Scholarships & News

National Management Degree Collegeကနေ English for Professional Purposes(EPP)နဲ့ ဘွဲ့ရရှိထားပြီး UWE Bristolရဲ့ ၅ဝ%ပညာသင်ဆုရရှိထားသူတွေထဲကတစ်ဦးအပါအဝင်ဖြစ်သူ ညီမငယ် မအေးငြိမ်းစုရဲ့ အတွေ့အကြုံတွေကို အများသိရှိနိုင်ဖို့မျှဝေပေးလိုက်ပါတယ်။

ယူကေမှာ ဘွဲ့လွန်ပညာသင်ယူဖို့ရွေးချယ်ဖြစ်ခဲ့တာက…

ညီမအနေနဲ့ Master of Business Administration(MBA)ကို ပြည်ပနိုင်ငံတွေမှာ အထူးသဖြင့်ယူကေမှာ သင်ချင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ တခြားနိုင်ငံတွေမှာ ရရှိလာမယ့် အတွေ့အကြုံသစ်တွေ၊ အမြင်သစ်တွေကိုကျောင်းတက်ရင်းနဲ့လေ့လာချင်တယ်။ အနောက်နိုင်ငံတွေမှာ သင်ကြားတဲ့ စာသင်ကြားမှုပုံစံနဲ့ life stylesတွေကိုလည်း ကိုယ်တိုင်ထိတွေ့လေ့လာချင်တာကြောင့် ယူကေမှာသင်ကြားဖို့ရွေးချယ်ခဲ့ပါတယ်။

ပြည်တွင်းပြင်ဆင်မှုအပိုင်းအနေနဲ့…

ပြည်တွင်းမှာ အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး ပြင်ဆင်မှုအပိုင်းမှာဆိုရင် – ညီမက ကျောင်းမှာ English for Professional Purposes (EPP)ကိုတက်ကတည်းက လုပ်ငန်းတွင်း အင်္ဂလိပ်စာဘာသာရပ်နဲ့ Business Managementအပိုင်းကိုတွဲယူခဲ့ရတယ်။ တခြားအင်္ဂလိပ်စာ Diplomaတွေလည်းယူခဲ့တဲ့အပြင် LCCIသင်တန်းတွေ၊ Business Management(ICM)သင်တန်းကိုလည်းတက်ရောက်လေ့လာခဲ့ပါတယ်။အပြင်အနေနဲ့ဆိုရင် American Centreမှာ အင်္ဂလိပ်စာကိုသေချာပြင်ဆင်လေ့လာခဲ့တဲ့အပြင် IELTSစာမေးပွဲကိုလည်းဖြေဆိုခဲ့ပါတယ်။ ပြီးတော့ ဘွဲ့ရကျောင်းပြီးတဲ့အချိန်မှာ Real Estate,FMCGနယ်ပယ်တွေမှာ စုစုပေါင်းအလုပ်အတွေ့အကြုံ (၃)နှစ်လောက်ယူခဲ့ပြီးမှ MBA Programတက်ဖို့ ရွေးချယ်ခဲ့ပါတယ်။

UWE Bristol မှာ တက်ဖို့ရွေးချယ်ဖြစ်ခဲ့တာက…

ညီမယူကေမှာကျောင်းသွားတက်ချင်တယ်ဆိုပြီး planရှိတဲ့အချိန်မှာ Education Fairတွေစပြီးတက်ရောက်ဖြစ်ခဲ့တယ်။ အဲ့ကတစ်ဆင့် CROWN Education Consultancyမှာ ညီမတက်ချင်တဲ့ ကျောင်းပုံစံ၊တက်ချင်တဲ့ programနဲ့ပတ်သက်ပြီး အဓိကဆွေးနွေးတိုင်ပင်ခဲ့တယ်။ CROWN Educationကပေးတဲ့ အကြံဉာဏ်တွေလည်းရယူခဲ့သလို ညီမနဲ့ကိုက်ညီမယ့် ညီမတက်ချင်တဲ့ကျောင်းပုံစံ varietyတွေကိုလည်းချပြပေးခဲ့တယ်။ အဲ့အထဲမှာမှ UWEကကျတော့ Rankingပိုင်းကောင်းတယ်၊စာသင်ကြားရေးပိုင်းမှာလည်းGold Awardsတွေရထားတယ်၊ ညီမတို့ကျောင်းသား၊ကျောင်းသူတွေအတွက် ၅ဝ% ပညာသင်ဆုအခွင့်အရေးတွေလည်းရှိတယ်၊ UWE Bristolမှာတက်နေတဲ့ မြန်မာကျောင်းသား၊ကျောင်းသူတွေလည်းရှိတယ်… အဓိကရွေးချယ်ဖြစ်ခဲ့တာကတော့ ညီမဖြစ်ချင်တဲ့၊တက်ချင်တဲ့ ကျောင်းပုံစံနဲ့ထပ်တူကျနေလို့ UWE Bristolကိုပဲရွေးချယ်ခဲ့တာပါ။

ကိုယ်တိုင်ကျောင်းလျှောက်ထားတဲ့အခါမှာ တွေ့ကြုံရတာတွေက…

ညီမအခုလို UWE Bristolရဲ့ ပညာသင်ဆုရတဲ့အတွက် တကယ်ဝမ်းသာပါတယ်.. ခုလိုEducation Consultancyနဲ့မဟုတ်ဘဲ ညီမဘာသာဆိုရင် informationတွေကြိုးစားရှာဖွေလေ့လာတာအပြင် တိတိကျကျ inforamtionတွေမရနိုင်ဘူးပေါ့နော်… CROWN Educationကိုလာခဲ့တဲ့အချိန်မှာ ဒီလိုopportunityတွေရှိတယ်… ညီမလေးဘက်က ဘာလေးတွေပြင်ဆင်ထားရမယ်ဆိုတာကြိုသိခဲ့ရပါတယ်။ Scholarshipလျှောက်ထားဖို့အတွက် ညီမအနေနဲ့ဘာတွေပြင်ဆင်သင့်တယ်ဆိုတာကြိုပြောပြပေးခဲ့လို့ ပြင်ဆင်ချိန်လုံလုံလောက်လောက်ရခဲ့ပါတယ်။ အဲ့ဒါကြောင့်မို့ ညီမကတော့ UWE Bristolမှာပဲတက်တက် ဘယ်မှာပဲတက်တက် အဓိကကတော့ သေချာနားလည်တဲ့ Education Consultantတွေနဲ့တိုင်ပင်ဖို့အားပေးပါတယ်။ ပြီးတော့ ကိုယ်ကိုယ်တိုင်ကလည်း လိုအပ်ချက်တွေကိုအချိန်ယူပြီးပြင်ဆင်မယ်ဆိုရင် အခက်အခဲမရှိသင်ကြားနိုင်မယ်လို့ယုံကြည်ပါတယ်ရှင့်။

Book Appointment >