ACT - GAC Program

ညီမ ဆယ်တန်းပြီးတော့ နိုင်ငံခြားမသွားခင် CROWN မှာ GAC Grade 12 Programကို တက်ခဲ့ပါတယ်။ GAC တက်နေရင်းနဲ့ သိသိသာသာ တိုးတက်ပြောင်းလဲလာတာတွေ က Assessments Handling တွေ၊ Challenge တွေ၊ Time Management တွေ သေချာ လုပ်တတ်လာတယ်။ US က SUNY, Oswego ကို scholarship လျှောက်တော့လည်း Essay တွေ ရေးတင်ရတဲ့အခါ GAC က သေချာသင်ကြားပေးခဲ့တဲ့ research skills တွေ၊ academic writing တွေကြောင့် scholarship essay တစ်ပုဒ်ကို ကောင်းကောင်း create လုပ်နိုင်ခဲ့တဲ့အတွက် အခုလို (၅ဝ)% ပညာသင်ဆု ရရှိခဲ့တာပါ။

ဒီဘက်ကျောင်းရောက်တော့ GAC မှာ သင်ခဲ့ရတဲ့ plagiarism က တော်တော်အရေးကြီးပြီး အသုံးဝင်တယ်။ နောက် ဒီမှာ stress အရမ်းများတယ်။ GAC မှာ ဆရာ/ဆရာမတွေသာ သေချာ train မပေးခဲ့ဘူးဆိုရင် ဒီဘက်မှာ တစ်ချိန်လုံးတွေ့နေရတာ stress,  deadlines, exam, quizzes… ဆက်တိုက်တွေ၊ ဘယ်လိုမှ manage လုပ်နိုင်မှာ မဟုတ်ဘူး။ နောက် GAC မှာ အင်္ဂလိပ်စာကို သေချာသင်ယူခဲ့လို့သာ ဒီမှာ မတူညီတဲ့ နိုင်ငံဒေသအသီးသီးကသူတွေ၊ ဆရာတွေနဲ့ သေချာ communicate လုပ်လာနိုင်တယ်။

အရင်ကဆို လူတွေနဲ့ အပြန်အလှန်စကားပြောဖို့ဆိုတာ ညီမက တော်တော်အားနည်းတာ၊ အခုတော့ public speaking ကို မကြောက်တော့ဘူး။ GAC ပြီးခဲ့လို့လည်း တက္ကသိုလ်ပထမနှစ် တစ်နှစ်လုံး တက်စရာမလိုတော့ဘဲ ဒုတိယနှစ်ကစပြီး ချောချောမွေ့မွေ့တက်ရောက်နိုင်ခဲ့တဲ့အပြင် အခုလို (၅ဝ)% ပညာသင်ဆုကို စာသင်နှစ် (၃)နှစ်လုံးအတွက် ရခဲ့တာပါ။ GAC ကို ရွေးချယ်ခဲ့တဲ့ မှန်ကန်ခဲ့တဲ့အတွက်လည်း ကျေနပ်မိပါတယ်။

အဓိက အမေရိကားကို သွားမယ်လို့ကျောင်းတွေ စစဉ်းစားရင်းနဲ့ SUNY, Oswego ကို ရွေးဖြစ်သွားတဲ့အချက်တွေက –

(၁) ဒီမှာ GAC Foundation တက်ခဲ့တဲ့အတွက်ပထမစာသင်နှစ် တစ်နှစ်လုံးစာ ဘာသာရပ်ကင်းလွတ်ခွင့်(Credit 33ခုစာ) ရခဲ့ပြီး Sophomore Year (ဒုတိယနှစ်)ကို တိုက်ရိုက်တက်ရောက်ခွင့်ရတာ၊

(၂) တက္ကသိုလ်campus က safe ဖြစ်ပြီး ၂၄ နာရီ police access ရှိပြီး campus life အပြည့်အဝရှိတာ၊

(၃) နောက်ပြီး သူတို့ လုပ်ပေးထားတဲ့ research training တွေ Co-Op တွေကိုလည်း သဘောကျတဲ့အပြင် ညီမတက်ရောက်မယ့် Marketing ဘာသာရပ်အတွက်လည်း ranking မြင့်တာ၊

(၄) နောက်ဆုံးအချက်ကတော့ Public University ဖြစ်တဲ့အပြင် တက္ကသိုလ်(၃)နှစ်စာအတွက် ၅ဝ%ပညာသင်ဆုရရှိခဲ့တာကြောင့် SUNY Oswegoမှာတက်ဖို့ ရွေးချယ်ခဲ့ပါတယ်။

Khine Hsu Wai

SUNY Oswego

Bachelor of Science in Marketing

Global Assessment Certificate (ACT-GAC, Grade 12 Program) တက်ရောက်ပြင်ဆင်ခြင်းဖြင့် –

