Scholarships & News

ရှိတ်စပီးယားရဲ့ မွေးရပ်မြေလည်းဖြစ်သလို ကမ္ဘာကျော်ဘောလုံးအသင်းကြီးတွေကို ပိုင်ဆိုင်ထားတဲ့အပြင် နိုင်ငံတကာပညာရေးမှာလည်း နာမည်ကြီးတဲ့ အင်္ဂလန်မှာ(၂ဝ၂၁)ခုနှစ်အတွင်း ဘွဲ့လွန်ပညာသင်ယူဖို့ ပြင်ဆင်နေတဲ့ ကျောင်းသား/သူတွေအတွက် – အင်္ဂလန်နိုင်ငံ အရှေ့မြောက်ပိုင်းက Newcastle University အကြောင်း ပြောပြပေးချင်ပါတယ်။

Russell Group အဖွဲ့ဝင် Teaching Excellence Frameworkမှာ Gold Rating ရရှိထားတဲ့ Research-Intensive UK University တစ်ခုဖြစ်သလို Research Excellence Framework Award ကိုပါ ရရှိထားတဲ့ Newcastle University မှာဆိုရင် နှစ်စဉ် နိုင်ငံပေါင်း (၁၂ဝ)ကျော်က ကျောင်းသား/သူပေါင်း (၂၀,ဝဝဝ)ကျော် လာရောက်စာသင်နေထိုင်လျက်ရှိပါတယ်။

Engineering, Digital Technology, Finance, Fine Arts, Health, Data, Energy နဲ့ Creative Arts ဘာသာရပ် သင်ကြားမှုတွေမှာ နာမည်ကြီးသလို Newcastle University ရဲ့ Alumniတွေထဲမှာဆိုရင် Electrical Engineeringနဲ့ ဘွဲ့ရရှိထားပြီး Mr.Bean အပြင် Johnny English ဇာတ်ကားတွေနဲ့ပါ အောင်မြင်မှုရခဲ့တဲ့ အင်္ဂလိပ်လူမျိုး သရုပ်ဆောင်၊စာရေးဆရာ Rowan Atkinson လည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

အခုဆိုရင် ယူကေမှာ ကျောင်းတက်ပြီးတဲ့အခါ Post Study Work Visa (၂)နှစ်လျှောက်ထားနိုင်ခွင့်အပြင် Newcastle University ရဲ့ အားသာချက်ကတော့ – သတ်မှတ်ထားတဲ့ Bachelor Degree, Master Degree သင်ယူတဲ့ ကျောင်းသား/သူတွေအတွက် Sandwich Year Programs တွေအပြင် ပြင်ပအဖွဲ့အစည်းတွေနဲ့ အတူတွဲလုပ်ရတဲ့ Projectsတွေ ရှိတာကြောင့် ပညာသင်ရင်းနဲ့ အလုပ်အတွေ့အကြုံရှာဖွေလိုတဲ့ ညီလေး၊ညီမလေးတွေအတွက် အကျိုးရှိစေတဲ့ ပရိုဂရမ်တွေလို့လည်း ဆိုနိုင်ပါတယ်။

Newcastle Universityမှာ (၂ဝ၂၁) ခုနှစ် January Intake အတွက် လျှောက်ထားနိုင်တဲ့ ဘွဲ့လွန်ပရိုဂရမ်တွေထဲကမှ –
· Architecture, Planning and Landscape,
· Computer Science,
· Civil Engineering (Environmental/Structural/Transport/Water Resources)
· Environmental Science,
· Education,
· Electrical and Electronic Engineering
· Genetics
· Linguistics, Applied Linguistics,
· Master of Business Administration,MBA
· Mechanical and Systems Engineering,
· Marine Technology,
· Marine Sciences 

· Psychology,
· Politics,
· Statistics,
စတဲ့ ပရိုဂရမ်တွေကတော့ နိုင်ငံတကာ ကျောင်းသား/သူတွေ တက်ရောက်မှု အများဆုံးဖြစ်ပါတယ်။

အခုလို အစဉ်အလာကြီးမားပြီး ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်စာရင်းဝင်တဲ့ Newcastle University မှာ ဘွဲ့ကြို၊ ဘွဲ့လွန်ပရိုဂရမ်ပေါင်း (၂ဝဝ)ကျော်ကို သင်ကြားပို့ချပေးနေပြီး ပညာအရည်အချင်းထူးချွန်သူတွေအတွက် Vice-Chancellor’s International Scholarships အပြင် မြန်မာငွေကျပ် သိန်း (၁၇ဝ)ကျော် တန်ဖိုးညီမျှတဲ့ GREAT Scholarshipsတွေကိုလည်း ရွေးချယ်ပေးအပ်လျက်ရှိပါတယ်။

Newcastle University ရဲ့ (၂ဝ၂၁) ခုနှစ် ဇန်နဝါရီလ ကျောင်းဝင်ခွင့်၊ လျှောက်ထားနိုင်မယ့် ဘာသာရပ်တွေနဲ့ ပညာသင်ဆုဆိုင်ရာအချက်အလက်တွေကို အသေးစိတ်ထပ်မံသိရှိလိုပါက – CROWN Education ၏ ရုံးဖုန်းနံပါတ်များဖြစ်သည့် +95(9) 443 273 277, 977 977 200 သို့ ရုံးချိန်အတွင်းဆက်သွယ် စုံစမ်းနိုင်ပါတယ်။

Book Appointment >