CROWN Education က ဘာလုပ်လဲ ဘယ်လိုဝန်ဆောင်မှုတွေ ပေးလဲ

(၁၆) နှစ်အရွယ်ကစပြီး အသက် (၃၀) ကြား ကျောင်းသားလူငယ်တွေ နိုင်ငံတကာမှာ ပညာသင်သွားဖို့ ဝန်ဆောင်မှုတွေ ပေးပါ တယ်။ မြန်မာဆယ်တန်း မအောင်သေးတဲ့သူတွေ ၊ IGCSE ပြင်ဆင်နေတဲ့ ကျောင်းသားတွေ အတွက်Grade 12 ပြင်ဆင်တာ ၊ဆယ်တန်း အောင်ပြီးသား ၊ IGCSE ဖြေပြီးသား ကျောင်းသူကျောင်းသား တွေအတွက် Foundation ပြင်ဆင်ပေးတဲ့အတန်း ၊  GED ပြင်ဆင်ခြင်းနဲ့ Exam Service၊ ACT ပြင်ဆင်ခြင်းနဲ့ Exam Service ဝန်ဆောင်မှုတွေ ရှိပါ တယ်။

နိုင်ငံခြားမှာ ဆက်လက်သင်ယူဖို့ မိမိအမှန်တကယ်ဝါသနာပါရာ ဘာသာရပ် နယ်ပယ်ကို ပြင်ဆင်လိုတယ်ဆိုရင်

ဆယ်တန်းဖြေပြီးသွားသည်ဖြစ်စေ ၊ မဖြေရသေးသည်ဖြစ်စေ ၊ နိုင်ငံခြားသွားဖို့ အစီအစဉ်ရှိတယ်၊ ဘယ်နိုင်ငံ သွားမယ်မှန်း မသိသေးဘူး ၊ ဘယ်လို ဘာသာရပ်တွေ စိတ်ဝင်စားမှန်း မသိသေးဘူးဆိုရင် ACT – GAC (အမေရိကန်ပြည်ထောင်စု American College Test) မှ ပေးအပ်တဲ့ ( Global Assesment Certificate) USA Grade 12  ကို အရင် လေ့လာထားပြီးမှ နိုင်ငံခြားမှာ ပညာဆက်လက်သင်ယူဖို့အတွက် CROWN Education မှတာဝန်ရှိသူတွေက ကျောင်းသား စိတ်ဝင်စားမှုနဲ့ မိဘများ၏ ငွေကြေး အသုံးပြုမည့် ပမာဏအပေါ် အခြေခံပြီး သင့်တော်တဲ့ နိုင်ငံ ၊ တက္ကသိုလ် ၊ ကောလိပ်တွေကို ရွေးချယ် လျှောက်ထားပေးပါတယ်။ 

အဲ့ဒီလိုလျှောက်ထားပေးတဲ့နေရာမှာ CROWN Education နဲ့ချိတ်ဆက်ထားသော တက္ကသိုလ်များနှင့် မချိတ်ဆက်ထားသော တက္ကသိုလ်ကျောင်းများပါဝင်ပြီး အများဆုံး (၇) ကျောင်းထိ ကျောင်း + ဗီဇာ အခမဲ့ ဆက်လက်လျှောက်ထားပေးမှာ ဖြစ်ပါတယ်။

ပြည်တွင်းမှာပဲ နိုင်ငံတကာအသိအမှတ်ပြု Diploma / Degree ကို ဆက်လက်သင်ယူလိုတယ်ဆိုရင်

မြန်မာဆယ်တန်း မဖြေဆိုရသေး ဘူး ၊ သို့မဟုတ် အစိုး ရတက္ကသိုလ် တက်လက်စ တန်းလန်း ပညာရေး တပိုင်းတစ ဖြစ်နေသူတွေ ၊နိုင်ငံခြားလည်း ထွက်ဖို့ (ငွေကြေးကြောင့်ဖြစ်စေ၊ အခြေ အနေတခုခုကြောင့်ဖြစ်စေ) အဆင်မပြေဘူး ဆိုရင် IGCSE တို့ GCE A Level တို့ မပြင်သင့်ပါဘူး ၊ ပြည်တွင်း Private University တွေမှာ စုံစမ်းဖို့ အားပေးပါတယ်။  ABE/NCC/HND စတဲ့ UK Qualification Diploma တွေကို စုံစမ်းတက်ရောက်ဖို့ အကြံပေး ပါတယ်။

