ACT - GAC Program

မြန်မာနိုင်ငံမှာ GAC Grade 12 Foundation Program ကိုတက်ရောက်သင်ယူခဲ့ပြီး ဂျပန်နိုင်ငံရှိ Tokyo International University တွင် ၅၀% ပညာသင်ဆုဖြင့် ဆက်လက်တက်ရောက်ခွင့်ရရှိခဲ့သည့်အပြင် Japan Student Service Organization ကချီးမြှင့်သော ပညာသင်ဆုကိုပါ ထပ်မံရရှိခဲ့သည့် မဖူးဝေလွင် အတွက် CROWN Education and Royal Academic Institute မိသားစုမှ အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်။

ဘယ်အချက်တွေကြောင့် ပြည်ပမှာပညာသင်ဖို့ ရွေးချယ်ခဲ့တာလဲ။

ညီမအနေနဲ့ပြည်ပမှာ ပညာသင်ဖို့ဆုံးဖြတ်လိုက်တဲ့ အဓိကအချက် ကတော့ မတူညီတဲ့သင်ကြားမှု သင်ယူမှုပုံစံကြောင့်ပါ … ညီမစိတ်ဝင်စား တဲ့ မေဂျာကိုသင်ယူရင်း တစ်ဖက်ကလည်း တခြားဘာသာစကားနဲ့ ရိုးရာဓလေ့တွေ လူနေမှုပုံစံတွေ အစုံကိုလေ့လာပြီးသားလည်းဖြစ်အောင်ပါ … နောက်တစ်ချက်ကတော့ ပြည်ပတက္ကသိုလ်တွေမှာ နိုင်ငံတကာကလာတဲ့ လူတွေနဲ့ မိတ်ဆွေဖွဲ့ပြီး သူတို့ရဲ့ Cultureကို အနီးကပ်လေ့လာခွင့်ရတယ် ဆိုတော့ Experiencing a New World ပေါ့

ပြည်ပပညာရေးမသွားခင် ဘာတွေအဓိကထားပြင်ဆင်ခဲ့လဲ။

ဟုတ်ကဲ့ ညီမအနေနဲ့ ပြည်ပသင်ကြားရေးမသွားခင် လိုအပ်တာတွေကို ဘက်စုံပြင်ဆင်ခဲ့ပါတယ် စိတ်ပိုင်းဆိုင်ရာ ပညာရေးပိုင်းဆိုင်ရာ အစုံပေါ့… ညီမက အစိုးရပညာရေးကလာခဲ့တဲ့သူဆိုတော့ ပြည်ပ သင်ကြားရေးမှာ ကြုံတွေ့ရမယ့် Academic ပိုင်းဆိုင်ရာအတွက် CROWN Educationရဲ့ American College Program (ACT-GAC Program) ကို အရင်ဆုံးပြင်ဆင်ခဲ့ပါတယ်။ ACT-GAC Program တက်ခဲ့တဲ့ (၁)နှစ်ဆိုတဲ့အချိန်အတွင်းမှာ Academic Writing, Public Speaking, Business and Scienceနဲ့ တက္ကသိုလ်တက်တဲ့ အချိန်မှာ တော်တော်လေးကို အရေးပါတဲ့ Academic Preparationနဲ့ အဓိက လိုအပ်ချက် ဖြစ်တဲ့ IELTS ကိုလည်း CROWN Educationက ဆရာ ဆရာမတွေဆီကနေလေ့လာပြင်ဆင်ခဲ့ပါတယ်။

ယူကေ၊ယူအက်စ်၊သြစတြေးလျကတက္ကသိုလ်တွေကို မရွေးချယ်ဘဲ Tokyo International Universityကို ရွေးချယ်ဖြစ်ခဲ့တာက။