မြန်မာဆယ်တန်း စနစ်ဟောင်း (သို့မဟုတ်) iGCSE / Grade 11 ပြီးမြောက်ထားတဲ့  ကျောင်းသူ၊ကျောင်းသားများအနေဖြင့် GAC Grade 12 Program တက်ရောက်ထားပါက ကနေဒါ-ယူကေ-သြစတြေးလျ-စင်ကာပူနိုင်ငံရှိ တက္ကသိုလ်များတွင် Foundation ပြန်တက်ရန် မလိုအပ်ဘဲ တက္ကသိုလ်ပထမနှစ်မှ စတင်တက်ရောက်နိုင်ခြင်း၊

အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်ကြီးများတွင် ဘာသာရပ်ကင်းလွတ်ခွင့်နှင့်အတူ ပညာသင်ဆုများ လျှောက်ထားနိုင်သည့်အတွက် အချိန်နှင့်ငွေကြေးကုန်ကျမှု သက်သာစေနိုင်ခြင်း၊

Global Assessment Certificate (ACT-GAC, Grade 12 Program) ကို CROWN Education တွင် (၁)နှစ် တက်ရောက်ပြင်ဆင်ခြင်းဖြင့်  နိုင်ငံတကာရှိ  Rankingမြင့် တက္ကသိုလ်များတွင် အခက်အခဲမရှိ ဆက်လက်သင်ယူနိုင်ခြင်း၊

မြန်မာဆယ်တန်း(စနစ်ဟောင်း)နှင့် iGCSE resultများတွင် ရမှတ်လိုအပ်ချက်ရှိသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့်လည်း GAC Grade 12 Program တစ်နှစ်တက်ရောက် သင်ယူပြီး GPA ရမှတ်ကောင်းများရရှိအောင် ပြင်ဆင်ကာ နိုင်ငံတကာတွင် ပညာသင်ဆုများဖြင့် ဆက်လက်သင်ကြားနိုင်ခြင်း၊

ACT နှင့် IELTS ရမှတ်ကောင်းများရရှိအောင် သင်ကြားပေးနေပြီး  နိုင်ငံတကာ ဆယ့်နှစ်တန်းနှင့် ညီမျှသည့်အတွက် တက္ကသိုလ်ရွေးချယ်ရာတွင် အကန့်အသတ်မရှိဘဲ  စိတ်ကြိုက်လျှောက်ထားနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို  ရရှိနိုင်မှာဖြစ်ပါတယ်။

အခုလိုကာလမှာ သင်ကြားမှု၊  သင်ယူမှုတွေ ရပ်တန့်မနေစေဖို့  GAC-Grade 12 Program သင်ယူလိုတဲ့ ကျောင်းသားတွေအနေနဲ့ မြန်မာဆယ်တန်း(သို့) iGCSE စာမေးပွဲ အောင်စာရင်းများ၊ အမှတ်စာရင်းများ မရှိထားသော်လည်း ဝင်ခွင့်စာမေးပွဲကို ကြိုတင်လာရောက် ဖြေဆိုထားနိုင်ပါတယ်။

ကလေးရဲ့ ဝါသနာနဲ့ အားသာချက် / အားနည်းချက်ပေါ် မူတည်ပြီး ဆက်လက်တက်ရောက်ရမယ့် နိုင်ငံနဲ့ ဘာသာရပ်ကို မိဘများနဲ့အတူ အသေးစိတ် တိုင်ပင်ဆွေးနွေး ပေးသွားမှာဖြစ်ပါတယ်။

 နိုင်ငံတကာသို့ သွားရောက်သင်ကြားမည့် ကျောင်းသူ၊ ကျောင်းသားများ စနစ်တကျ ပြင်ဆင်စောင့်ဆိုင်းရင်း တိကျသေချာသော ပညာရေးလမ်းကြောင်း ရွေးချယ်ခြင်း၊  ဘာသာရပ်ရွေးချယ်ခြင်း၊ Scholarship အတွက် ပြင်ဆင်ခြင်းများ ပြုလုပ်ချင်တယ် ဆိုရင် GAC Grade 12 program မှာ တစ်နှစ်အတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချ ပြင်ဆင်နိုင်ပါပြီ။

2022 အတွက် အသစ်ဖွင့်လှစ်မည့် GAC Grade 12 programနှင့်ပတ်သက်၍ https://crown.edu.mm/gac/ လင့်ခ်တွင် အသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်သလို CROWN Education & Royal Academic Institute ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 88-111-08-11, 09 88-111-01-22, 09 88-111-01-33, 09 88-111-01-44 သို့လည်း Monday – Saturday ရုံးချိန် (9am-4pm) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Book Appointment >