Lecturers

  • ဂျပန်နိုင်ငံတွင် ပညာလေ့လာသင်ကြားသင့်သည့် အကြောင်းအရာများစွာရှိသည့်အနက် ခေတ်နှင့်အညီ အမြဲတိုးတက်ပြောင်းလဲလျက်ရှိသော နည်းပညာ၊ ကြွယ်ဝသောယဉ်ကျေးမှု အမွေအနှစ်များနှင့်အတူ မြင့်မားသည့်ပညာရေးစံချိန်စံညွှန်းများကို ပိုင်ဆိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ဖန်တီးပေးနိုင်ခြင်း၊ လုံခြုံစိတ်ချရမှုရှိခြင်း စသည့်အချက်များက နိုင်ငံတကာမှ ကျောင်းသူ၊ကျောင်းသားများကို အဓိကဆွဲဆောင်လျက်ရှိနေပါသည်။
  • ဂျပန်နိုင်ငံတွင် ပညာဆက်လက်သင်ကြားနိုင်ရန် The Ministry of Education, Culture, Sports, Science and Technology (MEXT) မှ သတ်မှတ်ထားသည့် ပညာရေး ပြီးဆုံးအောင်မြင်ထားရန်လိုအပ်ပါသည်။ Bachelor Degreeရရှိရန် စာသင်ကာလ (၄)နှစ်ကြာ တက်ရောက်သင်ကြားရမည်ဖြစ်ပြီး Master Degreeအတွက် (၂)နှစ်ခန့် တက်ရောက်သင်ကြားရန်လိုပါသည်။ ယခုအခါ နိုင်ငံတကာကျောင်းသူ၊ကျောင်းသားများအနေဖြင့် ဂျပန်နိုင်ငံတွင် English-medium (E-Track) programများကို ရွေးချယ်တက်ရောက်မှုများပြားလာပါသည်။
  • CROWN Education နှင့်ချိတ်ဆက်ထားသော ဂျပန်နိုင်ငံရှိ Tokyo International University, Ritsumeikan Asia Pacific University, iCLA at Yamanashi Gakuin University နှင့် Kyoto University of Advanced Science တို့တွင် တစ်နှစ်စာကျောင်းလခနှင့် နေထိုင်စားသောက်စရိတ်အပြီးအစီး ပျမ်းမျှ မြန်မာကျပ်ငွေ သိန်း ၄ဝဝ-၅ဝဝ ခန့် ကုန်ကျမည်ဖြစ်ပါသည်။
  • အဆိုပါတက္ကသိုလ်များသို့ ကျောင်းလျှောက်ခြင်း၊ COEနှင့် ဗီဇာလျှောက်ထားပေးခြင်းများကို ဝန်ဆောင်ခ/အေဂျင်စီအခကြေးငွေတစ်စုံတစ်ရာ ကောက်ခံခြင်း(လုံးဝ)မရှိဘဲ ဆောင်ရွက်ပေးပါသည်။ အပြင်မှလျှောက်ထားလာသောကျောင်းများအတွက် ဗီဇာကိစ္စသီးသန့်ဆောင်ရွက်မပေးပါ။
  • CROWN Education ၏ Higher Secondary Schoolဖြစ်သော Royal Academic Instituteတွင် တက်ရောက်သော( Triple Award Program/ ACT-GAC/ OSSD/ GED )ကျောင်းသူကျောင်းသားများအတွက်သာ၊ GPA ရမှတ်များပေါ်မူတည်၍ CROWN နှင့်ချိတ်ဆက်မထားသော ကောလိပ်တက္ကသိုလ်များကို လျှောက်ထားပေးပါသည်။

ဂျပန်နိုင်ငံရှိ တက္ကသိုလ်များတွင် ပညာဆက်လက်သင်ကြားနိုင်ရန် လိုအပ်သည့်အရာများ 

(၁) သက်တမ်းအနည်းဆုံး (၁)နှစ်ရှိ Passport 

(၂) Academic Transcripts

မြန်မာအစိုးရဆယ်တန်းအောင်လက်မှတ်+အမှတ်စာရင်း (သို့) GCSE O level + GCE A level (သို့) Grade 12နှင့် ညီမျှသည့် Certification ရှိထားသူများ [Triple Award Program, OSSD] (သို့)

GED လက်မှတ် + အမှတ်စာရင်း (GED ဖြင့် လျှောက်ထားမည့် ကျောင်းသူ၊ကျောင်းသားများသည် အသက် ၁၈နှစ် ပြည့်ထားရန်လိုအပ်ပါသည်။)

