတယ်။USMLEက ကိုယ်ရတဲ့အမှတ် အပေါ်မူတည်ပြီး Percentile နဲ့သွားတယ်။ တချို့နိမ့်တဲ့ဟာ တွေရှိတယ်။ မြင့်တဲ့ဟာ တွေရှိတယ်။ အဲ့ပေါ်မှာ မူတည်ပြီးတော့ ကိုယ်စိတ်ဝင်စားတဲ့အရာကိုရွေးချယ်လျှောက်ထား ရမှာပါ။ USMLEက ဘွဲ့ပေးတာ မျိုးတော့မဟုတ်ဘူးခင်ဗျ။ မြန်မာနိုင်ငံမှာဆိုရင်တော့ MBBS(ဆမ)လိုင်စင်လို ထုတ်ပေးတာ ဖြစ်တဲ့အတွက် US Residency Trainingကို လက်ခံတဲ့နိုင်ငံတော်တော်များများ မှာတော့ သူ့နိုင်ငံက သတ်မှတ်တဲ့ စာမေးပွဲဖြေဆိုပြီးပြီဆိုရင် ဆေးကုသခွင့်ရရှိနိုင်မှာ ဖြစ်ပါတယ်။

အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ ပြင်ဆင်ဖြစ်ခဲ့ပုံလေးတွေလည်း ပြောပြပေးပါဦးခင်ဗျ…
IELTS Preparationကို ဆယ်တန်းပြီးတော့ တက်တယ်၊ ဖြေဆိုဖြစ်ခဲ့တာမျိုးတော့မရှိပါဘူး။ အားလပ်ချိန်တွေမှာ အင်္ဂလိပ်သီချင်းတွေနားထောင်တယ်၊ရုပ်ရှင်ကြည့်ဖြစ်တယ်၊စာဖတ်ဖြစ်ပါတယ်။ အမှန်အတိုင်းပြောရရင် အင်္ဂလိပ်စာ အရမ်းကောင်းတဲ့အထဲမှာမပါပေမယ့် အမေရိကန်ပြည်ထောင်စုက KAPLANမှာ သွားတက်မယ်ဆိုရင် အနည်းဆုံး IELTS (6.5) လောက်လိုတာပဲလေ။ ဒါပေမယ့် ကိုယ့်သက်ဆိုင်ရာတက္ကသိုလ်ကနေ Transcript နဲ့ Recommendation ပေးတယ်ဆိုရင်တော့ IELTSရမှတ်တင်ပြစရာမလိုဘဲ ၀င်ခွင့်ရရှိနိုင်တာတွေလည်း ရှိပါတယ်။ IELTS ရမှတ်လိုလား၊မလိုလားနဲ့ပတ်သက်ပြီး ကိုယ်တိုင်အခက်အခဲလေးတွေကြုံခဲ့ရပါတယ်။ ကိုယ်တက်တဲ့ကျောင်းက World Medical University List မှာပါပြီး အင်္ဂလိပ်စာကို သေသေချာချာ ပြင်ဆင်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး Recommendation ပေးလို့လည်း မြန်မြန်ဆန်ဆန်နဲ့ ၀င်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ခုလိုကူညီပေးတဲ့ ဆေးတက္ကသိုလ်(၁)က ဆရာ၊ဆရာမတွေကို ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျ။

ပြည်တွင်းမှာ ဆေးပညာသင်ယူနေတဲ့၊ကျောင်းပြီးထားတဲ့ ကျောင်းသား၊ကျောင်းသူတွေကိုလည်း အကြံပြုစကားလေး တွေရှိရင်လည်း ပြောပြပေးပါဦး…
လူဆိုတာတော့ ခံယူချက်အမျိုးမျိုးရှိတာပေါ့လေ။ တချို့ကျတော့လည်း ပြည်တွင်းမှာ အစိုးရဝန်ထမ်း မလုပ်ချင်ဘူး၊တချို့ကျတော့လည်း ပြည်ပမထွက်ချင်ကြဘူး။အကြံပေးချင်တာတော့ အရင်ဆုံး ပြည်တွင်းမှာ အခွင့်အလမ်းရှာကြည့်ပါ။ဒုတိယအနေနဲ့ မှ ပြည်ပကိုစဉ်းစားပါ။ အမှန်အတိုင်းပြောရရင် ကျနော်တို့နိုင်ငံက ဖွံ့ဖြိုးကာစဆိုပေမယ့် တခြားနိုင်ငံတွေလိုဘဲ ကောင်းမွန်တဲ့အခွင့်အလမ်းတွေ လည်းရှိပါတယ်။ပြည်တွင်းမှာ မပျော်ဘူးဆိုမှသာ ပြည်ပမှာ အခွင့်အလမ်းရှာကြည့်ကြည့်ဖို့ အကြံပြုလိုတာပါ။ ပြည်ပထွက်တဲ့ အခါမှာလည်း မြန်မာနိုင်ငံကနေ အမေရိက၊ယူကေနဲ့ သြစတေးလျကို အသွားများကြပါတယ်။ ကျနော့်အနေနဲ့က အမျိုးတွေကလာစေချင်တာရယ်၊ Opportunityလေးပေါ်တုန်း Tryကြည့်ချင်တာရယ်၊ပြီးတော့ ကျနော်လေ့လာချင်တဲ့ Subjectလေးလည်း အဲ့ဘက်မှာမဆိုးဘူး
အဆင်ပြေတယ်မို့လို့သာ အမေရိကကို ရွေးချယ်ဖြစ်ခဲ့တာပါ။

ကျောင်းလျှောက်ထားတဲ့အချိန်နဲ့ ဗီဇာလျှောက်ထားတဲ့အခါမှာရော အခက်အခဲတွေ ရှိခဲ့လားဆိုတာလေးလည်း ဝေမျှပေးပါဦးခင်ဗျ…
ဟုတ်ကဲ့ ကျနော်သိသလောက်တော့ USMLE ဖြေဖို့အတွက် Kaplanမှာ Preparationကို နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ အတွက် အတွေ့အကြံုမရှိတဲ့ ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ အချိန်တော်တော်ယူရပါတယ်။ ဒါပေမယ့် အခုလိုတစ်လအတွင်းနဲ့ ကျောင်းကိစ္စရော၊ဗီဇာကိစ္စတွေ အားလုံး အဆင်ပြေပြေဖြစ်ခဲ့တာ ကလည်း CROWN Educationက ဆရာဦးအောင်ကျော်ဆန်း အပါအဝင် အမတွေအားလုံးက တစ်ချက်ချင်းစီကို အသေးစိတ်စစ်ဆေး ဆောင်ရွက်ပေးတဲ့အတွက် အခက်အခဲမရှိခဲ့တာပါ။ ဒါကြောင့် ကျနော့်အနေနဲ့ Kaplan Medicalရဲ့ Official Partner ဖြစ်တဲ့ CROWN Educationကို ဆက်သွယ်ဖို့ ပြောလိုပါတယ်ခင်ဗျ။

ဟုတ်ကဲ့ ခုလိုမအားတဲ့ကြားက အချိန်ပေးပြီး ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့ ဒေါက်တာ ကျော်ဇောဟိန်းကို ကျေးဇူးတင်ပါတယ်ခင်ဗျ။ ဟုတ်ကဲ့ ကျနော့အနေနဲ့လည်း ခုလိုပြောပြခွင့်ရတဲ့ အတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ။

Book Appointment >