ACT- GAC Scholarships

မြန်မာနိုင်ငံတွင် GAC Program တက်ရောက်ခဲ့သည့်အတွက် အင်္ဂလန်နိုင်ငံ Newcastle University၏ Foundationတက်စရာမလိုတော့ဘဲ Business (Marketing and Management)ကို မြန်မာငွေကျပ်သိန်း(၃ဝ)ကျော်နှင့် ညီမျှသည့် Scholarshipဖြင့် သင်ယူခွင့်ရခဲ့သည့် မောင်ကျော်ဇင်ဝင်းခန့် GAC (Batch-18)အတွက် CROWN Education and Royal Academic Institute မိသားစုမှ အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ရှေ့ဆက်ရမယ့်ပညာရေးမှာလည်း အစစအရာရာ အဆင်ပြေချောမွေ့ဖို့အတွက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

.Newcastle Universityကို ရွေးဖြစ်ခဲ့တာက …

ကျွန်တော် အစကတော့ ကနေဒါကိုသွားဖို့စီစဉ်ထားပေမယ့် ကနေဒါနိုင်ငံက borderလည်း မဖွင့်သေးဘူး၊ visaလည်းမပေးသေးဘူးဆိုတော့ အနီးဆုံးဘယ်သွားလို့ရမလဲဆိုတာ ရှာရင်း ယူကေမှာကျောင်းသွားတက်ဖို့ ရွေးချယ်ဖြစ်ခဲ့တာပါ။

.Newcastle Universityတက္ကသိုလ်၊ ယူကေနဲ့ပတ်သက်ပြီး သဘောအကျဆုံးအချက်က…

ကျနော့်အမကျောင်းသွားတက်တုန်းက ယူကေအတူလိုက်သွားရင်းနဲ့ ယူကေကိုသဘောကျတာရယ်၊ နောက်ပြီးတော့ တခြားမြို့တွေထက်စာရင် Newcastleမြို့က နိုင်ငံတကာကကျောင်းသူ၊သားတွေအတွက် ကုန်ကျစရိတ်သက်သာတာရယ်၊ ဒေသခံတွေလည်း တော်တော်လေး ဖော်ရွေမှုရှိပြီး ခင်ဖို့ကောင်းတာရယ် Newcastle Universityအတွက် စားစရိတ်၊နေစရိတ်ကလည်း တော်တော်လေးကို သက်သာတဲ့အချက်တွေကြောင့် Newcastle Universityကို ရွေးချယ်လိုက်တာပါ။

.ကျောင်းပြီးသွားတဲ့အခါ ကိုယ့်အနေနဲ့ ဘယ်အရာတွေမှာ သိသိသာသာတိုးတက်ပြောင်းလဲလာမယ်လို့ ယုံကြည်ထားလဲ….

Bachelorရပြီးနောက်ပိုင်းမှာ ဘယ်လိုစီစဉ်ထားလဲဆိုတော့ အခု ကျောင်းတက်နေရင်းတစ်ဖက် Internshipဆင်းတာ (သို့မဟုတ်) ကိုယ်ရွေးထားတဲ့မေဂျာနဲ့ ကိုက်မယ့် Part Time Jobလုပ်ဖို့ စီစဉ်ထားပါတယ်။ ဘွဲ့ရပြီးတဲ့အခါ ကျောင်းတက်တုန်းက ကိုယ် Internshipဆင်းထားဖူးတဲ့ Companyတစ်ခုခုမှာပဲ (၁)နှစ်၊ (၂)နှစ်လောက် အလုပ်အတွေ့အကြုံယူရင်း၊ တစ်ဖက်မှာလည်း ကိုယ်မြင်တဲ့တွေ့တဲ့အရာထဲက အကောင်းဆုံးလေ့လာပြီး တစ်ချိန်မှာ ကိုယ်ပိုင် Own Businessတစ်ခုလုပ်ဖို့ အစီအစဉ်ရှိထားပါတယ်။ ဒါပေမယ့် အခုချိန်မှာ Covidကြောင့် ဘာတွေဘယ်လိုတွေပြောင်းလဲလာနိုင်တယ်ဆိုတာကို တထစ်ချတွက်ချထားလို့မရနိုင်တော့ Future Planက အနည်းနဲ့အများတော့ ပြောင်းလဲနိုင်တယ်လို့မြင်ပါတယ်။

