ACT - GAC Program

“တချိန် ယူအက်စ်မှာ ပညာဆက်လက်သင်ယူနိုင်ခွင့်ရဖို့ဆိုတာ ငယ်ငယ်ကတည်းကမက်ခဲ့ရတဲ့ အိမ်မက်တစ်ခုပါ။ ဒါကြောင့်ဆယ်တန်းအပြီးမှာယူအက်စ်ကတက္ကသိုလ်တွေ စလျှောက်မယ်ဆိုတော့ အသက်မပြည့်သေးတာရယ်၊ မတူညီတဲ့ပညာရေးစနစ်တွေရှိနေသလို လုံလောက်တဲ့ပြင်ဆင်မှုတွေကို ဒီဘက်မှာ အရင်ပြင်သွားချင်တာကြောင့် CROWN Educationမှာ GAC Grade 12 Program (၁)နှစ်တက်ဖို့ ရွေးချယ်ခဲ့ပါတယ်။

ကျွန်တော့်အနေနဲ့ GAC Grade 12 Programကိုပြင်ဆင်ခဲ့လို့သာ အခုJames Madison Univesity (JMU) ရဲ့ တက္ကသိုလ်ပထမနှစ် တိုက်ရိုက်တက်ရောက်ခွင့်ရတဲ့အခါ အခက်အခဲမရှိခဲ့တာပါ။ ဒီ Grade 12 Program ထည့်သွင်းပြင်ဆင်ပေးလိုက်တဲ့ Time Management Skills, Research Skills, Critical Thinking Skills စတာတွေအပြင် Computing နဲ့ Mathematics Skillsတွေက အဓိကဘာသာရပ်တွေသင်ယူရာမှာ အများကြီးအထောက်အကူပေးပါတယ်။

GAC Grade 12 Programကရတဲ့ GPA ရမှတ်နဲ့ဆိုရင် ယူအက်စ်မှာရွေးချယ်စရာပညာရေးအနေနဲ့ ကောလိပ်(၂)နှစ် + တက္ကသိုလ်(၂)နှစ် လျှောက်ထားနိုင်သလို တက္ကသိုလ်(၄)နှစ်တိုက်ရိုက်တက်ရောက်လို့ရတာတွေရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ James Madison Universityမှာ တက္ကသိုလ်(၄)နှစ်တက်ပြီး ဘွဲ့ရရှိဖို့ကိုပဲ ရွေးချယ်တက်ရောက်ခဲ့ပါတယ်”

Mg Sanda Thura

James Madison University (JMU)

Computer Science

Book Appointment >