ACT - GAC Program

ကျွန်တော်က GAC Grade 12 program ရဲ့ Batch 19ကပါ။ အစိုးရကျောင်းကနေ international educational system ထဲ စပြီး ဝင်ရောက်လာတဲ့အခါမှာ challenges မျိုးစုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဆရာ ဆရာမတွေက အရမ်းကိုစေတနာကောင်း၊ဂရုစိုက်ပြီး supportive ဖြစ်တဲ့အတွက် challenges တွေရင်ဆိုင်တဲ့အခါမှာ အထောက်အကူတော်တော်ဖြစ်စေခဲ့ပါတယ်။ အတွေ့အကြုံတွေလည်းအများကြီးရရှိခဲ့ပါတယ်။

GAC မှာ levelတစ်ခုကို module 6 ခု အနည်းဆုံးယူရပါတယ်။ additional အနေနဲ့ ACT & IELTS training အတန်းတွေလည်းတက်ရပါတယ်။ ကျွန်တော်ကတော့ module ရွေးတဲ့အခါမှာ ကျွန်တော်စိတ်ဝင်စားတဲ့ Business နဲ့ Social Science တို့ကို မဖြစ်မနေပါအောင် ရွေးချယ်ခဲ့ပါတယ်။ GAC program မှာ ဘာသာရပ်တွေကို အခြေခံကစပြီး နှံ့နှံ့စပ်စပ်သင်ခဲ့ရပါတယ်။ ကျွန်တော်စိတ်ဝင်စားတဲ့ business နဲ့ social science အကြောင်းတွေကို ပိုပြီးလေ့လာခွင့်ရခဲ့ပါတယ်။

Computing ဆိုလည်း အရင်ကဘာမှသိပ်မသိပေမယ့် GAC program မှာ Word, Excel, PowerPoint, Access, Photoshop နဲ့ Html programming basics တို့ကိုကောင်းကောင်းမွန်မွန်သင်ယူခွင့်ရခဲ့ပါတယ်။ GAC journey တစ်လျှောက်မှာ assignment ပေါင်းများစွာ လုပ်ခဲ့ရပြီးတော့ college အတွက် အရေးကြီးတဲ့ report writing, essay writing, နဲ့ referencing တို့ကိုစနစ်တကျ လေ့ကျင့်ခဲ့ရပါတယ်။

ပြီးတော့ Plagiarism ကိုအထူးရှောင်ကြဉ်ဖို့ အရေးကြီးကြောင်း၊ Plagiarism ကို နိုင်ငံတကာမှာ serious academic misconduct အဖြစ် သတ်မှတ်ကြကြောင်းနဲ့ Plagiarism မဖြစ်အောင်ဘယ်လိုရှောင်ကြဉ်ရမလဲဆိုတာတွေကိုလည်း သေချာသိခဲ့ရပါတယ်။ ကောင်းမွန်ပြီးခိုင်လုံတဲ့ report တစ်စောင်ရေးတတ်အောင် သင်ကြားပေးခဲ့ပါတယ်။

ဒါ့အပြင် college နဲ့ university ရောက်ရင် လိုအပ်တဲ့ study skills, interpersonal skills, communication, critical reading and thinking, public speaking, debating စတဲ့ skills တွေကို လည်း သင်ကြားပေးခဲ့ပါတယ်။ အနှစ်ချုပ်ပြောရရင်တော့ GAC program မှာ ကျွန်တော့်အနေနဲ့ international education system အကြောင်းကိုလေ့လာခွင့်ရခဲ့တဲ့အပြင် GAC Programကနေ college-ready ဖြစ်အောင် တကယ်ကိုပြင်ဆင်ပေးလိုက်ပါတယ်။ ရှေ့ဆက်မယ့် Higher Education အတွက် ပြင်ဆင်ပြီးသားဖြစ်ရုံမက အခုလို 100% scholarship ရတဲ့အတွက်လည်း များစွာ ဝမ်းမြောက်ရပါတယ်”

Global Assessment Certificate (GAC, American Grade 12 Program) Batch -24 ကို 2021 Septemberလအတွင်း ဖွင့်လှစ်သင်ကြားပေးသွားတော့မှာဖြစ်ပြီး ကနေဒါ – ယူကေ – သြစတြေးလျ – စင်ကာပူနိုင်ငံတွင် Foundationပြန်တက်ရန်မလိုဘဲ တက္ကသိုလ်ပထမနှစ်မှ တက်ရောက်သင်ကြားခွင့်ရရှိမှာဖြစ်ပါတယ်။

GAC Program၏ အသေးစိတ်အချက်အလက်များနှင့် တက်ရောက်ပြီးစီးသည့်အခါ ဆက်လက်သင်ယူနိုင်သည့် နိုင်ငံတကာ တက္ကသိုလ်များ၊ လျှောက်ထားနိုင်သည့် ပညာသင်ဆုများအကြောင်းကို https://crown.edu.mm/gac/ လင့်ခ်မှတဆင့်လည်း ဝင်ရောက်လေ့လာနိုင်ပါသည်။

GACနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုသည်များကို CROWN Education and Royal Academic Institute ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 977 977 200 နှင့် 09 4455 66 701~2သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်သလို Zoom Video Conferenceဖြင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Book Appointment >