Scholarships & News

» James Cook University, Singapore မှ ပေးအပ်ချီးမြှင့်သော Merit Scholarship ရရှိသွားသည့်- မပန်သက်နိုင်(50% scholarship) အတွက် CROWN EDUCATION မှ အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ရှေ့ဆက်လျှောက်လှမ်းမည့်အနာဂတ်တွင် ပညာထူးချွန်ထက်မြက်သော လူရည်ချွန်သမီးကောင်းဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
.
» James Cook Universityထူးခြားချက်နှင့် ပညာသင်ဆုအခွင့်အလမ်းများ…
သြစတြေးလျထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ James Cook Universityအနေနဲ့ World Ranking အရ Top 2% ရရှိထားပြီး စင်္ကာပူအစိုးရအသိအမှတ်ပြု EduTrust Star ပထမဆုံးရရှိထားတဲ့ တက္ကသိုလ်တစ်ခုဖြစ်သလို Marketing, Banking & Finance, Economics, Commerce, Financial Management, International Business, IT, Hospitality and Events, Hospitality & Tourism Managementတွေအပြင် Psychology ဘာသာရပ်သင်ကြားမှုတွေမှာနာမည်ကျော်ပါတယ်။
.
» (၂ဝ၁၇) ခုနှစ်ကစတင်ပြီး James Cook University Singaporeရဲ့ ပညာသင်ဆုတွေကို CROWN Education မှ (၅ဝ%)ပညာသင်ဆုရသူ (၂)ဦးနှင့် (၂၅%)ပညာသင်ဆုအတွက် (၃)ယောက်ရရှိခဲ့ပါတယ်။ (၂၀၁၈) ခုနှစ်မှာလည်း (၁၀၀%) ၊ (၂၅%) အစရှိတဲ့ပညာသင်ဆုအသီးသီးကို CROWN Educationက ကျောင်းသား/သူ (၇) ယောက်အထိရရှိခဲ့ပါတယ်။ (၂ဝ၁၉) ခုနှစ်ဇူလိုင်လကျောင်းဝင်ခွင့်အတွက် (၅ဝ%)ပညာသင်ဆုရတစ်ဦးနဲ့ (၂၅%)ပညာသင်ဆု (၂)ဦးထပ်မံဆွတ်ခူးရရှိခဲ့ပြီး (၂ဝ၁၉) ခုနှစ် နိုဝင်ဘာလကျောင်းဝင်ခွင့်အတွက် (၁ဝဝ%)ပညာသင်ဆုရ ကျောင်းသားတစ်ဦးနှင့်၂၅%ပညာသင်ဆုရကျောင်းသား(၅)ဦးအထိထွက်ပေါ်ခဲ့ပါတယ်။

Book Appointment >