News

လတ်တလော အခြေအနေတွေအရ ပညာရေးမှာ ဝေဝါးပြီး နိုင်ငံခြားမှာပဲ ကျောင်းဆက်တက်တော့မယ်လို့  ဆုံးဖြတ်ထားပါသလား၊
သင့်တင့်တဲ့ ကျောင်းလခနဲ့ သြစတြေးလျအဆင့်မြင့် University of Newcastle က စီးပွားရေးဘွဲ့ကို ၂ဝ% ၊ ၃ဝ% ကနေ အများဆုံး ၅ဝ% ပညာသင်ဆုနဲ့ သင်ကြားခွင့်တွေလည်း လျှောက်ထားကြည့်ချင်ပါသလား၊
ကျောင်းတက်နေရင်း Paid Internship ပါရှိတာကိုရော စိတ်ဝင်စားပါသလား၊
ဘွဲ့တစ်ခုရဖို့ ပေးရတဲ့ အချိန် (၄)နှစ်အတွင်း ကုန်ကျစရိတ်လည်းအရမ်းမများဘဲ တစ်ချိန်တည်းမှာ Double Degreeကို နှစ်နိုင်ငံအတွေ့အကြုံနဲ့ လျှောက်ထားခွင့်တွေကိုရော ရချင်ပါသလား။

သင့်ပညာရေးအတွက် အထက်က အကြောင်းအရာတွေနဲ့ ဆက်စပ်ပြီး စစဉ်းစားနေပြီဆိုရင်တော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က UTCC International School of Management (UTCC iSM)ကို ထည့်သွင်းစဉ်းစားနိုင်ဖို့ မိတ်ဆက်ပေးချင်ပါတယ်။

UTCC iSM ဆိုတာ –
ထိုင်းနိုင်ငံ ကုန်သည်ကြီးများအသင်းရဲ့လက်အောက်မှာရှိတဲ့ တက္ကသိုလ်ဖြစ်သလို၊ ထိုင်းနိုင်ငံအတွင်း လက်တွေ့လုပ်ငန်းခွင် လွယ်ကူစွာဝင်ရောက်နိုင်မှုနဲ့ ကျောင်းအပြီး အဆက်အသွယ်ကောင်းရရှိမှုတွေမှာ နံပါတ်(၁)ပုဂ္ဂလိကတက္ကသိုလ်ဖြစ်ပါတယ်။ ဒါတင်မကဘဲ UTCC iSMအနေနဲ့ Australian Chamber of Commerce and Industryနဲ့ပါ ချိတ်ဆက်ထားတာဖြစ်လို့ ထိုင်းနိုင်ငံအခြေစိုက် သြစတြေးလျကုမ္ပဏီတွေမှာပါ ဝင်ရောက်လုပ်ကိုင်နိုင်တဲ့အခွင့်အလမ်းတွေလည်း စောင့်ကြိုနေပါတယ်။

UTCCမှာ ဘယ်လိုBachelor Degree Program တွေရှိလဲ။
ထိုင်းနိုင်ငံပညာရေးကို စိတ်ဝင်စားသူတွေအတွက် ခေတ်နဲ့လိုက်လျောညီထွေမှုရှိပြီး နိုင်ငံတကာသုံး Englishဘာသာနဲ့ သင်ယူနိုင်တဲ့ –
-International Business Management,
-Hospitality Business Management,
-Accountancy နဲ့
-Business English ဘာသာရပ်တွေကို သင်ယူနိုင်သလို၊ တစ်ချိန်တည်းမှာ နိုင်ငံတကာအသိအမှတ်ပြု Bachelor Degree (၂)ခု ရယူချင်တဲ့ ကျောင်းသူ၊သားတွေအတွက်ကိုလည်း Bachelor of Business Administration (UTCC) | Bachelor of Business Innovation and Entrepreneurship (UON)အပြင် Bachelor of Accountancy (UTCC) | Bachelor of Commerce (UON)ရဲ့ “Two Degrees, One Program”အစီအစဉ်တွေလည်းရှိပါတယ်။

UTCC ကျောင်းဝင်ခွင့်ရဖို့ ဘာတွေလိုအပ်လဲ။ ဘယ်လိုပညာသင်ဆုတွေရှိလဲ။
မြန်မာဆယ်တန်း၊GCE O’ levelပြီးထားတဲ့ ကျောင်းသူ၊ကျောင်းသားတွေအနေနဲ့ တက္ကသိုလ်ပထမနှစ်ကို တိုက်ရိုက်တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။

Bachelor Degreeအတွက် လျှောက်ထားနိုင်တဲ့ UTCC ပညာသင်ဆုတွေကတော့ –
UTCC-GOLD Scholarship,
UTCC ASEAN Full Grantနဲ့
Rattanamongkol Scholarshipတို့ပဲဖြစ်ပါတယ်။

UTCC Bachelor Degree Scholarshipsလျှောက်ထားဖို့ ဘာတွေပြင်ဆင်ထားရမလဲ။
၁။ ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ (အမှတ်စာရင်း၊ အောင်လက်မှတ်)၊
၂။ အင်္ဂလိပ်စာအရည်အချင်း အထောက်အထား (IELTS Overall Band Score – 5.0 သို့မဟုတ် IELTS မရှိထားသူများအနေဖြင့် UTCC English Placement Test ဖြေဆိုလျှောက်ထားနိုင်ပါတယ်)၊
၃။ Passport မူရင်း၊
၄။ UTCC Application Form
၅။ CV
၆။ Motivation Letterနဲ့အတူ လျှောက်ထားရမှာဖြစ်ပြီး UTCCက စစ်ဆေးတဲ့ Interviewကိုလည်း ဖြေဆိုအောင်မြင်ဖို့လိုအပ်ပါတယ်။

UTCCမှာ သင်ယူလျှောက်ထားနိုင်တဲ့ Bachelor, Master Programတွေအကြောင်း၊ Scholarships နဲ့ 2021 September Intake, 2022 January Intakeအတွက် ကျောင်းဝင်ခွင့်ဆိုင်ရာ အသေးစိတ် အချက်အလက်တွေကို ထပ်မံသိရှိလိုပါက – CROWN Education၏ ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 965 085 185, 09 445 566 701 သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းစကားပါးလိုက်ပါတယ်။

Book Appointment >