.ကျောင်းသွားမတက်ခင် ဘယ်လိုပြင်ဆင်မှုတွေလုပ်ထားလဲ …

Newcastle Universityသွားတက်ဖို့ အရင်ဆုံးယူကေမှာရှိတဲ့သူတွေက ဘယ်လိုပြောဆိုနေထိုင်တတ်တယ်၊ သူတို့ရဲ့ cultureအရ ဘယ်လိုတွေရှိတတ်တယ်ဆိုတာမျိုးတွေလေ့လာထားသလို ကျောင်းတက်နေရင်း ငွေကြေးကိုဘယ်လိုစီမံခန့်ခွဲပြီးနေမယ်ဆိုတာတွေကိုပါ သေချာလေးစဉ်းစားထားပါတယ်။  နောက်ပြီးတော့ ယူကေရဲ့ ရာသီဥတုကတော်တော်လေးအေးတတ်တဲ့အတွက် အနွေးထည်လုံလုံလောက်လောက်ယူသွားဖို့တွေကိုလည်း ပြင်ဆင်ထားပါတယ်။ အဓိကကတော့ ယူကေမှာ တစ်ယောက်တည်းကျောင်းတက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းပြီးမှ ဘယ်လိုနေထိုင်မလဲဆိုတာကိုလည်း စဉ်းစားထားပါတယ်။

.ယူကေမှာ ကျောင်းလာတက်ချင်တဲ့ သူငယ်ချင်းတွေ၊ ဂျူနီယာတွေကို Newcastle University ကျောင်းသားတစ်ယောက်အနေနဲ့ ဘယ်လိုအကြံပေးချင်လဲ…

ယူကေလာတက်မယ့်ကျောင်းသူ၊သားတွေကို ဘာအကြံပေးချင်လဲဆိုတော့ – ကျောင်းရွေးချယ်တဲ့အချိန်ကျရင် တက္ကသိုလ်ရဲ့ Overall Rankingတစ်ခုတည်းကိုပဲမကြည့်ပါနဲ့၊ ကိုယ်သွားတက်မဲ့ မေဂျာရဲ့ Rankingကိုလည်း အဓိကထားကြည့်ပြီးမှ ရွေးချယ်စေချင်ပါတယ်။ University Lifeဆိုတာက တချိန်လုံး စာချည်းပဲလုပ်နေတာမျိုးမဖြစ်စေချင်ပါဘူး။ တကယ်လို့ Rankingတအားမြင့်တဲ့တက္ကသိုလ်ကိုပဲရွေးပြီးတက်မယ်ဆိုရင် စာတအားလုပ်ရတော့မှာဆိုတော့ ကိုယ့်အနေနဲ့ ကျောင်းစာနဲ့ တခြား social aspectsတွေကို မျှမျှတတအချိန်ပေးနိုင်လား၊ အဆင်ပြေပြေဖြေရှင်းနိုင်လားဆိုတာလေးကိုလည်း စဉ်းစားစေချင်ပါတယ်။

.ပြီးတော့ နောက်တစ်ခုက Self Controlလို့ပဲပြောရမလား.. ဘာကိုပြောချင်လဲဆိုတော့ ကျနော်တို့အာဆီယံနိုင်ငံတွေကလာတဲ့ကျောင်းသား၊လူငယ်တွေမှာက အိမ်ကဘာလုပ်လုပ် တစ်ချိန်လုံးနောက်ကတစ်ကောက်ကောက်လိုက်ကြည့်တတ်တာဆိုတော့ ဟိုဘက်ရောက်သွားတဲ့အချိန်မှာ နောက်ကနေ စာလုပ်တော့ဆိုပြီး လိုက်ပြောမယ့်သူမရှိတော့ လွတ်လပ်သွားပြီး လွတ်ထွက်သွားတာမျိုးကြားဖူးမြင်ဖူးပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေထဲမှာဆိုရင်လည်း Rankingတအားကောင်းတဲ့ကျောင်းတွေကို ဝင်ခွင့်ရတယ်၊ ဒါပေမယ့် သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလားပုံစံမျိုးဖြစ်လာတော့ အမှတ်တွေကကျလာတယ်၊ နောက်ဆုံးမှာ ကျောင်းထုတ်ခံလိုက်ရတဲ့သာဓကတွေရှိခဲ့ဖူးပါတယ်။

.ကျွန်တော်အခုလိုပြောလို့ နိုင်ငံခြားမှာကျောင်းသွားတက်တာ လူငယ်သဘာဝအရ မပျော်ရတော့ဘူးလားဆိုရင်… မဟုတ်ပါဘူး ကိုယ်ပိုင်အတိုင်းအတာလေးတစ်ခုထားပြီး ထိန်းထိန်းသိမ်းသိမ်းပျော်တတ်တယ်ဆိုရင် နိုင်ငံခြားမှာပညာလာသင်တဲ့ ကိုယ့်ရဲ့ မူလစိတ်ကူးအိမ်မက်တွေလည်း အဆင်ပြေချောမွေ့မယ်လို့ယုံကြည်ပါတယ်။

Book Appointment >