University

ကနေဒါမှာပညာသင်ကြားလိုတဲ့ကျောင်းသူ/ကျောင်းသားများကို CROWN Education မိသားစုများမှ ကူညီရန်အသင့်ရှိကြပါတယ်။ ဗီဇာရရှိမှုအခွင့်အရေးကောင်းစေရန်နဲ့၊ လိုက်ဖက်သည့် ကောလိပ်၊တက္ကသိုလ်များကို မှန်ကန်စွာရွေးချယ်နိုင်စေဖို့အောက်ဖေါ်ပြပါအချက်တွေကိုအထူးသတိပြုဖတ်ပေးပါရန်မေတ္တာရပ်ခံပါတယ်။

ကနေဒါကျောင်းလျောက်ထားခြင်းဆိုင်ရာသိမှတ်ဖွယ်ရာအချို့

  • ယခုလက်ရှိအခြေအနေများအရ၊ ကနေဒါမှာကျောင်းတက်ဖို့ရည်ရွယ်တဲ့ကျောင်းသူကျောင်းသားများအနေဖြင့်၊ ကျောင်းမလျောက်ခင် မိမိတို့ပညာရေးနောက်ခံနှင့်ကိုက်ညီမည့်ဝင်ခွင့်လက်ခံနိုင်တဲ့ကျောင်းရွေးချယ်ခြင်း၊ ဘွဲ့ရရှိရန်သို့မဟုတ် မိမိတက်ရောက်မည့်နှစ်အတွက်ကုန်ကျစရိတ််တွက်််ချက်ခြင်းများကိုပထမဆုံးစဉ်းစားရန်လိုအပ်ပါတယ်။ 
  • CROWN Education နဲ့ချိတ်ဆက်ထားတဲ့ ကနေဒါကောလိပ်တက္ကသိုလ်များ လျောက်ထားခြင်းအတွက်ဝန်ဆောင်ခ၊ Agency Fees လုံးဝ (လုံးဝ) ပေးရန်မလိုပါ။ ကောက်ခံခြင်းမပြုပါ။ ဗီဇာကိစ္စသီးသန့်ဆောင်ရွက်မပေးပါ။ CROWN Education နှင့်ချိတ်ဆက်မထားသော ကောလိပ်တက္ကသိုလ်များကို (CROWN Education & Royal Academic Institute တွင်တက်ရောက်နေသော OSSD ကျောင်းသူကျောင်းသားများမှလွဲ၍) လျောက်ထားပေးနိုင်ခြင်းမရှိသေးပါ။
  • ဗီဇာရရှိနိုင်မှုအခွင့်အရေးများစေရန်အတွက် အောက်မှာဖေါ်ပြထားတဲ့ ဘဏ္ဍာရေးဆိုင်ရာစာရွက်စာတမ်းတွေကိုအရင်ပြင်ဆင်ပြီးမှသာကျောင်းရွေးချယ်လျောက်ထားပေးခြင်းများကိုစတင်ဆောင်ရွက်ပေးဖို့အဆင်ပြေပါတယ်ခင်ဗျာ။

ပရိုဂရမ်ရွေးချယ်ခြင်းနှင့်ပတ်သက်၍

  • (၂)နှစ် Vocational Diploma များလျောက်ထားခြင်း၊ကောလိပ်များလျောက်ထားခြင်းနှင့်ပတ်သက်ပြီးဗီဇာငြင်းပယ်ခံရနိုင်တယ်ဆိုတာ အပြည့်အဝမမှန်ကန်ပါဘူး။ အရေးအကြီးဆုံးအချက်က Study Plan/ဘဏ္ဍာရေးဆိုင်ရာစာရွက်စာတမ်းတွေဘယ်လောက်တိကျမှန်ကန်ခိုင်မာလဲဆိုတာလည်းအရေးကြီးပါတယ်။ Diploma ပရိုဂရမ်တွေထက် တက္ကသိုလ်တိုက်ရိုက်လျောက်ထားတဲ့သူတွေ ဗီဇာရနိုင်ခြေပိုများတယ်ဆိုတာတော့လက်တွေ့မှာမှန်ကန်ပါတယ်။
  • ကျောင်းရှာတဲ့အခါ၊လျောက်တဲ့အခါ HND, NCC ဒီပလိုမာများနဲ့နောက်ဆုံးနှစ်ကိုပေးတဲ့ကနေဒါကျောင်းတွေမရှိသလောက်ခက်ပါတယ်။ ကနေဒါမှာ Top Up ဆိုတာမျိုးပေးလေ့မရှိပါဘူး။
  • (၂)နှစ်ဒီပလိုမာတက်ရောက်ပြီး၊ အလုပ်လုပ်ပိုက်ဆံစုပြီးမှ အဆိုပါပိုက်ဆံဖြင့် တက္ကသိုလ်ဆက်တက်မယ်ဆိုတာမျိုး၊ (၂) ဒီပလိုမာတက်၊ အလုပ်လုပ်ပြီး PR လျောက်မယ်ဆိုတာမျိုး မြန်မာကျောင်းသားထဲမှာ (အခြားနိုင်ငံကကျောင်းသားတွေရှိနိုင်ပါတယ်) ယခုအချိန်အထိလက်တွေ့မတွေ့ရသေးပါဘူး။ ဒါကြောင်ဒီလိုမျှော်လင့်ပြီးကနေဒါကိုကျောင်းလျောက်ထားမယ်ဆိုဟိုဘက်မှာလက်တွေ့ရောက်နေတဲ့သူတွေနဲ့ သေသေချာချာ မေးမြန်းစုံစမ်းဖို့ပါတိုက်တွန်းပါတယ်။ ကျွန်တော်တို့အနေနဲ့စာရွက်စာတမ်းစုံရင်ကျောင်းလျောက်ပေးတာ၊ ဗီဇာလျောက်ပေးတာကူညီဖို့အသင့်ပါ။
  • နောက် vocational 2 years program တွေအပြင် တစ်နှစ်သာတက်ရောက်ရတဲ့ program (သို့)  တစ်နှစ်အောက် (ဥပမာ – ၃လ / ၆လ) သာ တက်ရောက်ရတဲ့ program တွေ လျှောက်မယ်ဆို Study Plan ဘဏ္ဍာရေးဆိုင်ရာအချက်အလက်တွေစနစ်တစ်ကျပြင်ဆင်ဖို့တိုက်တွန်းလိုပါတယ်။

