University

  • အင်္ဂလန်နိုင်ငံ ယူကေရှိ တက္ကသိုလ်၊ ကောလိပ်များတွင် ဘွဲ့ကြိုပညာ သင်ယူနိုင်ရန်အတွက် မြန်မာနိုငံမှ (၁၀) တန်း အောင်မြင်ပြီး ကျောင်းသူကျောင်းသားများ သို့မဟုတ် IGCSE (Edexcel/ Cambridge) ဖြေဆိုအောင်မြင်ထားသူများ တက်ရောက်သင်ယူနိုင်သည်။ယနေ့ခေတ်တွင် ယူကေရှိ နာမည်ကြီးတက္ကသိုလ်များတွင် တိုက်ရိုက်တက်ရောက် ပညာသင်ကြားနိုင်သော ပညာရေးလမ်း ကြောင်းအသစ်များလည်း ပေါ်ပေါက်လာပါသည်။ မြန်မာနိုင်ငံမှာ iGCSE () ဘာသာ အနည်းဆုံး (C) ဖြင့် အောင်မြင်ထားသော ကျောင်းသူ ကျောင်းသားများ သို့မဟုတ် မြန်မာ (၁၀) တန်း အောင်မြင် ထားသော ကျောင်းသား ကျောင်းသူများ IELTS ရမှတ်ဖြင့် Pathway မှတဆင့်ဝင်ခွင့် တိုက်ရိုက်လက်ခံသော အင်္ဂလန် တက္ကသိုလ်ကြီးများ ရှိပါသည်။
  • မြန်မာနိုင်ငံမှ(၁၀) တန်းအောင်မြင် ထားပြီးသူများသည် ယူကေရှိ တက္ကသိုလ်ကြီးများသို့ တက်ရောက် ရန်အတွက် iGCSE ကို ထပ်မံတက်ရောက်ရန် မလိုအပ်ပါ။ အခြေခံ မှစ၍ စနစ်တကျ ပြင်ဆင်ပေးမည့် ပညာရေး လမ်းကြောင်းများမှ တစ်ဆင့်လည်း တက်ရောက် သင်ယူနိုင် ပါသည်။ အထူးသဖြင့် မြန်မာ(၁၀) တန်းရမှတ်များ သာမန်မျှသာ ရှိခြင်း၊ iGCSE ရမှတ်များတွင် သာမန်အဆင့်မျှသာဖြစ်ပါက GCE “A” ပြင်ဆင်ရန် အကြံမပြုပါ။ တက္ကသိုလ်၏ Foundation လမ်းကြောင်းမှတစ်ဆင့်သာ တက်ရောက် သင့်သည်။
  • သို့မဟုတ်ပါကလည်း GCE “A”, IB ( International Baccalaureate), OSSD (Ontario Secondary School Diploma, Canada) ပြင်ဆင်ပြီး အဆိုပါ ရမှတ်များဖြင့်လည်း UCAS Systemမှတဆင့် တက္ကသိုလ်များ၏ပထမနှစ်သို့တိုက်ရိုက် လျှောက်ထားနိုင်သည်။

အလုပ်အကိုင်အခွင့်အလမ်းအတွက် Sandwich Year

အင်္ဂလန်တွင် တက္ကသိုလ်များလျှောက်ထားရာတွင် ကျောင်းပြီး အလုပ်အကိုင်အတွက် အခွင့်အလမ်းများစွာ ရရှိစေနိုင်သော Sandwich Year ပါသည့် တက္ကသိုလ်များ၊ ဘာသာရပ်များကို ရွေးချယ် လျှောက်ထားသင့်ပါသည်။ Sandwich Year ဆိုသည်မှာ တက္ကသိုလ်တွင် () နှစ် တက် ရောက်ပြီး တတိယနှစ်အား မိမိသင်ယူနေသည့် ဘာသာရပ်နှင့် ဆက် စပ်သည့် လုပ်ငန်းခွင်ကို တစ်နှစ်အချိန်ပြည့် လုပ်ခလစာဖြင့် လုပ်ကိုင် နိုင်မည့် အစီအစဉ်ဖြစ်ပါသည်။အင်္ဂလန်တွင် အလုပ်လုပ်လိုသူများသည် အဆိုပါ Sandwich Year တွင် မိမိလုပ်ကိုင်နေသော အလုပ်မှ အလုပ်ရှင်အသိအမှတ်ပြုသည့်အထိ ကြိုးစားလုပ်ကိုင်ပါက Sandwich Year ပြီးဆုံး၍ နောက်ဆုံးနှစ်ဆက်လက်တက်ရောက်အောင်မြင်လျှင် အလုပ်ရှင်မှ အလုပ် ဆက်လက်ခန့်ထားမည့် အခွင့်အရေးကိုလည်း မျှော်မှန်းနိုင်ပါသည်။

HND, NCC, ABE, ACCA,

အထက်ဖေါ်ပြပါ Qualification များကိုသင်ယူထားသူများအနေဖြင့် UK တွင် ဘာသာရပ်အလိုက်သက်သာခွင့် Exemption များရရှိနိုင်သည်။ နောက်ဆုံး တစ်နှစ်သာ တက်ရောက်ရသည့် Top Up ပရိုဂရမ်လက်ခံသည့်တက္ကသိုလ်များတွင်ကုန်ကျစရိတ်သက်သာစွာဖြင့်တက်ရောက်နိုင်သည်။

One Year MSc, MBA ဘွဲလွန်မာစတာများ


MSc, MBA
ဘွဲ့လွန်သင်တန်းများတက်ရောက်ရန်အတွက် UK သည်အချိန်ကုန်အသက်သာဆုံးနှင့် ကုန်ကျစရိတ်သင့်တင့်သည်။ USA, Canada, Australi နိုင်ငံများတွင် တစ်နှစ်ခွဲ နှစ်နှစ်တက်ရောက်ရသည့် Master ဘွဲ့များထက် ကုန်ကုကျစရိတ်သက်သာသည်။

Post Study Work 2 Years

၂၀၂၁ ပညာသင်နှစ်မှစ၍ UK တွင်ပညာသင်ပြီးဆုံးပါက UK တွင်ဆက်လက်နေထိုင်ပြီးအလုပ်လုပ်ကိုင်နိုင်ရန် Post Study Work Visa 2 years လျောက်ထားခွင့်ရှိသည်။

Book Appointment >