Scholarships & News

Ritsumeikan Asia Pacific University (APU)တက္ကသိုလ်ရဲ့ Bachelor Degree Programတွေကို 2021ခုနှစ် April Intakeကို အချိန်မီ မလျှောက်ထားနိုင်ခဲ့တဲ့ မြန်မာကျောင်းသူ၊သားတွေရှိမယ်ဆိုရင် အခုဒီဇင်ဘာလ(၉)ရက်နေ့နောက်ဆုံးထားပြီး Online Application Formတင်နိုင်တဲ့ အခွင့်အရေးထပ်ပေးထားပါတယ်။

APUမှာ Bachelor Degreeအတွက် ဘယ်လိုဘာသာရပ်တွေ သင်ယူနိုင်မလဲ။
ခေတ်နဲ့လိုက်လျောညီထွေမှုရှိတဲ့ စီးပွားရေးပညာရပ်တွေကို အင်္ဂလိပ်ဘာသာစကားအပြင် ဂျပန်ဘာသာစကားနဲ့ပါ သင်ယူလိုတဲ့ ညီငယ်၊ညီမငယ်တွေအတွက် –
-Innovation and Economics,
-Marketing,
-Strategic Management and Organization,
-Accounting and Finance ဘာသာရပ်တွေအပြင်
-Environment and Development,
-Hospitality & Tourism ,
-International Relations and Peace Studiesနဲ့
-Culture, Society and Mediaလို ဘာသာရပ်တွေကိုလည်း ရွေးချယ်သင်ယူနိုင်ပါတယ်။

APU ကျောင်းဝင်ခွင့်ရဖို့ ဘာတွေလိုအပ်လဲ။ ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လုပ်ခွင့်ရှိလား။
မြန်မာအစိုးရဆယ်တန်းပညာရေး(Grade 11)ပြီးထားသူတွေအနေနဲ့ APU ရဲ့ first year ကို တိုက်ရိုက်တက်ရောက်ခွင့်ရမှာဖြစ်ပြီး GCE ‘O’ သို့ iGCSE ပြီးထားတဲ့သူတွေဆိုရင်တော့ Grade 12နဲ့ ညီမျှတဲ့ Certification ရှိထားဖို့လိုအပ်ပါတယ်။ အချိန်ပိုင်းအလုပ်လုပ်ခွင့်အနေနဲ့ APUတက္ကသိုလ်မှာ ကျောင်းတက်ရင်း တစ်ပါတ်ကို (၂၈)နာရီ On Campus (သို့) Off Campusလုပ်ခွင့်ပြုထားပါတယ်။

ပညာအရည်အချင်းထူးချွန်တဲ့ မြန်မာကျောင်းသူ၊သားတွေအတွက် ပညာသင်ဆုတွေရှိလား။ ပမာဏအများဆုံး ဘယ်လောက်ထိလျှောက်ထားနိုင်မလဲ။
APUရဲ့ Bachelor Programတွေကို လျှောက်ထားလိုသူတွေအနေနဲ့ – IELTS Overall Bandscore (6.0)ရှိထားရမှာဖြစ်ပြီး မြန်မာဆယ်တန်းအောင်မြင်ထားဖို့ (သို့) Grade 12ပညာရေးပြီးထားဖို့ လိုအပ်ပါတယ်။

ပညာအရည်အချင်း ထူးချွန်တဲ့ ကျောင်းသား/သူတွေအတွက် မြန်မာငွေကျပ် (၄၈)သိန်း (၃ဝ%ပညာသင်ဆု)ကနေ အများဆုံး ကျပ်သိန်း (၁၆ဝ)ကျော် (၁ဝဝ% ပညာသင်ဆု)ကို ကျောင်းပြီးတဲ့အထိ ရရှိနိုင်တဲ့ APU Tuition Reduction Scholarshipကိုလည်း ရွေးချယ်ပေးအပ်လျက်ရှိပါတယ်။

ဘွဲ့တစ်ခုရရှိထားသူတွေအတွက်ရော APUမှာ ဘယ်လိုအခွင့်အရေးတွေရှိလဲ။
မြန်မာနိုင်ငံက အသိအမှတ်ပြုဘွဲ့တစ်ခုခုရရှိထားသူတွေအနေနဲ့ APUမှာ –
-MBA
-MSc Tourism & Hospitality
-MSc International Public Administration
-MSc Public Health Management
-MSc Development Economics
-MSc International Relationsပရိုဂရမ်တွေကို ပညာသင်ဆုပမာဏအများဆုံး (၁ဝဝ%)အထိ လျှောက်ထားသင်ယူနိုင်တဲ့ အခွင့်အရေးရှိပါတယ်။

APUတက္ကသိုလ်ရဲ့ 2021ခုနှစ် April Inakeအတွက် ဒီဇင်ဘာလ (၁)ရက်နေ့မှ (၉)ရက်နေ့အတွင်း တိုးမြှင့်လျှောက်ထားနိုင်တဲ့ Online Application Formကို ဘယ်လိုဆက်သွယ်လျှောက်ထားရမလဲ။
2021ခုနှစ် ဧပြီလကျောင်းဝင်ခွင့်အတွက် အချိန်မီ မလျှောက်ထားနိုင်ခဲ့တဲ့ ကျောင်းသူ၊သားတွေအနေနဲ့ APU Bachelor Degree Programတွေကို အခု ဒီဇင်ဘာလ(၉)ရက်နေ့နောက်ဆုံးထားပြီး CROWN Educationဖုန်းနံပါတ် ✆ 09 443 273 277  (ရန်ကုန်)နှင့် 09 975 800 800 (မန္တလေး)သို့ ရုံးချိန်အတွင်း ဆက်သွယ်ကာ Online Application Formတင်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

Book Appointment >