News

(၁) နိုင်ငံကူးလက်မှတ်လျှောက်ထားပါ
နိုင်ငံကူးလက်မှတ်ကို PE လျှောက်ထားပါ။ နိုင်ငံခြားသွားဖို့ပထမဆုံးအဆင့်က Passport ရှိရပါမယ်။ တစ်ခါတစ်လေ စကော်ားရှစ်လျှောက်ဖို့အခွင့်အရေးကြုံလျက်နဲ့ Passport မရှိလို့ မလျှောက်လိုက်ရဆိုတာမျိုးဖြစ်မှာစိုးလို့ပါ။


(၂) ဘာသာစကားတစ်မျိုး သို့မဟုတ် နှစ်မျိုးအနည်းဆုံး ကျွမ်းကျင်အောင်သင်ယူပါ (English/Thai/Japan/Korea/German/French etc) ဘာသာစကားကျွမ်းကျင်မှ တက္ကသိုလ်ရှာတာ၊ ကျောင်းရှာတာ စကောလားရှစ်လျှောက်ထားတာတွေကို ဆက်ပြီးလုပ်လို့ရနိုင်မှာပါ။


(၃) ကိုယ်သွားရောက်ပညာသင်လိုတဲ့နိုင်ငံရဲ့ ဒေသစရိုက်၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ လူနေမှုစရိုက်၊ ရာသီဥတုအပါအဝင် ကောလိပ် တက္ကသိုလ်တွေအကြောင်းလေ့လာပါ။

နိုင်ငံတစ်ခုချင်းစီအလိုက် မတူကွဲပြားတဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ လူနေမှုပုံစံစတာတွေကို လေ့လာရတာ စိတ်ဝင်စားဖို့ကောင်းသလို အကြောင်းအရာတော်တော်များများကိုလည်း YouTube, Googleက တဆင့်လွယ်လင့်တကူ ရှာဖွေလေ့လာနိုင်ပါတယ်။


(၄) ကိုယ်သင်ယူလိုတဲ့ ဘာသာရပ်မေဂျာတွေမှာ ကိုယ်တကယ်စိတ်ဝင်စားမှုရှိမရှိ၊ အဲဒီဘာသာရပ်တွေနဲ့အသက်မွေးဖို့ကိုယ်မှာ လုပ်ကိုင်နိုင်စွမ်းအရည်အသွေးရှိ၊မရှိ လေ့လာဆန်းစစ်ပါ။ လိုအပ်ရင်သင်တန်းအတိုလေးတွေတက်ထားပါ။

ဘာသာရပ်နဲ့ အသက်မွေးဝမ်းကြောင်းမှုအလုပ်အကိုင်အကြောင်းတွေ လူကြီးတွေဆီကမေးမြန်းပါ။ Google/YouTube တွေကနေလေ့လာပါ။

(၅) ကိုယ့် Lifestyle နဲ့ ကိုယ့်အကြောင်းကိုယ်သိအောင်လည်းအားထုတ်ပါ။

ကိုယ့် Lifestyle နဲ့မကိုက်တဲ့ ရာသီဥတု၊နိုင်ငံရွေးချယ်မိရင်လည်းအဆင်မပြေမှုတွေရှိတတ်ပါတယ်။

(၆) ကိုယ်တက်ရောက်လိုတဲ့တက္ကသိုလ်/ကောလိပ်၊ အတွက်ကုန်ကျစရိတ်တွေပြင်ဆင်ပါ။

ပညာသင်ဆုလျှောက်ထားတော့မယ်ဆိုရင် ပညာသင်ဆုရရှိဖို့လိုအပ်ချက်တွေ၊ ထပ်မံဖြေဆိုရမယ့် စာမေးပွဲတွေ(SAT-ACT, MEXT, TOPIK, IELTS, TOEFL, GED, GRE, GCE A Level စသဖြင့်) ပြင်ဆင်ပါ။


(၇) ကျောင်းလျှောက်ဖို့ ဝင်ခွင့်လက်ခံတဲ့အချိန်၊ Deadline, ကျောင်းအတွက် Accommodation, လျှောက်ထားတဲ့နိုင်ငံရဲ့ ဗီဇာလိုအပ်ချက်၊ Travel Plan, ယူဆောင်သွားရမဲ့ငွေကြေးပမာဏ၊ ကျောင်းလခသွင်းဖို့၊ ဟိုဘက်နိုင်ငံမှာသုံးဖို့ မြန်မာနိုင်ငံထဲကနေ လုပ်သွားလို့ရတဲ့ Visa/Master Debit Card/ Card တွေကို စတင်ပြင်ဆင်ပါ။

Book Appointment >