OSSD Scholarships

CROWN Educationအကူအညီနဲ့ စင်ကာပူမှာ ကျောင်းသွားတက်နေတဲ့ cousinက တဆင့် OSSD Grade 12 programကို သိခဲ့ပါတယ်၊ အားလုံးသိတဲ့အတိုင်း 2020ကစပြီး နိုင်ငံတကာမှာလည်း Covid အခြေအနေတွေကြောင့် ကျောင်းချက်ခြင်းသွားတက်ဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။

ဒီအတိုင်း အချိန်ကုန်သွားမယ့်အတူတူ UKမှာ Foundation Yearသွားတက်ရမယ့် ကုန်ကျစရိတ်သက်သာဖို့နဲ့ တက္ကသိုလ်တွေကပေးတဲ့ ပညာသင်ဆုတွေလည်း လျှောက်ကြည့်ချင်တာနဲ့ CROWN Educationမှာ OSSD Program (၁၀)လ တက်ဖို့ ရွေးချယ်ခဲ့ပါတယ်။

Covidအခြေအနေတွေကြောင့် အွန်လိုင်းကပဲ တက်ခဲ့ရပေမယ့် ဆရာ၊ဆရာမ‌တွေက စိတ်ရှည်သလို စာအသင်အပြတော်တော်လေးကောင်းတယ်။ နောက်ပြီး OSSDက စာမေးပွဲဖြေရတဲ့စနစ်ကို အသားပေးတဲ့ ပညာရေးလမ်းကြောင်းမဟုတ်တော့ လွတ်လွတ်လပ်လပ်တွေးခေါ်နိုင်ပြီး Creative thinkingပိုင်းမှာ အရင်ကထက် တိုးတက်လာပါတယ်။

Lin Austin

University of Strathclyde

BSc (Hons) Architectural Studies

Book Appointment >