Scholarships & News

Q: ညီမIELTSစာမေးပွဲဖြေဆိုခဲ့တဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီး ဖြေဆိုဖို့ ပြင်ဆင်နေတဲ့ ကျောင်းသား၊ကျောင်းသူများကို ဝေမျှပေးပါဦး…
.
A: မင်္ဂလာပါ…
ညီမလေး နာမည်က ယွန်းပိုပိုအောင်ပါ…ညီမရဲ့ IELTS ဖြေဆို ပြင်ဆင်ရာမှာ ရရှိခဲ့တဲ့ အတွေ့အကြုံလေးကတော့
.
‘‘ညီမအနေနဲ့ ၂၀၁၇ခုနှစ်မှာ iGCSE ဖြေပြီးပြီးချင်း ပြည်ပမှာ ကျောင်းသွားမတက်ခင် IELTS ရမှတ်ပြင်ဆင်ဖို့အတွက် သင်တန်း တော်တော်များများမှာ စုံစမ်းဖြစ်ခဲ့ပြီး သူငယ်ချင်းတွေရဲ့ ပြောပြချက်အရ CROWN Educationမှာ IELTS Preparation Class ရွေးချယ်တက်ရောက် ဖြစ်ခဲ့ပါတယ်။
.
CROWN Educationမှာ သင်တန်းတက်ခဲ့တဲ့ တစ်လျောက်လုံး ဆရာရဲ့ အနီးကပ် လမ်းညွှန်ပြသမှုတွေနဲ့အတူ CROWN Educationမှ လိုအပ်သည်များကို ဝိုင်းဝန်း ကူညီ ပံ့ပိုးပေးခဲ့တဲ့အတွက် ညီမ IELTS ဖြေဆိုရာမှာ များစွာအထောက်အကူဖြစ်စေခဲ့ပါတယ်။ သင်တန်း တက်စဉ်မှာ အတန်းတွင်း ဆရာက မကြာခဏ IELTS MOCK TESTတွေ စစ်ဆေး ပေးခဲ့တဲ့အတွက် အစိမ်း သက်သက် မဖြစ်ဘဲ တကယ်ဖြေဆိုရတဲ့အချိန်မှာပါ ရဲရဲဝံ့ဝံ့နဲ့ စနစ်တကျ ဖြေဆိုနိုင်ခဲ့ပါတယ်။
.
အတန်းထဲမှာလည်း သူငယ်ချင်းတွေက တစ်ယောက်ကို တစ်ယောက် အကြံဉာဏ်ပေးပြီး ကူညီကြတဲ့ အတွက် ပျင်းစရာမကောင်းဘဲ ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်ခဲ့တဲ့အပြင် ပေါင်းသင်း ဆက်ဆံရေးပါ အရင်ကထက် ပိုပြီး တိုးတက်လာခဲ့ပါတယ်။
.
ဆရာ့အနေနဲ့လည်း ကျောင်းသူ၊ကျောင်းသားတွေကို စာသက်သက် သင်ကြားပေးတာမျိုး မဟုတ်ဘဲ စာမေးပွဲမှာ သတိထားရမယ့်အချက်တွေ၊ ဆောင်ရန်ရှောင်ရန်တွေက အစ အထွေထွေ ဗဟုသုတ အတွက်ပါ သင်ကြားပြသပေးတဲ့အတွက် ယခုလို IELTS Overall Bandscore 7.5 အထိ ရရှိစေခဲ့တယ်လို့ ခံယူမိပါတယ်။
.
လက်ရှိမှာလည်း ညီမအခုရရှိတဲ့ IELTS ရမှတ်နဲ့ စင်္ကာပူနိုင်ငံက SIM ကျောင်းကိုလည်း CROWN Educationနဲ့ပဲ ရွေးချယ်လျောက်ထားခဲ့ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့် ။‘’
.
IELTS Intensive Class, IELTS Preparation Classများ၊ ပညာသင်ဆုများနှင့် ကျောင်းလျှောက်ထားခြင်းဆိုင်ရာ အချက်အလက်များကို အသေးစိတ်သိရှိလိုပါက…

CROWN Education Office
အမှတ် ၂၇၅ ၊ ၃ လွှာ ၊ ကမ္ဘောဇတာဝါ ၊ မြေနီကုန်း ကုန်းကျော်တံတားအနီး၊ စမ်းချောင်းမြို့နယ်
✆ ဝ၁ ၅၂၇ ၈၃၈ ၊ ဝ၉ ၉၇၇ ၉၇၇ ၂ဝဝ၊ ဝ၉ ၄၄ ၅၅ ၆၆ ၇ဝ၁ သို့တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါသည်။

Book Appointment >