Scholarships & News

ယူကေမှာ (၂ဝ၂၁)ခုနှစ်အတွင်း ဘွဲ့လွန်ပညာသင်ယူဖို့ပြင်ဆင်နေတဲ့ ကျောင်းသား/သူတွေအတွက် – အင်္ဂလန်အနောက်တောင်ပိုင်း ရှေးဟောင်းသမိုင်းဝင် Exeter မြို့မှာ ရှိပြီး Teaching Excellence Framework မှာ Gold Rating ရရှိထားတဲ့ University of Exeter အကြောင်း ပြောပြပေးချင်ပါတယ်။

Russell Group အဖွဲ့ဝင် Academic Research-Intensive UK University တစ်ခုဖြစ်ပြီး St. Luke’s, Streatham, Cornwall စုစုပေါင်း Campus(၃)ခုနဲ့ ဖွင့်လှစ်သင်ကြားပေးနေတဲ့ University of Exeterမှာ နှစ်စဉ် နိုင်ငံပေါင်း (၁၃ဝ)ကျော်က နိုင်ငံတကာကျောင်းသား၊ကျောင်းသူပေါင်း (၂၁,ဝဝဝ)ကျော် လုံခြုံစိတ်ချစွာ လာရောက်စာသင်နေထိုင်လျက်ရှိပါတယ်။

Science, Engineering, Maths, Medicine, Humanities and Social Sciences ဘာသာရပ် သင်ကြားမှုတွေမှာ နာမည်ကြီးသလို University of Exeter ရဲ့ Alumniတွေထဲမှာဆိုရင် ကမ္ဘာကျော် Harry Potterရုပ်ရှင်ဇာတ်ကားတွေနဲ့ နာမည်ကျော်ကြားခဲ့တဲ့ အင်္ဂလန်စာရေးဆရာမ J.K.Rowlingလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

(၂ဝ၂၁) ခုနှစ် January Intake အတွက် လျှောက်ထားနိုင်တဲ့ ဘွဲ့လွန်ပရိုဂရမ်တွေထဲကမှ –
· MSc Accounting and Finance,
· MSc Economics,
· MSc in Entrepreneurship and Innovation Management,
· MSc International Business,
· MSc Business Analytics,
· MSc Financial Technology (FinTech),
· MA Creativity: Innovation and Business Strategy,
· MPA Public Administration,
· MSc Applied Data Science and Statistics,
· MSc Engineering Business Management (with Industrial Placement)
စတဲ့ ပရိုဂရမ်တွေကတော့ နိုင်ငံတကာ ကျောင်းသား/သူတွေ တက်ရောက်မှု အများဆုံးဖြစ်ပါတယ်။

အခုလိုအစဉ်အလာကြီးမားပြီး ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်စာရင်းဝင်တဲ့ University of Exeter မှာ ဘွဲ့ကြို၊ ဘွဲ့လွန်ပရိုဂရမ် (၂ဝဝ)ကျော်ကို သင်ကြားပို့ချပေးနေပြီး ပညာအရည်အချင်းထူးချွန်သူတွေအတွက် Subject-Specific Scholarshipsအပြင် မြန်မာငွေကျပ် သိန်း (၁၇ဝ)ကျော် တန်ဖိုးညီမျှတဲ့ Global Excellence Scholarshipsတွေကိုလည်း ရွေးချယ်ပေးအပ်လေ့ရှိပါတယ်။

University of Exeter ရဲ့ (၂ဝ၂၁) ခုနှစ် ဇန်နဝါရီလ ကျောင်းဝင်ခွင့်နဲ့ ပညာသင်ဆုဆိုင်ရာအချက်အလက်တွေကို အသေးစိတ်ထပ်မံသိရှိလိုပါက – CROWN Education ၏ ရုံးဖုန်းနံပါတ်များဖြစ်သည့် +95(9) 443 273 277, 977 977 200 သို့ ရုံးချိန်အတွင်းဆက်သွယ် စုံစမ်းနိုင်ပါတယ်။

Book Appointment >