OSSD Scholarships

မဆုမြတ်နိုးဝေအနေနဲ့ CROWN Educationရဲ့ Higher Secondary School ဖြစ်တဲ့ Royal Academic Instituteမှာ OSSD Grade 12 programကို ဆယ်လကြာ တက်ရောက်သင်ကြားခဲ့ပါတယ်။

Russell Group အဖွဲ့ဝင်ဖြစ်ပြီး QS World University Rankings 2022 အရ အဆင့် 90 နေရာနှင့် UK University Rankingအရ အဆင့် 14 နေရာတွင် အသီးသီးရပ်တည်လျက်ရှိသည့် အင်္ဂလန်ထိပ်တန်းတက္ကသိုလ် University of Birmingham တွင် Foundation Year ကင်းလွတ်ခွင့်နှင့်အတူ MPharm Pharmacyကို တက္ကသိုလ်ပထမနှစ်တိုက်ရိုက် တက်ရောက်ခွင့်ရရှိထားသည့် ကျောင်းသူ မဆုမြတ်နိုးဝေအတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

University of Birmingham ၏ အဆိုပါ MPharm Pharmacyသည် General Pharmaceutical Council (GPhC) မှ accreditation ရရှိထားသလို တက်ရောက်ခွင့်ရရှိရန် ခက်ခဲလေ့ရှိပါတယ်။ အခုအခါ အင်္ဂလန်နိုင်ငံရှိ Rankingမြင့် ထိပ်တန်းတက္ကသိုလ် (၅)ခုစာရင်းဝင် King’s College London မှာလည်း MPharm Pharmacy တက္ကသိုလ်ပထမနှစ်တိုက်ရိုက် ဝင်ခွင့်ထပ်မံရရှိထားပါတယ်။

ရှေ့ဆက်ရမယ့်ပညာရေးမှာလည်း အစစအရာရာ အဆင်ပြေချောမွေ့ဖို့ CROWN EDUCATION & ROYAL ACADEMIC INSTITUTE မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

OSSDလက်မှတ်ဖြင့် အင်္ဂလန်နိုင်ငံရှိတက္ကသိုလ်များအပါအဝင် သြစတြေးလျ၊ စင်ကာပူနိုင်ငံတို့တွင် Foundation Yearမလိုပဲ တက်ရောက်နိုင်မှာဖြစ်ပြီး၊ ကနေဒါအဆင့်မြင့်တက္ကသိုလ်တွေကိုပါ တိုက်ရိုက်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ အခြားသော နိုင်ငံတကာရှိ Rankingမြင့် တက္ကသိုလ်များတွင်လည်း Medicine, Engineering, Business, IT, Science, Arts ဆက်စပ်ဘာသာရပ်များကို စိတ်တိုင်းကျ ဆက်လက်ရွေးချယ်တက်ရောက်နိုင်သည့်အပြင် ထူးချွန်ကျောင်းသူ၊ကျောင်းသားများအတွက် ပညာသင်ဆုအခွင့်အရေးများ၊ပညာသင်ထောက်ပံ့ကြေးများလည်း (နိုင်ငံတကာမှ ဆေးကျောင်းများ မပါဝင်) ရှိပါသည်။

မြန်မာဆယ်တန်းနှင့် IGCSE ဖြေဆိုအောင်မြင်ထားသည့် ကျောင်းသူကျောင်းသားများအနေဖြင့် OSSD Grade 12 Program ကို မြန်မာနိုင်ငံတွင် အချိန် (၁ဝ)လမှ အများဆုံး(၁)နှစ်သာ တက်ရောက်သင်ကြားရန်လိုအပ်ပါသည်။ 2022 အတွက် အသစ်ဖွင့်လှစ်မည့် OSSD Grade 12 programနှင့်ပတ်သက်၍ https://crown.edu.mm/ossd/ လင့်ခ်တွင် အသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်သလို 09 965-085-185, 09 885-085-185 (Viber) သို့လည်း Monday – Saturday ရုံးချိန် (9am-4pm) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Book Appointment >