“CROWN Education တွင် Consulting Appointment မယူမှီ

အောက်ပါအချက်များကိုသေချာစွာဖတ်ပေးဖို့မေတ္တာရပ်ခံပါတယ်"

ကျောင်းသူကျောင်းသားများ၏ပညာရေးအခွင့်အလမ်းများနှင့်ပတ်သက်၍ CROWN Education Team မှအချိန်ပေးတိုင်ပင်ဆွေးနွေးပေးလိုပါသည်။ တိကျသေချာစွာရှင်းပြလမ်းညွှန်ပေးနိုင်ပါရန် သက်ဆိုင်ရာနယ်ပယ်၊နိုင်ငံအလိုက် Consultant များနှင့်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

နိုင်ငံတကာတွင်ကျောင်းတက်ရောက်လိုသော ကျောင်းသူကျောင်းသားများနှင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာကိစ္စများကို တိကျစွာသိရှိလိုသောမိဘများအတွက် ပိုမိုကောင်းမွန်သောအကြံပေးမှုများပြုလုပ်ပေးနိုင်ပါရန် လက်ရှိ CROWN Education တွင်ရရှိနိုင်သော Free Counseling Service (အခမဲ့တိုင်ပင်ဆွေးနွေးပေးခြင်း) အပြင် မိမိတို့စိတ်ကြိုက်အချိန် Appointment ယူမေးမြန်းနိုင်သော Premium Counseling Service ကိုထပ်မံတိုးချဲ့ထားပါသည်။

ဆေးတက္ကသိုလ်ဝင်ခွင့်များ၊နိုင်ငံအလိုက်ကုန်ကျစရိတ်များ၊ iGCSE/GED/OSSD/ACT-GAC အကြောင်းများကိုစုံလင်စွာရှင်းပြဆွေးနွေးချက်များကို https://youtube.com/@crownmyanmar  တွင်တင်ပေးထားပြီးနားထောင်နိုင်ပါသည်။

FREE CONSULTING

FREE COUNSELING SERVICE

ပညာရေးနှင့်ပတ်သက်သည့်အကြံဥာဏ်များကို မည်သည့်အခကြေးငွေမှ ပေးစရာမလိုဘဲ သိလိုသည်များကိုဖြေကြားသွားပေးပါမည်။ လောလောဆယ်တွင် မေးမြန်းသည့်ကျောင်းသားဦးရေများပြားသည့်အတွက်အားလုံးကို ဖြေဆိုပေးနိုင်ရန် FREE CONSULTING အတွက်တစ်ဦးလျှင် အချိန် (၁၅) မိနစ်သတ်မှတ်ထားပါသည်။ မိမိတို့ မေးမြန်းဆွေးနွေးလိုသောအကြောင်းအရာများကို FREE COUNSELING BOOKING လုပ်ရာတွင် သေခြာစွာရေးသားမေးမြန်းပါက သက်ဆိုင်ရာ Counselor မှာတိကျစွာကူညီအကြံပေးနိုင်မည်ဖြစ်ပါသည်။ 

 ဤနေရာကိုနှိပ်၍ Request လုပ်နိုင်ပါသည်။  FREE COUNSELING BOOKING

PREMIUM CONSULTING (30,000) Ks per (30) Minutes

နိုင်ငံခြားတွင် ကျောင်းတက်ရန် ဆုံးဖြတ်ပြင်ဆင်ပြီးသူများအတွက် မိမိတို့ရွေးချယ်သော ကျောင်းများ၊ ဘာသာရပ်များ၊ နိုင်ငံများမှန်ကန်မှုရှိမရှိစဉ်းစားနိုင်ရန်၊ မိမိတို့ရွေးချယ်ထားသော Agency ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိသင့်သည်များသိရှိထားရန်၊ နိုင်ငံခြားမသွားခင် မြန်မာနိုင်ငံတွင်ပြင်ဆင်သင့်သည်များကို ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ သင်တန်းများ၊ကျောင်းများရွေးချယ်ခြင်းနှင့်ပတ်သက်၍တိုင်ပင်နိုင်ရန်၊ Premium Counseling Service ကိုရွေးချယ်နိုင်ပါသည်။ မိနစ် (၃၀) တစ်ကြိမ်လျှင်မြန်မာငွေသုံးသောင်းကျပ် (၃၀,၀၀၀)ကျပ်သာကျသင့်ပါသည်။
  1. မိမိတို့ဘတ်ဂျက်အလိုက်၊ သင့်တော်သည့်နိုင်ငံမှန်ကန်စွာရွေးချယ်နိုင်ရန်အကြံပေးခြင်း နှင့်ဘာသာရပ်ရွေးချယ်ခြင်း၊ တက္ကသိုလ်ရွေးချယ်ခြင်း။
  2. မိမိတို့ရရှိထားသည့်ပညာရေးနောက်ခံများနှင့် မိမိတို့တက်ရောက်လိုသောတက္ကသိုလ်ဝင်ခွင့်နီးစပ်မှုရှိမရှိ ဖြစ်တန်ခြေရာနှုန်းကို အကြံပေးခြင်း။
  3. နိုင်ငံတကာသို့ မတက်ရောက်ခင်မြန်မာနိုင်ငံတွင်တက်ရောက်သင့်သည့်သင်တန်းများကိုတိကျစွာအကြံပေးခြင်း။
  4. မိမိတို့ပညာရေးမှတ်တမ်းများအရ ပညာသင်ဆုရရှိနိုင်မည့်နိုင်ငံနှင့် ဘာသာရပ်/ဘတ်ဂျက်/တက္ကသိုလ်ကိုအကြံပေးခြင်း။
  5. iGCSE/GED/OSSD/GCE A Level/IB/AP များနှင့်ပတ်သက်၍ တက်ရောက်သင့်သည့်အတန်းများကိုအကြံပေးခြင်း။
  6. USA/CANADA/Singapore/Australia ဗီဇာ Reject ဖြစ်ထားသူများအတွက်၊ ဗီဇာ Reject ဖြစ်ရသည့်အကြောင်းကိုခန့်မှန်းပေးခြင်းနှင့်နောက်လျှောက်ထားရာတွင် သတိထားစရာများကိုအကြံပေးခြင်း။
  7. သြစတြေးလျဗီဇာ၊ ကနေဒါဗီဇာ၊ ဥရောပဗီဇာများအတွက် စာရွက်စာတမ်းများစစ်ဆေးပေးခြင်း ဖြစ်တန်ခြေရာနှုန်းအကြံပေးခြင်း၊ (ဗီဇာလျှောက်ထားပေးခြင်းသီးသန့်မပါသေးပါ။)
  8. USA/AUSTRALIA/Canada ကျောင်း၊ Visa Form များဖြည့်ရာတွင် လိုအပ်ချက်များတိုင်ပင်ခြင်း။
  9. နိုင်ငံတကာသို့မတက်ရောက်ခင် မြန်မာနိုင်ငံတွင်တက်ရောက်နိုင်သည့် သင်တန်းများကိုအကြံပေးခြင်း။
  10. နိုင်ငံခြားတက္ကသိုလ်မတက်ရောက်မီ မိမိတို့နှင့်လိုက်ဖက်သော Major ကို စစ်ဆေးပေးခြင်း။
  11. ဘာသာရပ်များရွေးချယ်ရာတွင် နိုင်ငံအလိုက်၊တက္ကသိုလ် Ranking များ၊ ဘာသာရပ်ဆိုင်ရာအားသာချက်ရှိသည့် တက္ကသိုလ်များကိုရွေးချယ်ပေးခြင်း။