ကုန်ကျစရိတ် သက်သက်သာသာနဲ့ နိုင်ငံတကာပညာရေးကို ကူးပြောင်းလိုတယ်ဆိုရင်

ဆယ်တန်း မဖြေဆိုရသေးဘူး ၊ IGCSE မဖြေဆိုရသေးဘူး ၊ (တက်နေသည်ဖြ စ်စေ ၊ မတက်ရောက်ရသေးသည်ဖြစ်စေ ) နိုင်ငံခြားသွားဖို့ အစီအစဉ်ရှိတယ်။ ကုန်ကျစရိတ် အသက်သာဆုံး နိုင်ငံတွေမှာ ပညာသင်သွားဖို့ စိတ်ကူးရှိတယ်ဆိုရင် General Educational Development Test (GED) ကိုဖြေ ဆိုဖို့ စဉ်းစားသင့်ပါတယ်။

GED နဲ့ အခု ACT-GAC နဲ့  ဘာကွာလဲဆိုရင် GED က အမေရိကန်အထက်တန်းနဲ့ ညီမျှတဲ့ ပညာရေး ရှိ/မရှိ ဆိုတာကို စစ်ဆေးပေးတဲ့ လက်မှတ်တစ်ခု ဖြစ်ပါတယ်။ Singapore/Thai/USA  နိုင်ငံတွေအတွက် အထူးသင့်တော် ပါ တယ်။ GED သင်ပြီးရင် IGCSE သင်စရာ မလိုပါ။ Foundation မလွတ်ပါ ။ ACT-GAC ကတော့ Singapore/UK/Australia/USA (ဥပမာ State University of New York, Oswego) မှာ Foundation ကင်းလွတ်ပါတယ်။CROWN & RAI တွင် RAI Grade 12 GED တက်ရောက်ဖြေဆိုအောင်မြင်ပြီးပါက CROWN Education နဲ့ချိတ်ဆက်ထားသော တက္ကသိုလ် ကျောင်း (၂) ခု ၊ မချိတ်ဆက်ထားသော တက္ကသိုလ်ကျောင်း (၁) ခု၏ ဝင်ခွင့်နှင့် ဗီဇာကို အခမဲ့ ဆက်လက်လျှောက်ထားပေးမှာ ဖြစ်ပါတယ်။

နိုင်ငံတကာမှာ ထူးချွန်မှုအလိုက် စကောလာရှစ်နဲ့ ပညာသင်ယူချင်တယ်ဆိုရင်

ထိုင်း ၊ စင်္ကာပူ ၊ ဂျပန် ၊ အမေရိကန် နိုင်ငံတွေမှာ ပညာသင်ဆုနဲ့ လေ့လာလို့ရအောင် လေ့ကျင့်သင်ကြား ပေးပါတယ်။ ကျောင်းသူ ကျောင်းသားတွေဘက်ကတော့ ပညာသင်ဆုရအောင် အမှတ်တွေကောင်းအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးစားဖို့ လိုအပ်ပါတယ်။ 

CROWN EDUCATION – ROYAL ACADEMIC INSTITUTE ရဲ့ USA Grade 12  ပညာသင်ချိန် (၁၀)လ ၊ ACT စာမေးပွဲနဲ့ GED စာမေးပွဲအတွက် နောက်ထပ်(၈)လ အချိန်ပေးရပါမယ်။ USA Grade 12 GPA / ACT ရမှတ် ၊ GED ရမှတ်တွေနဲ့ ပညာသင်ဆုတွေ လျှောက်ထားပေးမှာ ဖြစ်ပါတယ်။ ကျောင်းသူ ကျောင်းသားတွေဘက်ကတော့ အမှတ်တွေကောင်းအောင် ကြိုးစားပေးဖို့ လိုပါတယ်။

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် တွေကိုမှ ပထမနှစ်တိုက်ရိုက်ဝင်ခွင့်နဲ့ တိုက်ရိုက်တက်ရောက်ချင်တယ်ဆိုရင်

