Scholarships & News

iGCSE – American College Program – James Cook University Singapore…

iGCSE ပြီးတော့ CROWN Education ကဖွင့်တဲ့ American College Program ၁ နှစ်တက်ခဲ့ပါတယ်။ အဲဒါပြီးတော့ စင်ကာပူ JCU တက်ဖို့ ကျောင်းလျှောက်တဲ့အခါ Bachelor ကို တိုက်ရိုက်တက်ခွင့်ရတဲ့အတွက် နောက်ထပ် (၂) နှစ်ဘဲ တက်ရပါတော့တယ်။ ပုံမှန် iGCSE အပြီး တန်းသွားမယ်ဆိုရင်တော့ ၃နှစ်တက်ရောက်ရမှာပါ။

Double Major ယူရတာ စိတ်ဝင်စားစရာပါ…

JCU မှာ Double Major ယူလို့ရတော့ ကျွန်တော်ကတော့ “Hospitality & Tourism Management နဲ့ Sports & Events Management” ကို တွဲယူခဲ့ပါတယ်။ အဲဒီ Major နှစ်ခုမှာ တူတဲ့ module တစ်ချို့ ရှိတော့ ကိုယ့် Major က module တွေအပြင် Marketing, International Business, နဲ့ Accounting Major တွေက ကိုယ်စိတ်ဝင်စားတဲ့ အခြား module တွေကိုပါ စိတ်ကြိုက်ရွေးချယ်ပြီး တွဲလေ့လာခဲ့ပါတယ်။

ကျောင်းတက်နေစဉ် လုပ်ခဲ့ရတဲ့ Project တွေက ပေးတဲ့ အတွေ့အကြုံတွေ…

ဘာသာရပ်အားလုံးအတွက် Project, Assessment နဲ့ Exam တွေ မျှမျှတတလုပ်ခဲ့ရပါတယ်။ Club and Gaming Management လို ဘာသာရပ်ဆို Field Trip သွားရတယ်…. Conference & Events Management ဘာသာရပ်အတွက်ဆို “Pride of Place (POP) Series: Myanmar” ခေါင်းစဉ်နဲ့ လေးရက်ကြာတဲ့ Event တစ်ခုကို ကိုယ်တိုင်စီစဉ်ခဲ့ပြီး Project အနေနဲ့ လုပ်ခဲ့ပါတယ်။ နိုင်ငံတကာကျောင်းသားတွေ အများကြီးရှိတဲ့ Campus ထဲမှာ အခုလို Event မျိုးကို ကိုယ်တိုင်စီစဉ်ပြီးလုပ်ခဲ့ရတာ ကျွန်တော်တို့အတွက်တော့ တကယ့်ကို အဖိုးတန်တဲ့ အတွေ့အကြုံတွေပါ။

ပုံမှန်စာသင်ခန်းတွင်း သင်ကြားရေးအပြင် အခြားကြုံတွေ့ခဲ့ရတာက…

ကျွန်တော် ယူခဲ့တဲ့ Sports & Events Management Major မှာ ဆို Event Management နဲ့ သက်ဆိုင်တဲ့ Software တွေ ကို လက်တွေ့ သုံးခဲ့ရတယ်။ Business Major ပေါင်းစုံက ကျောင်းသားတိုင်း မဖြစ်မနေယူရတဲ့ Multidisciplinary Project မှာဆို သက်ဆိုင်ရာ Major အလိုက် Company တွေခွဲပေးထားတယ်.. အဲဒီ Company နဲ့ သက်ဆိုင်တဲ့ ဥပမာ- Product Development လိုမျိုး Department တစ်ခုချင်းဆီ Develop ဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆိုတာလိုမျိုးကို Report လုပ်ရပြီး Presentation လုပ်တဲ့ နေ့မှာ ကျောင်းက Lecture တွေအပြင် သက်ဆိုင်ရာ Company က တာဝန်ရှိသူတွေပါ လာပြီး အကဲဖြတ်ပေးပါတယ်။

JCU မှာ ကျောင်းတက်ကြသူတွေ နဲ့ အသင်းအဖွဲ့တွေ…

JCU Singapore မှာ Chinese, Indian, Indonesian, Vietnamese, Singaporean, Myanmar လို အာရှနိုင်ငံအသီးသီးက ကျောင်းသားတွေအပြင် America, France, Germany, Russia, Australia နိုင်ငံတွေက Exchange Students တွေလဲ ရှိပါတယ်။ အသင်းအဖွဲ့တွေ အနေနဲ့ဆို “Student Council” “JCU MATESHIP” စတဲ့ အဖွဲ့တွေကနေ Intake အသစ်တိုင်းအတွက် Orientation တွေလုပ်ပေးတာမျိုး Culture Events တွေ စီစဉ်ပေးတာမျိုးရှိတယ်။ “JCU MATESHIP Program” ရဲ့ အဖွဲ့ဝင်တွေကလည်း ကျောင်းသား အသစ်တွေလိုအပ်တာတွေကို ကူညီပေးကြပါတယ်။ Major အလိုက်လဲ သက်ဆိုင်ရာ “Major Club” တွေ “Peer-Guide” တွေရှိတော့ စာနဲ့ပတ်သတ်ပြီး အခက်အခဲရှိမှာလည်း စိတ်မပူရပါဘူး။

JCU ကျောင်းသားဘဝ နဲ့ Myanmar Community…

မြန်မာကျောင်းသားတွေအတွက် JCU မှာ Myanmar Community ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကျောင်းတက်နေစဉ်အတွင်း Myanmar Community ရဲ့ President အနေနဲ့ တာဝန်ယူခဲ့ပါတယ်။ Community ကတစ်ဆင့် မြန်မာကျောင်းသား အချင်းချင်း လိုအပ်တာတွေ အကူအညီပေးတာမျိုး Fresher Welcome တွေ Culture Event တွေ နဲ့ တခြား စုပေါင်း Activities တွေပါ လုပ်ဆောင်ကြလို့ ပျော်စရာလဲကောင်း ကျောင်းသားဘဝ အမှတ်တရတွေလည်း အများကြီးရခဲ့ပါတယ်။

Book Appointment >