Premium Counseling Service (30) Minutes ရယူလိုသူများအတွက် 

  1. Counseling Service Fees  – မြန်မာငွေ သုံးသောင်း (၃၀,၀၀၀) ကျပ် ကျသင့်ပါသည်။ အောက်ပါ KPay/AYA Pay တို့မှတဆင့် ပေးချေနိုင်ပါသည်။
  2. Kpay Merchant Account : 100188309 သို့ငွေလွှဲပါ။ငွေလွှဲပြီးပါက 09-88-111-01-44 သို့ အထောက်အထားပြပြီး Appointment Confirm လုပ်ရန်အတွက် Coupon Code တောင်းယူနိုင်ပါသည်။
  3. တစ်ကြိမ်လျှင် (30)မိနစ်ဖြစ်ပါသည်။ Non-Refundable ဖြစ်ပါသည်။
  4. CROWN Education & Royal Academic Institute တက်ရောက်နေသော ကျောင်းသူ/သားများအတွက် PREMIUM CONSULTING SERVICE အခမဲ့ဖြစ်ပါသည်။
  5. Consulting Service အနည်းဆုံးတစ်ကြိမ်ယူပြီးသူများအနေဖြင့် တက္ကသိုလ်/ကောလိပ်ကျောင်းလျှောက်ထားရန် အတွက် နိုင်ငံ၊တက္ကသိုလ်၊ဘာရပ်များကို ဆုံးဖြတ်နိုင်ပြီးစာရွက်စာတမ်းများ[Passport, Transcripts, IELTS, Duolingo, PTE etc ] ပြည့်စုံပါက Admission & Visa Appointment ကိုရယူနိုင်ပါသည်။

အထူးမှတ်ချက်

CROWN & Royal Academic Institute တွင်လက်ရှိတက်ရောက်နေသူများ၊ ကျောင်းသူ-သားဟောင်းများနှင့်မိဘများ Premium Consulting အတွက်ပေးရန်မလိုအပ်ပါ။ info@crown.edu.mm သို့မဟုတ် 09-88-111-01-22[33-44-55-66]နံပါတ်များတွင် ကျောင်းသူ/သားနာမည်ပြောပြ၍ Appointment ယူနိုင်ပါသည်။

CROWN CLUB & YOUTUBE

ပညာရေးဆိုင်ရာ မေးခွန်းမေးမြန်းဖြေကြားပေးခြင်းအစီအစဉ်ကို ClubHouse Application , CROWN Youtube Channel တို့မှ မှတဆင့်လည်းပြုလုပ်ပေးလျက်ရှိရာ CROWN Education Clubhouse Channel (https://linke.to/crownclub) နှင့် https://youtube.com/@crownmyanmar   တို့တွင် Member ဝင်ရောက်ပြီးနားထောင်နိုင်ပါသည်။ 

(ClubHouse ဆိုသည်မှာ မိမိတို့ ဖုန်း/computer များတွင် လွယ်လွယ်ကူကူနားထောင်နိုင်သော မေးခွန်းများမေးမြန်းဆွေးနွေးနိုင်သော Application တစ်ခုဖြစ်ပါသည်။ Google Play Store/Apple Store များတွင် ClubHouse ဟုရိုက်ကာလွယ်ကူစွာ Download လုပ်ယူနားထောင်နိုင်ပါသည်။ Application ကိုအသုံးပြုရန် မိမိတို့ ဖုန်းနံပါတ်တစ်ခုလိုပါသည်။ Application ထဲရောက်ပါက CROWN Education ဟုရှာက Member ဝင်/ Follow လုပ်ထားခြင်းဖြင့် ပညာရေးမေးခွန်းများကိုနားထောင်ဆွေးနွေးနိုင်ပါသည်။)