RAI Grade 12 Program

ပညာရေး ရည်မှန်းချက်ကြီးမား သောကျောင်းသား/သူများ အနေဖြင့် ကမ္ဘာ့အဆင့်မြင့် တက္ကသိုလ်ကြီးများ (University of Toronto, University of British Columbia, McGill University, University of Cambridge, Harvard University, NUS ကဲ့သို့သော တက္ကသိုလ်ကြီးများ) ကို ဆက်လက်တက်ရောက်နိုင်ဖို့ စနစ်တကျ ပြင်ဆင်ပေးသွားမယ့် အခွင့်အလမ်းတစ်ခုကို စတင်လိုက်ပါပြီ။

Special Class မှာ ဘာတွေ လုပ်ပေးမလဲ
– Scholarship application form (RAI တွင်ရယူနိုင်ပါသည်) နှင့်အတူ ကျောင်းသား/သူများ၏ Personal statement, ပညာရေးဆိုင်ရာ အထောက်အထားနှင့် အမှတ်စာရင်းများကို ပူးတွဲ တင်ပြ ရပါမည်။
– ကျောင်းသားဦးရေ (၁၀) ယောက်ကိုသာ ရွေး ချယ်ပြီး အကောင်းဆုံး သင်ကြားပေးသွား မည်ဖြစ်ပါသည်။
– Business, Computer Science နှင့် Engineering ဘာသာရပ်များကို အထူး လေ့ကျင့်သင်ကြားပေး မည့် program ဖြစ်ပါသည်။

ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ
– နိုင်ငံကြီးများ၏ အခြေအနေများကို စောင့်ကြည့်နေချိန်တွင် မိမိနိုင်ငံအတွင်း စနစ်တကျ ပြင်ဆင်ကြိုးစားနိုင်ခြင်း၊
– တစ်နှစ် program တက်ရောက်နေစဉ် ရမှတ် (GPA ) အပြင် IELTS အမှတ်များပါ ကောင်းအောင် ကြိုးစားနိုင်ခြင်း၊
– Scholarship အတွက် အခွင့်အရေးကောင်းများ ရရှိနိုင်ခြင်း၊
– မိမိ၏ဝါသနာ၊ ကျောင်းအပြီးအလုပ်အကိုင်ရရှိနိုင်မှုတို့အပေါ် မူတည်ပြီး တက်ရောက်မည့်ဘာသာရပ်ကို သေချာ လေ့လာ ရွေးချယ်ပြင်ဆင်နိုင်ခြင်း၊
– သက်ဆိုင်ရာ နိုင်ငံ တက္ကသိုလ်များ၏ University Foundation ကို ထပ်မံတက်ရောက်ရန် မလိုအပ် သောကြောင့် ကုန်ကျစရိတ် သက်သာခြင်း၊
– ကနေဒါအပါအဝင် နိုင်ငံကြီးများတွင် Foundation/ High School Diploma တက်ရောက်ခြင်းထက် ကျောင်းလခသက်သာပြီး နေထိုင်စရိတ်မကုန်ကျသည့်အပြင် ပညာသင်ဆုများအတွက်ပါ ကြိုတင်ပြင်ဆင်ထား နိုင်ခြင်း။

သင်ကြားရေး အတွက် ပံ့ပိုးမှုများ
– RAI ရှိ ဆရာဆရာမများသည် သင်ကြားရေး ပိုင်းတွင် အတွေ့အကြုံများစွာရှိပြီး ကျောင်းသား/သူ များ၏ လိုအပ်ချက်များကို အစဉ်တစိုက် အလေးထားသော ဆရာဆရာမများဖြစ်ကြပါသည်။ မတူညီသော ပညာရေးစနစ်မှ ပြီးမြောက်အောင်မြင်လာကြသော ကျောင်းသား/သူ များအား နိုင်ငံတကာပညာရေးစနစ်နှင့် ကိုက်ညီအောင် ညှိနှိုင်းသင်ကြားပေးပါသည်။
– Canadian Certified teachers များနှင့် Rosedale Academy Certified teachers များမှ သင်ကြား ပေးသွားပါမည်။
– ၃၀% သာ Exam-based ဖြစ်ပြီး ကျန် ၇၀% မှာ Project, Assignments, Case Study, Presentations, Quizzes များအပေါ်တွင် အမှတ်ပေးအကဲဖြတ်သောကြောင့် ဘာသာရပ်ကျွမ်းကျင်မှုအပြင် လက်တွေ့ကျကျ စဥ◌်းစားတွေးခေါ် နိုင်မှုမြင့်မား လာအောင်သင်ကြားပေးပါသည်။