မြန်မာဆယ်တန်း ဖြေပြီးသွားပြီး အမှတ်တွေ ကောင်းတယ်၊ IGCSE ဖြေပြီးသွားပြီး အမှတ်တွေ ကောင်းတယ်၊ Canada, Australia, New Zealand, UK, USA, Europe, Switzerland စတဲ့နိုင်ငံတွေမှာ Ranking ကောင်းတဲ့ တက္ကသိုလ်တွေ၊ Medical School တွေကို တက်ရောက်ပညာသင်ကြားလိုတယ်ဆိုရင်တော့ Canada အစိုးရက လက်မှတ်ချီးမြှင့်တဲ့ Canada Grade 12 Program ကို CROWN & RAI မှာ တက်ရောက် လေ့လာသင့်ပါတယ်။ IGCSE ပြီးဆုံးထားတဲ့သူတွေအနေနဲ့ GCE A Level ဆက်ဖြေမယ်ဆို အချိန်(၂)နှစ်ခန့် ပေးရပါတယ်။ OSSD Qualification (ကနေ ဒါ ၁၂ တန်း ) ကို GCE A Level နဲ့ အတူတူပဲ နို င်ငံတကာမှာ လက်ခံပါတယ်။ အချိန်(၁၀)လခန့်ပဲ ပေးရပါတယ်။ Canada Grade 12 ကို Academic Background သိပ်မကောင်း တဲ့ ကလေး တွေကိုတော့ အားတော့ အားမပေးပါ ။ စာလိုက်ရတာ အခက်အခဲရှိနိုင်ပါတယ်။CROWN & RAI မှာ Canada Grade 12တက်ရောက်ဖြေဆိုအောင်မြင်ပြီးပါက CROWN Education နဲ့ချိတ်ဆက်ထားသော တက္ကသိုလ်များဖြစ်စေ မချိတ်ဆက်ထားသော တက္ကသိုလ်ကျောင်း များကို အများဆုံး (၇) ကျောင်းထိ ကျောင်း + ဗီဇာ အခမဲ့ ဆက်လက်လျှောက်ထားပေးမှာ ဖြစ်ပါတယ်။

CROWN Education က ဘယ်နိုင်ငံတွေကို ဝန်ဆောင်မှုပေးပါသလဲ

  1. Singapore
  2. UK
  3. USA 
  4. Canada
  5. Australia
  6. Switzerland
  7. Hungary
  8. Japan 
  9. Thailand
  10. Malaysia
  11. Poland (CROWN-RAI တွင် Grade 12 တက်ရောက်အောင်မြင်ထားသည့် ကျောင်းသူ၊ကျောင်းသားများအတွက်)
  12. Czech Republic (CROWN-RAI တွင် Grade 12 တက်ရောက်အောင်မြင်ထားသည့် ကျောင်းသူ၊ကျောင်းသားများအတွက်)

နိုင်ငံတွေမှာ ကျောင်းတက်ဖို့ ဝန်ဆောင်မှုပေးပါတယ်။ 

CROWN Education နဲ့ ချိတ်ဆက်ပြီး နိုင်ငံခြားမှာ ကျောင်းသွားတက်ရင် ကုန်ကျစရိတ်ဘယ်လောက်ရှိနိုင်မလဲ

နိုင်ငံတကာပညာသင်ဖို့စဉ်းစားရာတွင်အဓိကအားဖြင့် မိဘများထောက်ပံ့ပေးနိုင်သည့်တစ်နှစ်စာကုန်ကျစရိတ်ပေါ်မူတည်ပြီး၊ တက္ကသိုလ် (၄)နှစ်သို့မဟုတ်(၅)နှစ်စာအတွက်စုစုပေါင်းခန့်မှန်းကုန်ကျစရိတ်တွေနဲ့တွက်ချက်စဉ်းစားနိုင်ပါတယ်။  ခန့်မှန်းကျောင်းလခအပါအဝင်နေထိုင်စားသောက်စရိတ်ခန့်မှန်းးကိုအောက်တွင်ဖော်ပြလိုက်ပါတယ်။

