Scholarships & News

မေလ၂၆၊ ၂၇ (၂၀၁၈) ရက်နေ့များတွင် ကျင်းပပြီးစီးခဲ့သည့် James Cook Univeristy Singapore ၏ ပညာသင်ဆု စာမေးပွဲတွင် CROWN Education မှ လျှောက်ထားသည့်ကျောင်းသား မောင်ဇွဲဉာဏ်တိုးမှ (၁၀၀%) ပညာသင်ဆုရရှိခဲ့ပါသည်၊၊ ၂၀၁၇ ခုနှစ် (ပေးအပ်ခဲ့သည့် ဆုများ) တွင်လည်း CROWN Education ၏ ကျောင်းသူကျောင်းသားများမှ ၅၀%၊ ၂၅% ပညာသင်ဆုများကို ရရှိခဲ့ပြီးဖြစ်ပါသည်။ ရှေ့ဆက်လျှောက်လှမ်းမည့်အနာဂတ်တွင် ပညာထူးချွန်ထက်မြက်သော လူရည်ချွန်များ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

CROWN Educationသည် အင်္ဂလန်၊ သြစတြေးလျ၊ အမေရိကန်၊ ဆွစ်ဇာလန်၊ ကနေဒါ၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ တရုတ်၊ နယ်သာလန်၊ ထိုင်းနိုင်ငံများတွင် ဆက်လက် ပညာသင်ကြားလိုသူတွေအတွက် ဘာသာရပ်နှင့် အလုပ်အကိုင်အခွင့်အလမ်းများအတွက် ဆွေးနွေးအကြံပေးခြင်း၊ကျောင်းဝင်ခွင့်လျှောက်ထားပေးခြင်း၊ ဗီဇာလျှောက်ထားပေးခြင်း၊ နေရေးထိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်းများကို မည်သည့်ဝန်ဆောင်ခမှ ပေးရန်မလိုဘဲ အခမဲ့ စီစဉ်ဆောင်ရွက်ပေးနေပါသည်။

ဆယ်တန်းအောင် ကျောင်းသား၊သူများအတွက် James Cook University မှ အသိအမှတ်ပြု University Foundation Program ကိုလည်း CROWN Educationတွင် ဖွင့်လှစ်ထားရှိပြီး စတင်လျှောက်ထားနိုင်ပြီဖြစ်ပါသည်။

Book Appointment >