ACT - GAC Program

မြန်မာနိုင်ငံမှာ GAC Grade 12 Foundation Program ကိုတက်ရောက်သင်ယူခဲ့ပြီး စင်ကာပူနိုင်ငံရှိ James Cook University တွင် ပညာသင်ဆု ၅၀% ဖြင့် စာသင်နှစ်(၁)နှစ်စာ ကင်းလွတ်ကာ ဆက်လက်တက်ရောက်ခွင့်ရရှိခဲ့သော မောင်နမ်ဟောင်ကင်မ် အတွက် CROWN Education and Royal Academic Institute မိသားစုမှ အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်။

iGCSE ’O’ levelကို 6A*နဲ့အောင်မြင်ခဲ့ပြီး အမေရိကန် တက္ကသိုလ်တွေမှာ ပညာသင်ဖို့နဲ့ SAT,ACT ဖြေဖို့အတွက်ပါ စုံစမ်းရင်း American College Program(ACT-GAC Program)ကိုသိခဲ့ပါတယ်။ ပြည်ပပညာရေးမသွားခင် ပြည်တွင်းမှာ ACT-GAC Programကိုတစ်နှစ်တက်ရောက် ပြင်ဆင်ခဲ့ပါတယ်။ ACT-GAC Level 2ရောက်တဲ့အခါ Business ဘာသာရပ်ကိုအခြေခံကနေ စသင်ခဲ့ရတဲ့အပြင် အသစ်သစ်သော နိုင်ငံတကာစီးပွားရေးအကြောင်း တွေကို Case Studyအပြင် Strategyတွေကိုပါ သင်ခဲ့ရတဲ့ အတွက် Business Reportsနဲ့Plansတွေကို ကိုယ်တိုင်ရေးဆွဲ လုပ်ဆောင်နိုင်လာပါတယ်။

ACT-GACကိုတက်ခဲ့တဲ့တစ်နှစ်အတွင်း နိုင်ငံတကာတက္ကသိုလ်တွေမှာ မဖြစ်မနေဆောင်ရွက်ရတဲ့ Assignment, Assessment, Project, Report, Presentation စတာတွေအပြင် Time Managementကိုလည်းပိုင်ပိုင်နိုင်နိုင်လုပ်နိုင်လာသလို Plagiarismနဲ့ Referencingတွေကိုလည်း စနစ်တကျ လုပ်တတ်လာခဲ့ပါတယ်။

နောက်တစ်ခုက ACT-GAC Program မှာတက်တဲ့ တစ်နှစ်အတွင်း Businessဘာသာရပ်နဲ့ပတ်သက်တဲ့ Study Tourတွေ၊ Industrial Attachment တွေကိုလည်းလေ့လာခွင့်ရတဲ့ အတွက် တက္ကသိုလ်နဲ့ ဘာသာရပ် ရွေးချယ်မှုအပိုင်းမှာလည်း ကိုယ်ဝါသနာပါတာကို တိတိကျကျသိမြင်လာခဲ့ရပါတယ်။ American College Programကနေ ရလာတဲ့ GPAအမှတ်တွေနဲ့စင်ကာပူနိုင်ငံ James Cook University ဝင်ခွင့်ကို CROWN Educationကနေပဲ လျှောက်ထားခဲ့ပါတယ်။ အခုလို 50%ပညာသင်ဆုနဲ့ကျွန်တော်သင်ချင်တဲ့ ဘာသာရပ်ကို အကန့်အသတ် မရှိသင်ကြားခွင့်ရခဲ့တဲ့အတွက်American College Program က ဆရာ၊ဆရာမတွေနဲ့ CROWN Educationကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

GAC Program၏ အသေးစိတ်အချက်အလက်များနှင့် တက်ရောက်ပြီးစီးသည့်အခါ ဆက်လက်သင်ယူနိုင်သည့် နိုင်ငံတကာ တက္ကသိုလ်များ၊ လျှောက်ထားနိုင်သည့် ပညာသင်ဆုများအကြောင်းကို https://crown.edu.mm/gac/ လင့်ခ်မှတဆင့်လည်း ဝင်ရောက်လေ့လာနိုင်ပါသည်။

GACနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုသည်များကို CROWN Education and Royal Academic Institute ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 977 977 200 နှင့် 09 4455 66 701~2သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်သလို Zoom Video Conferenceဖြင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Book Appointment >