Scholarships & News

ထိုင်းနိုင်ငံရှိ Bangkok University တွင် Bachelor of Business Administration ပရိုဂရမ်ကို Global Bright Scholarship 50% နှင့် တက်ရောက်သင်ကြားခွင့်ရရှိသည့် မောင်ကျော်စိုးဝင်းအတွက် CROWN Education မိသားစုမှ အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါသည်။

ထိုင်းနိုင်ငံပညာရေးကို စိတ်ဝင်စားတဲ့ ကျောင်းသူ၊သားတွေအတွက် Bangkok University မှာ ဘယ်လို Bachelor Degree Programတွေရှိလဲ။
Bangkok Universityမှာ နိုင်ငံတကာကျောင်းသူ၊သားတွေအတွက် –
-Communication Strategy and Ideation,
-Culinary Arts and Design,
-Digital Media and Design
-Entrepreneurship,
-Innovative Media Production,
-International Tourism and Hospitality Management,
-Marketing ဘာသာရပ်တွေကို English ဘာသာစကားနဲ့ တက်ရောက်သင်ယူနိုင်ပါတယ်။

Bangkok Universityမှာ ကျောင်းဝင်ခွင့်ရဖို့ ဘာတွေလိုအပ်လဲ။ တစ်နှစ်စာ စာသင်စရိတ်အနေနဲ့ ဘယ်လောက်ကုန်ကျမလဲ။

မြန်မာဆယ်တန်း/GED တက်ရောက်ဖြေဆို အောင်မြင်ထားတဲ့ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ တက္ကသိုလ်ပထမနှစ်ကို တိုက်ရိုက်တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။ Bangkok University (BU) မှာ တက်ရောက်သင်ကြားနိုင်တဲ့ Bachelor, Master ပရိုဂရမ်တွေအတွက် ကျောင်းလခအနေနဲ့ စာသင်နှစ်တစ်နှစ်လုံးကိုမှ USD 3500 ကနေ USD 4000 ဝန်းကျင်အထိ ကုန်ကျမှုရှိမှာဖြစ်ပါတယ်။ ဒီအတွက် ထိုင်းနိုင်ငံမှာ စာသင်ကုန်ကျစရိတ်အသက်သာဆုံးနဲ့ နိုင်ငံတကာအသိအမှတ်ပြုဘွဲ့ ရချင်တဲ့ မြန်မာကျောင်းသူ၊သားတွေအနေနဲ့ Global Bright Scholarship လျှောက်ထားပြီး အကြောင်းကြောင်းကြောင့် မရရှိခဲ့ရင်လည်း စိတ်မပူဖို့ပြောပါရစေ။

Global Bright Scholarships (100%, 50%)နဲ့ ဘယ်လိုပရိုဂရမ်တွေကိုလျှောက်ထားနိုင်မလဲ။
-Bachelor of Business Administration in Marketing,
-Bachelor of Arts in Digital Media and Design,
-Bachelor of Communication Arts in Innovative Media Production,
-Bachelor of Arts in International Tourism and Hospitality Management ပရိုဂရမ်တွေကို Bangkok Universityကပေးအပ်ချီးမြှင့်တဲ့ Global Bright Scholarships 100%, 50%ပညာသင်ဆုနဲ့ လျှောက်ထားသင်ယူနိုင်ပါတယ်။

“Global Bright Scholarship” လျှောက်ထားဖို့ ဘာတွေပြင်ဆင်ထားရမလဲ။
Bangkok University ရှိ အဆိုပါ ပညာသင်ဆုလျှောက်ထားလိုသူများအနေဖြင့် –
၁။ ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ (အမှတ်စာရင်း၊ အောင်လက်မှတ်)၊
၂။ အင်္ဂလိပ်စာအရည်အချင်း အထောက်အထား (IELTS Individual Band Score – 5.5 သို့မဟုတ် IELTS မရှိထားသူများအနေဖြင့် Bangkok University Placement Test ဖြေဆိုလျှောက်ထားနိုင်ပါသည်)၊
၃။ Passport မူရင်း၊
၄။ မိမိ သက်ဆိုင်ရာကျောင်းမှ Principal ၏ Recommendation Letter၊
၅။ Bangkok University Application Form
၆။ မိမိကိုယ်တိုင်ဖန်တီးထားသည့် Portfolio (သို့) Personal Statement တို့ဖြင့် CROWN Education Yangon သို့မဟုတ် CROWN Education Mandalay Office များသို့ ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

Bangkok University (BU)တွင် 2023 ကျောင်းဝင်ခွင့်များအလိုက် လျှောက်ထားနိုင်တဲ့ Bachelor, Master Degree Program များအကြောင်း၊ Global Bright Scholarships နှင့် ကျောင်းဝင်ခွင့်ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိလိုပါက – CROWN Education၏ ရုံးဖုန်းနံပါတ်များဖြစ်သည့် +95(9)250-023-288, 09 450-200-060 သို့ Monday – Saturday ရုံးချိန် (9am-4pm) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Book Appointment >