ဂျပန်နိုင်ငံမှာ တက္ကသိုလ်တက်ဖို့ရွေးလိုက်တဲ့ အကြောင်းအရင်းကတော့ အများကြီးပဲ … ပထမအချက်ကတော့ ဂျပန်နိုင်ငံက မိန်းကလေးတွေ အတွက် တော်တော်လေးလုံခြုံတယ် … ပြီးတော့ ဂျပန်ဘာသာစကားကို သင်ကြားရင် ကိုယ်စိတ်ဝင်စားတဲ့မေဂျာကို အင်္ဂလိပ်လို လေ့လာခွင့် ရတယ် ဆိုတော့ ခဲတစ်လုံးနဲ့ ငှက်သုံးကောင် ပစ်လိုက်တာပေါ့ အခုတက်နေတဲ့ TIU တက္ကသိုလ်မှာ ကမ္ဘာ့နိုင်ငံအသီးသီးကလူတွေနဲ့ သူငယ်ချင်းလုပ်လို့ရမယ်ဆိုတာကြောင့်လည်း ပါပါတယ်

TIUမှာ လျှောက်ထားနိုင်တဲ့ပညာသင်ဆုတွေက။

Tokyo International Universityမှာက နိုင်ငံတကာ ကျောင်းသားတွေအတွက် ၃၀%, ၅၀%, ၈၀%, ၁၀၀%ဆိုပြီး ပညာသင်ဆုပေးပါတယ်…ကျောင်းစာအရမ်းတော်မှ ပညာသင်ဆု ပေးမယ်ဆိုတာမျိုး တော့ သတ်မှတ်ချက်မရှိပါဘူး။ ဘာကြောင့် ပညာသင်ဆုရချင်တာလဲ … ကျောင်းစာအပြင် တခြားဘယ်လို လုပ်ဆောင်ချက်ရှိတယ်ဆိုတာကိုကျောင်းဝင်ခွင့်နဲ့အတူ Essay ရေးတင်ရတယ်။ Tokyo International University ရဲ့ ပညာသင်ဆုရသူအနေနဲ့ ကျောင်းပြီးရင် ဘာပြန်လုပ်ပေးရမယ် ဆိုပြီးလည်း ချုပ်နှောင်မှုမရှိပါဘူး။ ပြီးတော့ နိုင်ငံတကာကျောင်းသား တွေ အနေနဲ့ တစ်ပါတ်ကို ၂၈နာရီ Part-Time အလုပ်လုပ်ခွင့် လည်းရှိပါတယ်။

ဘယ်အချိန်ကစပြီး စီးပွားရေးဘာသာရပ်ကိုစိတ်ဝင်စားခဲ့တာလဲ။

Business ကို စိတ်ဝင်စားမှန်း ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်မိတာ ကတော့ မကြာသေးပါဘူး။ ငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့တာက Cosmetologyပါ … မိတ်ကပ်လိမ်းတဲ့ အပိုင်းမဟုတ်ပဲ Skin Care တွေ Cosmetics တွေရဲ့ ထုတ်လုပ်မှုအပိုင်းတွေကို သဘောကျတာပါ … အဲ့ဒါက ဓာတုဗေဒပိုင်းနဲ့ သက်ဆိုင်နေတယ်။ ဒါကြောင့် မေဂျာဆုံးဖြတ်ဖို့ ခက်ခဲခဲ့ပါတယ် Business ဆိုတဲ့ Final Decision ကို ချနိုင်ဖို့ GAC Programမှာ Science ရော Business ရော နှစ်ခုလုံးကို ပြင်ဆင်နိုင်တဲ့အတွက် ညီမတကယ်ဖြစ်ချင်တာက Cosmetologist ထက် Cosmetics Line ကို ဖြန့်တဲ့ပိုင်းဆိုတာကို သိလိုက်ရတယ်။ အဲ့ဒါတွေကြောင့် အခု Business Economics ကို သင်ယူလေ့လာနေပါတယ်

Global Assessment Certificate (ACT-GAC, Grade 12 Program) တက်ရောက်ပြင်ဆင်ခြင်းဖြင့် –

မြန်မာဆယ်တန်း စနစ်ဟောင်း (သို့မဟုတ်) iGCSE / Grade 11 ပြီးမြောက်ထားတဲ့ ကျောင်းသူ၊ကျောင်းသားများအနေဖြင့် GAC Grade 12 Program တက်ရောက်ထားပါက ကနေဒါ-ယူကေ-သြစတြေးလျ-စင်ကာပူနိုင်ငံရှိ တက္ကသိုလ်များတွင် Foundation ပြန်တက်ရန် မလိုအပ်ဘဲ တက္ကသိုလ်ပထမနှစ်မှ စတင်တက်ရောက်နိုင်ခြင်း၊

အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်ကြီးများတွင် ဘာသာရပ်ကင်းလွတ်ခွင့်နှင့်အတူ ပညာသင်ဆုများ လျှောက်ထားနိုင်သည့်အတွက် အချိန်နှင့်ငွေကြေးကုန်ကျမှု သက်သာစေနိုင်ခြင်း၊

Global Assessment Certificate (ACT-GAC, Grade 12 Program) ကို CROWN Education တွင် (၁)နှစ် တက်ရောက်ပြင်ဆင်ခြင်းဖြင့် နိုင်ငံတကာရှိ Rankingမြင့် တက္ကသိုလ်များတွင် အခက်အခဲမရှိ ဆက်လက်သင်ယူနိုင်ခြင်း၊

မြန်မာဆယ်တန်း(စနစ်ဟောင်း)နှင့် iGCSE resultများတွင် ရမှတ်လိုအပ်ချက်ရှိသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့်လည်း GAC Grade 12 Program တစ်နှစ်တက်ရောက် သင်ယူပြီး GPA ရမှတ်ကောင်းများရရှိအောင် ပြင်ဆင်ကာ နိုင်ငံတကာတွင် ပညာသင်ဆုများဖြင့် ဆက်လက်သင်ကြားနိုင်ခြင်း၊

ACT နှင့် IELTS ရမှတ်ကောင်းများရရှိအောင် သင်ကြားပေးနေပြီး နိုင်ငံတကာ ဆယ့်နှစ်တန်းနှင့် ညီမျှသည့်အတွက် တက္ကသိုလ်ရွေးချယ်ရာတွင် အကန့်အသတ်မရှိဘဲ စိတ်ကြိုက်လျှောက်ထားနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မှာဖြစ်ပါတယ်။

အခုလိုကာလမှာ သင်ကြားမှု၊ သင်ယူမှုတွေ ရပ်တန့်မနေစေဖို့ GAC-Grade 12 Program သင်ယူလိုတဲ့ ကျောင်းသားတွေအနေနဲ့ မြန်မာဆယ်တန်း(သို့) iGCSE စာမေးပွဲ အောင်စာရင်းများ၊ အမှတ်စာရင်းများ မရှိထားသော်လည်း ဝင်ခွင့်စာမေးပွဲကို ကြိုတင်လာရောက် ဖြေဆိုထားနိုင်ပါတယ်။

ကလေးရဲ့ ဝါသနာနဲ့ အားသာချက် / အားနည်းချက်ပေါ် မူတည်ပြီး ဆက်လက်တက်ရောက်ရမယ့် နိုင်ငံနဲ့ ဘာသာရပ်ကို မိဘများနဲ့အတူ အသေးစိတ် တိုင်ပင်ဆွေးနွေး ပေးသွားမှာဖြစ်ပါတယ်။

နိုင်ငံတကာသို့ သွားရောက်သင်ကြားမည့် ကျောင်းသူ၊ ကျောင်းသားများ စနစ်တကျ ပြင်ဆင်စောင့်ဆိုင်းရင်း တိကျသေချာသော ပညာရေးလမ်းကြောင်း ရွေးချယ်ခြင်း၊ ဘာသာရပ်ရွေးချယ်ခြင်း၊ Scholarship အတွက် ပြင်ဆင်ခြင်းများ ပြုလုပ်ချင်တယ် ဆိုရင် GAC Grade 12 program မှာ တစ်နှစ်အတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချ ပြင်ဆင်နိုင်ပါပြီ။

2022 အတွက် အသစ်ဖွင့်လှစ်မည့် GAC Grade 12 programနှင့်ပတ်သက်၍ https://crown.edu.mm/gac/ လင့်ခ်တွင် အသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်သလို CROWN Education & Royal Academic Institute ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 88-111-08-11, 09 88-111-01-22, 09 88-111-01-33, 09 88-111-01-44 သို့လည်း Monday – Saturday ရုံးချိန် (9am-4pm) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Book Appointment >