ACT- GAC Scholarships

IGCSEပြီးတဲ့အခါ ကျွန်တော်တက်မယ့် တက္ကသိုလ်တွေကိုရှာရင်းနဲ့ ရန်ကုန်က ကျောင်းတွေ၊ agencyတွေ

တော်တော်များများ ရောက်ခဲ့တယ်ခင်ဗျ။ တစ်ရက်မှာတော့ CROWN Educationမှာ စုံစမ်းမယ်ဆိုပြီး ရောက်လာခဲ့ပါတယ်။ ဒီမှာ Foundation programတက်ပြီးမှ  နိုင်ငံခြားမှာဆက်တက်မယ်ဆိုရင် ကျွန်တော့်နောက်ပိုင်းပညာရေးလမ်းကြောင်းပိုကောင်းနိုင်တယ်ဆိုတဲ့အကြောင်းကို အဖေ့ကိုပြောပြတဲ့အခါ အဖေကလည်း ဒီမှာပဲ Foundationပြင်သင့်တယ်လို့ အကြံပေးခဲ့ပါတယ်။

.GACတက်ရင်း အရင်ကမသိခဲ့တဲ့အရာတွေ အများကြီးသင်ယူခွင့်ရခဲ့ပါတယ်။ အထူးသဖြင့် သင်္ချာဘာသာရပ်မှာ ဆိုရင် အရင်ကသင်ထားရတာတွေအပြင် အခြားနည်းလမ်းသစ်တွေပါရှိတာကို တွေ့ခဲ့ရပါတယ်။ ကျွန်တော့်အတွက် Foundationမှာ ပထမအရေးအကြီးဆုံးအချက်ကတော့ Time managementဖြစ်ပြီး Knowledgeကတော့ ဒုတိယဖြစ်ပါတယ်။

.Time managementကို ကောင်းကောင်းလုပ်နိုင်ပြီး deadlineအမီ ပြင်ဆင်နိုင်မှသာ ကျွန်တော်တို့ချမှတ်ထားတဲ့ အနာဂတ်အောင်မြင်မှုလမ်းကြောင်းအပေါ်ရောက်အောင် လုပ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ ရိုးရိုးသားသားပြောရရင် GAC programက ဒီလောက်အထိ အကူအညီရလိမ့်မယ်လို့ မထင်ခဲ့မိတာဗျ။ အတန်းထဲမှာ ပျော်ရတာတစ်ပိုင်း၊ သင်ခန်းစာတွေလုပ်ရတာ တစ်ပိုင်းပေါ့။ နှစ်ခုစလုံးကို လုပ်နိုင်မယ်ဆိုရင်တော့ သူငယ်ချင်းတို့လည်း အောင်မြင်တဲ့အနာဂတ်တွေရှိလာမှာပါ။

.

Kyaw Min Khant

Centennial College, Canada

Diploma in Motive Power Technician (Automotive) -Technical

Book Appointment >