ACT - GAC Program

❝ညီမက နိုင်ငံရပ်ခြား ပညာသင်ယူဖို့ လိုအပ်တာတွေ ပြင်ဆင်နေတဲ့အချိန်အတွင်းမှာ GAC Grade 12 Program က Academic ပိုင်းအပြင် Social ပိုင်းအတွက်ပါ အများကြီး အထောက်အကူပေးခဲ့ပါတယ်။ GAC programက မြန်မာပြည် ကျောင်းသားတွေအတွက် သင်ကြားမှုပုံစံအသစ်ဖြစ်နေပေမယ့် ဆရာ၊ဆရာမတွေရဲ့ အကူအညီကြောင့် သမီးအတွက် အခက်အခဲ သိပ်မရှိခဲ့ပါဘူး။ အဓိက ကတော့ လူအများရှေ့မှာ presentation ထွက်လုပ်ရတာကို အများကြီး ကြိုးစားပြင်ဆင်ခဲ့ရပြီး အခုတော့ အေးဆေးလွယ်ကူနေပါပြီ။

.GAC ပြီးတော့ ACT နဲ့ IELTS ထပ်ဖြေပြီး အမေရိကမှာရှိတဲ့ Rochester Institute of Technology ရဲ့ Biotechnology ကို လျှောက်ထားခဲ့ပါတယ်။ GACမှာ ညီမအနေနဲ့ GPAရမှတ် ကောင်းကောင်းရထားတော့ RIT ကို ကျောင်းဝင်ခွင့်လွယ်ကူခဲ့တဲ့အပြင် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၇,၀၀၀ နဲ့  စုစုပေါင်း ၄နှစ်စာ ပညာသင်ဆု ရရှိခဲ့ပါတယ်။ ကျောင်းတက်ရင်း on-campusအနေနဲ့ အချိန်ပိုင်းအလုပ်လုပ်ခွင့်ရခဲ့တော့ ပိုပြီး ကုန်ကျစရိတ်သက်သာသွားပါတယ်❞ 

Global Assessment Certificate (GAC, American Grade 12 Program) Batch -24 ကို 2021 Septemberလအတွင်း ဖွင့်လှစ်သင်ကြားပေးသွားတော့မှာဖြစ်ပြီး ကနေဒါ – ယူကေ – သြစတြေးလျ – စင်ကာပူနိုင်ငံတွင် Foundationပြန်တက်ရန်မလိုဘဲ တက္ကသိုလ်ပထမနှစ်မှ တက်ရောက်သင်ကြားခွင့်ရရှိမှာဖြစ်ပါတယ်။

GAC Program၏ အသေးစိတ်အချက်အလက်များနှင့် တက်ရောက်ပြီးစီးသည့်အခါ ဆက်လက်သင်ယူနိုင်သည့် နိုင်ငံတကာ တက္ကသိုလ်များ၊ လျှောက်ထားနိုင်သည့် ပညာသင်ဆုများအကြောင်းကို https://crown.edu.mm/gac/ လင့်ခ်မှတဆင့်လည်း ဝင်ရောက်လေ့လာနိုင်ပါသည်။

GACနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုသည်များကို CROWN Education and Royal Academic Institute ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 977 977 200 နှင့် 09 4455 66 701~2သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်သလို Zoom Video Conferenceဖြင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Book Appointment >