စာရွက်စာတမ်းနှင့်ဘဏ္ဍာရေးဆိုင်ရာပြင်ဆင်ရမည့်အချက်များ

  • Canada student visa လျှောက်ထားရန် ယေဘုယျအားဖြင့် (A) အနည်းဆုံး သက်တမ်း၆လကျန်သော Passport (B) အနည်းဆုံး ၆လကြိုတင်ဖွင့်ထားသော Personal Bank Account မှ တစ်နှစ်စာစုစုပေါင်း စရိတ်ကာမိသော ပမာဏရှိသည့် Bank Statement နှင့် (၃) လခန့်ငွေအဝင်အထွက်ပြစာရင်း (ဗီဇာရရှိမှုခိုင်မာစေရန် လျောက်ထားမည့်ကျောင်းပေါ်မူတည်ပြီး သိန်း ၇၀၀ မှ ၉၀၀ ခန့် အထိပြသရန်လိုအပ်ပါတယ်။ ဖြစ်နိုင်လျှင် ဗီဇာတင်သည့်အချိန်တွင် (၃) လခန့် မထုတ်ပဲအကောင့်ထဲတွင်ရှိရပါမယ်။) (C) ဝင်ငွေ ရလမ်းဖေါပြရန် စီးပွါးရေးလုပ်ငန်းအထောက်အထားများ (ဥမာ – ကုမ္ပဏီလိုင်စင်/လုပ်ငန်းလိုင်စင်များ စသည့်စာရွက််စာတမ်းတင်ပြနိုင်မှုများသည်လည်းအရေးကြီးပါတယ်။ (D) ၎င်းလုပ်ငန်း၏ (၂) နှစ်စာ အသားတင်အမြတ်ငွေစာရင်း (E) ပိုင််ဆိုင်မှုစာချုပ်စာတမ်းများ နှင့် (F) ဆေးစစ်ချက်များ (G) မိမိတို့နေထိုင်ရာမြို့နယ်ရဲစခန်းမှ အကျင့်စာရိတ္တကောင်းကြောင်းထောက်ခံစာတို့ပါ တင်ပြရန်လိုပါတယ်ခင်ဗျ။
  • လက်ရှိကနေဒါဘက််မှတက္ကသိုလ်များအနေဖြင့် ကျောင်းဝင်ခွင့်မလျောက်ထားမှီ၊ ဗီဇာရရှိနိုင်မှု့ အခွင့်အရေးများစေရန်  နံပါတ် (A) မှ (E) အထိစာရွက်စာတမ်းများတင်ပြနိုင်မှုကိုအရင်စစ်ဆေးရန် မေတ္တာရပ်ခံထားပါတယ်။
  • အဆိုပါစာရွက်စာတမ်းများပြည့်စုံပါက CROWN Education သို့ ဝန်ဆောင်ခ၊ စာရွက်စာတမ််းကြေးတစ်စုံတစ်ရာပေးရန်မလိုအပ်ပဲအောက်ဖေါ်ပြပါ ကနေဒါကျောင်းများကိုဝင်ခွင့်လျောက်ထားခြင်း၊ ဗီဇာလျောက်ထားပေးခြင်း၊ နေထိုင်စရာများစီစဉ်ပေးခြင်းများကိုပါ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
  • မိမိရည်ရွယ်ထားတဲ့ intake မတိုင်ခင် အနည်းဆုံး ၆ လ ခန့်ကျောင်းကြိုလျှောက်ဖို့ အကြံပြုပါသည်။

ဘွဲ့တစ်ခုရရှိထားသူများနှင့်၊ အသက်(၃၀)နှင့်အထက်လျောက်ထားသူများ

  • ဘွဲ့တစ်ခုရရှိထားသူများကုန်ကျစရိတ်သက်သာစေရန် Post Graduate Diploma Program များလျောက်ထားရာတွင်၊ မိမိတို့ပညာရေးနောက်ခံ၊ Study Plan နှင့်အတတ်နိုင်ဆုံးလိုက်ဖက်သည့် ကျောင်း/ပရိုဂရမ်များကိုရွေးချယ်မှ ဗီဇာရရှိနိုင်မှုအခွင့်အရေးများမှာဖြစ်ပါတယ်။ အဓိကအားဖြင့် အထက်တွင်ဖေါ်ပြထားသည့် ဘဏ္ဍာရေးဆိုင်ရာအချက်များ၊ လုပ်ငန်းလိုင်စင်၊စာရင်းရှင်းတန်းများ တိတိကျကျ တင်ပြပြီးလျောက်ထားဖို့အကြံပြုပါတယ်။ 
Book Appointment >