ACT - GAC Program

မပိုးမြတ်‌‌‌‌‌‌‌‌‌‌‌ဟေသာအနေနဲ့ Royal Academic Institute မှာ American Grade 12 Program ကို (၁) နှစ်တာ သင်ယူတက်ရောက်ခဲ့ပါတယ်။ သင်ယူအောင်မြင်ပြီးတဲ့အချိန်မှာတော့ CROWN Education မှတဆင့် ဆက်လက်ကျောင်းလျှောက်ထားမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ပိုလန်နိုင်ငံရှိ Wroclaw Medical University နှင့် အမေရိကန်ပြည်ထောင်စုရှိ De Anza College တွင်အသီးသီးကျောင်းဝင်ခွင့်ရရှိခဲ့ပြီး State University of New York, Oswego (SUNY Oswego) တွင် ပညာသင်ဆုနှင့်အတူ ပထမနှစ်သို့ တက်ရောက်ခွင့်ရရှိထားတာ ဖြစ်ပါတယ်။

မပိုးမြတ်‌‌ဟေသာ အနေနဲ့ American Grade 12 တက်ရောက်အောင်မြင်ပြီး ပိုလန်နိုင်ငံရှိ Wroclaw Medical University တွင် Medical ဘာသာရပ်ဖြင့် ဝင်ခွင့်ရရှိထားတဲ့ ပထမဆုံးသော ကျောင်းသူတစ်ဦး ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုရှိ SUNY Oswego တွင် Cognitive Science ဘာသာရပ်ဖြင့် စာသင်နှစ် တစ်နှစ် တာ ကင်းလွတ်ခွင့်အပြင် 50% SCHOLARSHIP + Transfer Achievement Scholarship $1,500 ချီးမြှင့်ပေးအပ်ခံရပါတယ်။ ဒ့ါအပြင် ကျောင်းသူလေးအနေနဲ့ အမေရိကန်နိုင်ငံရှိ De Anza College တွင် Biology/ Biological Science ဘာသာရပ်ဖြင့် ပထမနှစ် တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ မပိုးမြတ်ဟေသာအနေနဲ့ နိုင်ငံပေါင်း (၂) နိုင်ငံမှ စုစုပေါင်း ကျောင်း (၃) ကျောင်းတွင် ပထမနှစ်သို့ တက်ရောက်ခွင့်ရရှိခဲ့ပြီး ကျောင်း (၃) ကျောင်းအနက်မှ အမေရိကန်နိုင်ငံရှိ De Anza College ကို ရွေးချယ်ခဲ့ပြီး လက်ရှိမှာ Biology/ Biological Science ဘာသာရပ်ကို တက်ရောက် သင်ယူလျက်ရှိပါတယ်။

အခုလို ပိုလန်နိုင်ငံရှိ ဆေး‌ကျောင်းအပါအဝင် အမေရိကန်ပြည်ထောင်စုရှိ ကျောင်းများမှာ ပညာသင်ဆုနှင့်အတူ ကျောင်းဝင်ခွင့်ရရှိခဲ့တဲ့ ကျောင်းသူ မပိုးမြတ်‌‌ဟေသာအတွက် ရှေ့ဆက်ရမယ့် ပညာရေးအနာဂတ်ခရီးသာယာ ဖြောင့်ဖြူးစေဖို့ CROWN Education & Royal Academic Institute မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

American Grade 12 တက်ရောက်ပြင်ဆင်ခြင်းဖြင့်
-မြန်မာအစိုးရဆယ်တန်း (သို့မဟုတ်) IGCSE ဖြေဆိုအောင်မြင်ထားသည့် ကျောင်းသူ/သားများအနေဖြင့် အမေရိကန်၊ ယူကေ၊ သြစတြေးလျ၊ စင်ကာပူ နိုင်ငံရှိတက္ကသိုလ်များတွင် တက္ကသိုလ်ပထမနှစ်မှ စတင်တက်ရောက်နိုင်ခြင်း၊
-နိုင်ငံတကာရှိ တက္ကသိုလ်များတွင် Foundation တက်ရောက်ရန်မလိုအပ်တာကြောင့် အချိန်နှင့် ငွေကြေးကုန်ကျမှု သက်သာစေခြင်း၊
-အမေရိကန် ပြည်ထောင်စုရှိ တက္ကသိုလ်ကြီးများတွင် ဘာသာရပ်ကင်းလွတ်ခွင့်များ (Credit Transfer) နှင့်အတူ ဆက်လက်သင်ယူနိုင်ခြင်း၊
-ပညာသင်ဆုများနှင့် ကျောင်းဝင်ခွင့် လျှောက်ထားနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကိုရရှိနိုင်မှာဖြစ်ပါတယ်။

American Grade 12 Program ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ Royal Academic Institute Campus အသီးသီးတွင် In-Person အတန်းများဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ နီးစပ်ရာ Campus များတွင် သင်ယူတက်ရောက်နိုင်ပြီ ဖြစ်ပါသည်။

Book Appointment >