အချိန်ပိုင်းအလုပ်လုပ်ခွင့်ရှိတဲ့တိုင်းပြည်တွေဆိုကုန်ကျစရိတ်တွေဟာ လုပ်နိုင်သလောက်ထပ်သက်သာနိုင်ပါတယ်။

 

                      

1st Year

2nd Year

3rd Year

4th Year

TOTAL

အချိန်ပိုင်း

အလုပ်လုပ်ခွင့်

Thai (BATH)

305,000 – 540,000

305,000 – 540,000

305,000 – 540,000

305,000 – 540,000

1,220,000 – 2,160,000 

မရှိ

Singapore (SGD)

25,000 – 45,000

25,000 – 45,000

25,000 – 45,000

– 

75,000 – 135,000

မရှိ

USA (USD)

25,000 – 77,000 25,000 – 77,000 25,000 – 77,000 

25,000 – 77,000 

100,000 – 308,000 

ရှိသည်

UK (GBP)

23,000 – 38,000

23,000 – 38,000

23,000 – 38,000

23,000 – 38,000

92,000 – 152,000

ရှိသည်

Australia (AUD)

37,000 – 75,00037,000 – 75,000

37,000 – 75,000

37,000 – 75,000

148,000 – 300,000

ရှိသည်

Canada (CAD)

37,000 – 73,000 

37,000 – 73,000 

37,000 – 73,000 

37,000 – 73,000 

148,000 – 292,000 

ရှိသည်

Switzerland (CHF) 

27,350 – 36,500

27,350 – 36,500

27,350 – 36,500

27,350 – 36,500

109,400 – 146,000

ရှိသည်

Japan (JPY)

2,200,000 – 3,000,000

2,200,000 – 3,000,000

2,200,000 – 3,000,000

2,200,000 – 3,000,000

8,800,000 – 12,000,000

ရှိသည်

CROWN Education နဲ့ ချိတ်ဆက်မထားတဲ့ကျောင်းတွေကို လျှောက်ထားပေးပါလား

CROWN Education ရဲ့ သင်ကြားရေးစင်တာဖြစ်တဲ့ Royal Academic Institute မှာ တက်ရောက်တဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ OSSD, ACT-GAC, GED  ရမှတ်တွေအလိုက် သတ်မှတ်ထားတဲ့ အရေအတွက် အတိုင်း လျှောက်ထားပေးတဲ့ ဝန်ဆောင်မှု ရှိပါတယ်။ အပြင် ကျောင်းသားတွေကိုတော့ CROWN Education နဲ့ မချိတ်ဆက်ထားတဲ့ တက္ကသိုလ် လျှောက်ထားခြင်းများကိုတော့ ဝန်ဆောင်မှု မပေးနိုင်သေးပါ။ (CROWN – RAI တွင် OSSD Grade 12 Program ကို Royal Plan ဖြင့် ထူးချွန်စွာ တက်ရောက်ပြီးစီးသော ကျောင်းသူကျောင်းသားများကို Special Application Service  ဖြည့်စွက် လျှောက်ထားပေးပါတယ်။ 

CROWN ကို ဘယ်လို ဝန်ဆောင်ခ အခကြေးငွေတွေပေးဖို့လိုသလဲ

CROWN Education နဲ့ ချိတ်ဆက်ထားတဲ့ တက္ကသိုလ် ကောလိပ်တွေကို ကျောင်းလျှောက်တာ ဗီဇာ လျှောက်ပေးတာတွေ အစအဆုံး တာဝန်ယူ လုပ်ကိုင်ပေးပါတယ်။ အဲဒီ့အတွက် ဘယ်လိုဝန်ဆောင်မှု အခကြေးငွေတွေမှ တစုံတရာ ပေးဖို့ မလိုအပ်ပါဘူး။ ဗီဇာကြေးကို သက်ဆိုင်ရာ သံရုံးကို တိုက်ရိုက် ပေးသွင်းရပါတယ်။ ကျောင်းလခကိုလည်း သက်ဆိုင်ရာကျောင်းကို တိုက်ရိုက်ပေးသွင်း ရပါတယ်။ မပေးသွင်းတတ်လို့ အကူအညီတောင်းပါက CROWN Education က ကူညီဝန်ဆောင်မှု ပေးပါတယ်။