OSSD တက်ရောက်နေစဥ◌်အတွင်း တိုင်ပင်ဆွေးနွေး အကြံပေးမှုများ
– ကျောင်းတက်ရောက်နေစဥ◌်အတွင်း Test တစ်ခု ပြီးတိုင်း ကျောင်းသား/သူများ၊ မိဘများနှင့် ဆွေးနွေးအကြံပေး သွားမည် ဖြစ်ပါ သည်။
– ရမှတ်များ ပေါ်မူတည်ကာ ရွေးချယ် တက်ရောက်နိုင်သော နိုင်ငံနှင့် ဘာသာရပ်များကို နိုင်ငံတကာရှိကျောင်း များနှင့် ချိတ်ဆက်ကာ Rosedale Academy  နှင့် CROWN Education တို့မှ အတွေ့အကြုံရှိ ပညာရေးအတိုင်ပင်ခံများမှ တစ်ဦးချင်းစီ  တိုင်ပင်ဆွေးနွေးပေးသွားမည်ဖြစ်ပါသည်။

နိုင်ငံတကာသို့ ကျောင်းဆက်လက်လျောက်ထားပေးမှု များ
– ကျောင်းသား/သူများ OSSD ပြီးမြောက်သည်နှင့် မိမိတို့ ရရှိထားသော OSSD Diploma လက်မှတ်နှင့် အမှတ်စာရင်းများဖြင့် Canada နိုင်ငံ အပြင် USA, UK, Australia, Switzerland, Netherlands, Japan, Singapore စသော နိုင်ငံများ ရှိ ranking မြင့် ကျောင်းများသို့ ဆက်လက်တက်ရောက်နိုင်ရန် ပြင်ဆင်ပေးခြင်း ၊ ကျောင်းဝင်ခွင့် လျှောက်ထားခြင်း၊ Visaလျှောက်ထားခြင်းနှင့် နေထိုင်ရေးအတွက် စီစဉ်ပေးခြင်းများ ပြုလုပ်ပေးသွားမည်ဖြစ်ပါ သည်။

အခြားသော ဝန်ဆောင်မှုများ
– OSSD တက်ရောက်နေစဉ် ကာလအတွင်း မိဘများအနေဖြင့် ကျောင်းလခပေးသွင်းရန် အခက်အခဲတစုံတရာရှိလာပါက AYA Study Loan ကိုလည်း လျောက်ထားရယူ နိုင်ပါသည်။ အခြားသော ကိစ္စရပ်များ၊ အခက်အခဲများရှိပါကလည်း Student Management/ Student Service Team မှ ကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။
– ကျန်းမာရေးလိုက်စားသော ကျောင်းသား/သူများအတွက် Gym Service ကို အခမဲ့ ၃လ ရရှိနိုင်ပါသည်။

ယခုကာလကဲ့သို့ စီးပွားရေးနှင့်  ငွေကြေးစီမံခန့်ခွဲမှုအတွက် စိုးရိမ်ပူပန်မှုများ ရှိနေရသည့် မိဘများအနေဖြင့်လည်း မိမိသား/ သမီး၏ ပညာရေးအတွက် ထပ်မံပူပန်မှုမရှိရလေအောင် OSSD program ကို ပြည်တွင်း တွင် ပင် စတင်ထားနိုင်ပါသည်။ အသေးစိတ်ထပ်မံသိရှိလိုပါက ၀၉ ၉၆၅၀၈၅၁၈၅ နှင့် ၀၉၉၇၇၉၇၇၂၀၀ တို့ကို ဆက်သွယ် မေးမြန်းနိုင်ပါသည်။ Appointment ကြိုတင်ယူ၍လည်း မိမိကိုယ်တိုင် ရုံးချိန်အတွင်း လာရောက် မေးမြန်းနိုင်ပါသည်။

Ontario Secondary School Diploma (OSSD)

OSSD ဆိုတာ ကနေဒါနိုင်ငံ Ontario ပြည်နယ်မှအထက်တန်းအောင်မြင်ပြီးဆုံးသည့် ကျောင်းသူကျောင်းသားများကို ထုတ်ပေးသည့် ဒီပလိုမာ လက်မှတ်ဖြစ်သည်။ အဆိုပါလက်မှတ်ကို ကနေဒါနိုင်ငံ Ontario, Ministry of Education မှတိုက်ရိုက်ထုတ်ပေးသည်။ မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများလေ့လာသင်ယူနိုင်ရန် ကနေဒါနိုင်ငံ Ontario ရှိ Rosedale Academy နှင့် CROWN EDUCATION & ROYAL ACADEMIC INSTITUTE တို့ပူးပေါင်းလျက် မြန်မာနိုင်ငံ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် အဆိုပါဒီပလိုမာကို သင်ကြားပို့ချ ပေးသွား မည်ဖြစ်သည်။

Book Appointment >