[Master Degree လျှောက်ထားသူများအတွက် – နှစ်အလိုက်တက္ကသိုလ်အမှတ်စာရင်းများ၊ ဘွဲ့လက်မှတ်၊ ကျောင်းပြီးဆုံးသည့်ခုနှစ်မှ ကျောင်လျှောက်ထားသည့်ခုနှစ်အတွင်း Year Gap နှင့်ပတ်သက်၍ တစ်ခုခုသင်ယူ (သို့) အလုပ်လုပ်နေကြောင်း ထောက်ခံချက်များတင်ပြပေးရန်လိုအပ်ပါသည်။]

(၃) သက်ဆိုင်ရာတက္ကသိုလ်များသို့ ပေးသွင်းရမည့် Application Fees

(၄) IELTS သို့မဟုတ် PTE သို့မဟုတ် TOEFL iBT သို့မဟုတ် TOEIC သို့မဟုတ် Duolingo Test ရလဒ်များ

[Bachelor Degree လျှောက်ထားရန် IELTS overall score 6.0 (သို့) TOEFL iBT score 75မှတ်နှင့်အထက် (သို့) Duolingo English Test Score 105နှင့်အထက် ရရှိထားရန်လိုအပ်ပါသည်။]

(၅) Application Essays

(၆) Letter of Recommendation (also including language schools) 

(၇) Bank Statement မိဘနာမည်ဖြင့် တင်ပြရန်

[Private Universityများရှိ Bachelor Degree ပရိုဂရမ်များနှင့် Master/MBA ပရိုဂရမ်များအတွက် သိန်း ၇ဝဝ-၈ဝဝ ခန့်အထိပြရန်လိုအပ်ပါသည်။]

GPAရမှတ်ကောင်းများ၊ ပညာရေးထူးချွန်မှုမှတ်တမ်းကောင်းများရရှိထားသည့် မြန်မာကျောင်းသူ၊ကျောင်းသားများအတွက် ကျောင်းလခသက်သာနိုင်စေရန် ဂျပန်နိုင်ငံရှိ Private University များ၏ (၄)နှစ်စာ Tuition Reduction Scholarship[မိမိတို့လျှောက်ထားသည့် ကျောင်းအလိုက် 30%, 50%, 65%, 80%, 100%ပညာသင်ဆုများ] ကူညီလျှောက်ထားပေးပါသည်။ ကျောင်းဝင်ခွင့်ရရှိပြီး COE ရရှိသည့်အခါ Japan Student Services Organization (JASSO) မှ တစ်လလျှင် JYP 48,000 ချီးမြှင့်သည့် JASSO scholarshipလည်း လျှောက်ထားရယူနိုင်ပါသည်။

အချိန်ပိုင်းအလုပ်အကိုင်အခွင့်အလမ်း

ဂျပန်နိုင်ငံတွင် နိုင်ငံတကာကျောင်းသူ၊ကျောင်းသားများအတွက် ကျောင်းတက်နေစဉ် တရားဝင် အချိန်ပိုင်းအလုပ်လုပ်ခွင့်ကို  တစ်ပါတ်လျှင် (၂၈)နာရီ On Campus (သို့) Off Campus လုပ်ခွင့်ပြုထားပါသည်။

[မှတ်ချက်။ ဂျပန်လူဝင်မှုကြီးကြပ်ရေး (လဝက)မှ နိုင်ငံတကာကျောင်းသူကျောင်းသားများအတွက် သတ်မှတ်ထားသည့် အချိန်ပိုင်းအလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာ တစ်ပါတ် (၂၈) နာရီထက် ကျော်လွန်လုပ်ကိုင်ခြင်းများ စစ်ဆေးတွေ့ရှိပါက ဗီဇာ ရုပ်သိမ်းခြင်းခံရနိုင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။]

တက္ကသိုလ်များသို့ လျှောက်ထားရာတွင် အသက်ကန့်သတ်ချက်မရှိသော်လည်း ဗီဇာရရှိမှုအဆင်ပြေစေရန် ဘွဲ့ရပြီး အသက်အရွယ်တစ်ခုသို့ရောက်ရှိနေပါက Master Program များလျှောက်ထားသင့်ကြောင်း လေးစားစွာဖြင့်အကြံပြုပါသည်။

ကျောင်းနှင့်ဗီဇာ‌အချိန်မီလျှောက်ထားနိုင်ရန် စာရွက်စာတမ်းအပြည့်အစုံဖြင့် မိမိရည်ရွယ်ထားသည့် ကျောင်း၏ intake မတိုင်ခင် အနည်းဆုံး (၆)လခန့် ကျောင်းကြိုတင်လျှောက်ထားဖို့ အကြံပြုလိုပါသည်။

 

Book Appointment >